သကြားလုံးလေးနဲ့တူတဲ့ အမောက်လှလှလေးနှင့် ငှက်
မင်္ဂလာပါ။One Daily Pageမှ ကြိုဆိုလိုက်ပါတယ်။Major Mitchell’s Cockatoo ကတော့ ကျက်သရေရှိတဲ့ ငှက်တစ်မျိုးဖြစ်ပါတယ်။ သူ့ရဲ့ထင်ရှားတဲ့ အစိတ်အပိုင်းကတော့ သကြားလုံးလေးတွေနဲ့ တူတဲ့ သူတို့ရဲ့အမောက်ကြောင့်ပဲ ဖြစ်ပါတယ်။
ဒီတစ်ခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျကနေ ပြောင်းဖူးချိုချဉ်လေးနဲ့တူတဲ့ အမောက်တွေပါတဲ့ ငှက်အကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဒီလှပတဲ့ အကောင်လေးကိုတော့ 1800 ခုနှစ် ဩစတေးလျ အရှေ့တောင်ဘက် စူးစမ်းလေ့လာသူ ဗိုလ်မှူး သောမတ်စ်မစ်ချယ် က Major Sir Thomas Mitchell လို့ အမည်ပေးခဲ့တာ ဖြစ်ပါတယ်။ ပန်းရောင် ကတ္တဝါကတော့ သူ့ရဲ့ အခြားနာမည် ဖြစ်ပါတယ်။ နူးညံ့တဲ့ အဖြူရောင်နှင့် ဆော်လမွန်-ပန်းရောင် အမွေးေတွ ရှိတဲ့အတွက်ကြောင့် ဒီနာမည်နဲ့ လိုက်ဖက်လွန်းလှပါတယ်။
အထီးနဲ့ အမကြားမှာ ကွာခြားချက် အနည်းငယ်ရှိပါတယ်။ အထီးတွေက အညိုရင့်ရောင်မျက်လုံးများရှိပြီး အမေတွမှာေတာ့ ပန်းရောင် ဒါမှမဟုတ် အနီရောင်မျက်လုံးရှိပါတယ်။
Major Mitchell’s cockatoos ကတော့ သြစတြေးလျမျိုးရင်း ဖြစ်ပါတယ်။ ရေရင်းမြစ်ေတွ ပေါများတဲ့ တောအုပ်၊ ဆာဗားနားနှင့် သစ်တော မြက်ခင်းပြင်တွေမှာ အများအားဖြင့် တွေ့ရပါတယ်။
ကျက်သရေရှိတဲ့ ဒီငှက်ေလးေတွက အမြင့်ကြီး မပျံသန်းကြပါဘူး။ နောက်ပြီး ဆက်တိုက်ပျံသန်းလေ့မရှိဘဲ မပျံခင်မှာ အနားယူလေ့ရှိပါတယ်။
ဒီကောင်လေးတွေရဲ့ အဓိက အစားအစာကေတာ့ ဖရဲစေ့ ၊ ထင်းရှူးမျိုးစိတ်တွေရဲ့ အစေ့ေတွ ဖြစ်ပါတယ်။ ဒါ့အပြင် စွန့်ပစ်သီးနှံစေ့ ၊ ပေါင်းပင်မျိုးစိတ်ပေါင်းများစွာရဲ့ အစေ့နှင့် အကိုင်းအခက်တွေက အင်းဆက်ပိုးကောင်ေတွကိုလည်း စားသုံးကြပါတယ်။
မိတ်လိုက်ရာသီကတော့ သြဂုတ်လမှ အောက်တိုဘာလအတွင်း ဖြစ်ပါတယ်။ အထီးတွေက ငှက်အမတွေကို ဆွဲဆောင်ဖို့ ကပြတဲ့ “အက” ရှိပါတယ်။ အကိုင်းအခက်ေတွတစ်လျှောက် ခေါင်းကို တဆတ်ဆတ် တဆတ်ဆတ် ခတ်ရင်း အကိုင်းအခက်တွေကို ဖြတ်ကြပါတယ်။
အဖော် ရှာပြီးတဲ့နောက်မှာ ၊ မိတ်လိုက်မယ့် စုံတွဲတွေက အခြားအတွဲတွေဆီကနေ တစ်ကီလိုမီတာ ဒါမှမဟုတ် အဲ့ထက်ပိုတဲ့ ကိုယ်ပိုင်အသိုက်ကို တည်ဆောက်ကြပါတယ် ။ ဥေတွက ၂၃ ရက်မှ ၃၀ ရက်အတွင်း သားပေါက်ကြပါတယ်။
ဖော်ပြပေးခဲ့တဲ့အကြောင်းအရာလေးကို သဘောကျနှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်
Sources Aubtu.biz
Written One Daily Media