Amazing

အမေဖြစ်သူကို သဲကန္တာရမှာကားလှည့်ကွက်တစ်ခုဖြင့် လှည့်စားလိုက်ပေမဲ့ သူမက သူ့ထက်ပိုလူလည်ကျနေခဲ့လို့ ပြန်ခံလိုက်ရတဲ့ YouTuber တစ်ဦး(ရုပ်သံ)

သူ့ရဲ့နောက်ပြောင်တတ်တဲ့ဗီဒီယိုများနှင့်နာမည်ကြီးလူသိများတဲ့ ရုရှား-အမေရိကန် YouTuber တစ်ဦးဖြစ်တဲ့ Vitaly Zdorovetskiy ဟာ ဒူဘိုင်းမြို့ရဲ့သဲကန္တာရအလယ်၌ သူ့ရဲ့မိခင်အား နောက်ပြောင်တဲ့အစီအစဉ်တစ်ခုကိုပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပါတယ်။သို့ပေမဲ့ မိခင်ဖြစ်သူက သူ့ထက် ခြေနှစ်လှမ်းပိုပြီး သူ့ထက်လူလည်ကျတယ်ဆိုတာကို Vitaly မသိခဲ့ပါဘူး။၎င်းဗီဒီယိုမှာ အရှေ့အလယ်ပိုင်းရဲ့ရိုးရာအဖြူရောင်ဝတ်ရုံ နှင့် keffiyeh ဟုခေါ်တဲ့အနီရောင်ခေါင်းဝတ်ကိုဝတ်ဆင်ထားတဲ့ Vitaly ဟာ ၎င်းတို့ ဒူဘိုင်းမြို့မှာရှိနေစဉ်အတွင်း အလွန်စိတ်လှုပ်ရှားစရာကောင်းတဲ့ကားစီးခြင်းဖြင့် သူ့ရဲ့မိခင်အား တစ်နေရာရာမှာ ညစာသွားစားရန် ခေါ်ဆောင်သွားခဲ့ပါတယ်။

ထို့နောက် သဲကန္တာရတွင် ညစာကောင်းကောင်းစားရတော့မှာကိုတွေးရင်းစိတ်လှုပ်ရှားနေပုံရတဲ့မိခင်ဖြစ်သူဟာ သူမရဲ့အစသန်လွန်းတဲ့သားဖြစ်သူက ကားစီးနေစဉ်အတွင်း သူမအား နောက်ပြောင်မှုအနည်းငယ်ကိုပြုလုပ်တော့မှာကိုလည်း သတိမထားမိခဲ့ပါဘူး။

ထို့နောက် ၎င်းတို့ရဲ့ SUV ကားကို သဲကန္တာရထဲသို့ မောင်းဝင်လာခဲ့ပြီး ခဏအကြာမှာတော့ ကားဒရိုင်ဘာက အဝိုင်းပတ်လမ်းကို ကွေ့မောင်းနေရင်း ကားလမ်းလျှောသလိုလိုနဲ့ ရုတ်တရက် ကားရဲ့ညာဘက်ဘီးနှစ်ဘီးကို လေထဲသို့မတင်ပြီး မောင်းပြပါတော့တယ်။

.

တစ်ကယ်တော့ အဆိုပါကားဒါရိုက်ဘာဟာ နောက်ပြောင်မှုနောက်ကွယ်ရှိ လေ့ကျင့်ထားတဲ့ ကားစတန့်သမားတစ်ဦးသာဖြစ်ပါတယ်။ကားက အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့အနေအထားဖြင့် သဲကန္တာရကို ဖြတ်သန်းနေစဉ်မှာ Vitaly ရဲ့မိခင်ကလည်း မထင်မှတ်ဘဲအံ့ဩထိတ်လန့်နေခဲ့တာကို ဗီဒီယိုအရ တွေ့နိုင်ပါတယ်။တစ်ချိန်တည်းမှာပင် အစသန်လွန်းတဲ့သားဖြစ်သူဟာ ကားနောက်ခန်းမှာထိုင်ရင်း မိခင်ဖြစ်သူရဲ့အံ့အားသင့်ဖွယ်တုံ့ပြန်မှုကို ခံစားရင်း အပျော်လွန်နေခဲ့ပါတယ်။

.

သို့ပေမဲ့ မိခင်ဖြစ်သူက ရုတ်တရက် မေ့မြောသွားခဲ့တာကြောင့် သူ့ရဲ့ပျော်ရွှင်မှုဟာ ကြာကြာမခံခဲ့ရပါဘူး။မိခင်ဖြစ်သူက မေ့မြောသွားတဲ့ခဲ့ပြီးနောက် အထူးသဖြင့် Vitaly က သူ့ရဲ့မိခင်အား အော်ခေါ်နေခဲ့တာကိုမြင်လိုက်ရတဲ့အခါ ကားဒါရိုက်ဘာအပါအဝင် ကားပေါ်ပါလာသူအားလုံးက စတင်ထိတ်လန့်စပြုလာခဲ့ပါတယ်။ထို့နောက် ကားအား လမ်းဘေးတစ်နေရာမှာ ရပ်ပြီး ဒါရိုက်ဘာက Vitaly ရဲ့မိခင်ရဲ့မျက်နှာကို ရေအနည်းငယ်ဖြင့် ပက်ဖျန်းပေးဖို့ကြိုးစားနေရင်းနဲ့ အမေဖြစ်သူဟာ သူမရဲ့မျက်လုံးကိုဖွင့်ပြီး အားလုံးကို စပရိုက်ပြန်လုပ်ပေးခဲ့ပါတယ်။

၎င်းဖြစ်ရပ်မှာ အပြစ်ကြီးသလိုခံစားနေရတဲ့ကားဒါရိုက်ဘာကလည်း သူမရဲ့စပရိုက်ကြောင့် လန့်လည်းလန့်ရင်း ပျော်လည်း ပျော်နေခဲ့ရပါတော့တယ်။သားက အနောက်သန်ရုံသာမက အမေကပါ ထပ်နောက်လိုက်တော့ ကားပေါ်ပါလာတဲ့သူတွေကတော့ အတော်လေးလန့်သွားခဲ့ကြမှာဘဲဗျာ။

Mia (Mckzone Daily)

Source : gtgoodtimes

Leave a Comment