Fri. May 27th, 2022
ကလေးတွေ အငိုမရပ်တဲ့အခါမှာ ဘယ်လိုလုပ်ကြမလဲ
မင်္ဂလာပါ။One Daily Pageမှ ကြိုဆိုလိုက်ပါတယ်။အနှိပ်ခံပြီးဇိမ်ယူရတာကို မကြိုက်တဲ့သူဘယ်ရှိမလဲနော်။။ ကလေးငယ်တွေကိုလည်း 6 ပတ်က စပြီး နှိပ်နယ်ပေးလို့ရပါပြီ။ ကလေးငယ်တွေကို နှိပ်ပေးတာက အိပ်ပျော်စေရုံသာမက အချို့ပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။
ယခုအခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျကနေ ကလေးငယ်လေးတွေကို ဘယ်လိုနှိပ်နယ်ပေးကြမလဲဆိုတဲ့ အကြောင်းအရာကို ဆွေးနွေးပေးသွားပါမယ်။
(၁) Hand massage
အသက် 2 နှစ်အောက် ကလေးအတွက် အကြိမ်ရေ 100 မှ 200အထိ ၊ အသက် 2နှစ်မှ 5 နှစ်ထိ ကလေးများအတွက် အကြိမ်ရေ200 မှ 300 အထိ ၊ အသက် 6နှစ်မှ 12 နှစ်ထိ ကလေးများအတွက် အကြိမ်ရေ 400 မှ 500 အထိ ပုံမှာ ပြထားတဲ့အတိုင်း လက်‌ေလး‌ေတွကို နှိပ်နယ်ပေးနိုင်ပါတယ်။ ပြထားတဲ့ တစ်ရောင်ချင်းစီက မတူညီတဲ့ ကျန်းမာရေး ပြဿနာတွေကို ရည်ရွယ်ပါတယ် ။
အစိမ်းရောင်—မျက်လုံးအတွက်
အပြာ—အဖျားအတွက်
အဝါရောင် — ချောင်းဆိုးခြင်းနှင့် အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းအတွက်
အနီရောင် — သွားများ သန်မာစေရန်အတွက်
လိမ္မော်ရောင်—အော့အန်ခြင်းနှင့် ကြို့ထိုးခြင်းအတွက်
ခရမ်းရောင် — ချောင်းဆိုးခြင်းနှင့် အစာအိမ်ပြဿနာများအတွက် ဖြစ်ပါတယ်။
(၂) Foot massage
ပုံထဲမှာ မတူတဲ့ အပိုင်းတွေနှင့် အစက်‌ေတွကို မြင်တွေ့ရမှာပါ။ အဲဒီ မတူတဲ့ အရောင်လေးတွေရဲ့ အဓိပ္ပါယ်ကတော့
အပြာစက်များ— နှာစေးနှာပိတ်
လိမ္မော်ရောင်အစက်—အရှိုက်
အဝါရောင်—ရင်ဘတ်
ခရမ်းရောင်— ဝမ်းဗိုက်အပေါ်ပိုင်း
ပန်းရောင် – ဝမ်းဗိုက်အောက်ပိုင်း
အစိမ်းဖျော့— တင်ပါးဆုံရိုး
စိမ်းပြာရောင် (ခြေဖနောင့်အဆုံး)— မိခင်မြေဧရိယာ (မြေပြင် ခံစားချက်၊ ဘေးကင်းမှု၊ သက်တောင့်သက်သာနှင့် အပန်းဖြေမှု)
အရေပြားအရောင် (ခြေချောင်းများ) — ဦးခေါင်းနှင့် သွားများအတွက် ဖြစ်ပါတယ်။
(၃) ခြေဖဝါး message
ပြထားတဲ့ မျှားလေးအတိုင်း နှိပ်နယ်နိုင်ပါတယ်။ သင့်လက်ညှိုးကို  ညင်သာစွာ တို့ထိခြင်းဖြင့် ခြေဖနောင့်က‌ေန ခြေမချောင်းအထိ လျှောခနဲ လှုပ်ရှားလိုက်ပါ။တကယ်လို့ ကလေးက ကြောက်နေမယ်ဆိုရင်တော့ နှိပ်နေတာကို ရပ်လိုက်ပါ။
(၄) ခြေမ message
ဒီနည်းလမ်းက ရိုးရှင်းပေမယ့်လည်း ဖိအားကို သတိထားသင့်ပါတယ်။ အလွန်နူးညံ့ရပါမယ်။ ကလေးရဲ့ ခြေမနှစ်ဖက်လုံးကို လက်မ ၊ လက်ညှိုးဖြင့် ကိုင်ထားပါ။ အဲဒီနောက်မှာ အဆစ်ကို ဖြေလျှော့ပြီး ခြေချောင်းနှင့် စက်ဝိုင်းပုံစံငယ် ပြုလုပ်ပါ။
(၅) မျက်နှာ message
ကလေးရဲ့မျက်နှာကို ညင်သာစွာနှိပ်နယ်ဖို့ သင့်လက်ချောင်းကို အသုံးပြုပါ။ ကလေးငယ်ရဲ့ နဖူးအလယ်က‌ေန ပါးပြင်တစ်လျှောက် ပွတ်ဆွဲပြီး ပါးစပ်တစ်ဝိုက်မှာ အဆုံးသတ်လိုက်ပါ။ ခေါင်းလျှော်သလိုမျိုး စက်ဝိုင်းသေးသေးလေးတွေနဲ့ ဦးရေပြားကို နှိပ်နယ်ပေးနိုင်ပါတယ်။
(၆) ရင်ဘတ်message
ခန္ဓာကိုယ်အပေါ်ပိုင်းက‌ေန စတင်နှိပ်နယ်ပါ။ ကလေးရဲ့ ပခုံးပေါ် ကနေပြီးမှ ပုံမှာပြထားတဲ့အတိုင်း ရင်ဘတ်ဆီသို့ ညင်သာစွာ ပုတ်ပေးပါ။ သင့်ကလေး ကြိုက်မကြိုက်ကိုတော့ တစ်ချက်ဂရုစိုက်ပါ။
(၇) ဗိုက် message
အရင်ဆုံး သင့်ကလေးရဲ့ ဗိုက်ကို စစ်ဆေးဖို့ လိုအပ်ပါတယ်။ ပျော့နေမယ်ဆိုရင်တော့ ပြဿနာမရှိပေမယ့် ဗိုက်အောင့်‌ေနတာ ဒါမှ မဟုတ် အခြားပြဿနာရှိနေမယ်ဆိုရင်တော့ မနှိပ်ပါနဲ့ ။ပုံမှာပြထားတဲ့ အတိုင်း စက်ဝိုင်းပုံ၊ လက်ယာရစ် နှိပ်နယ်ပေးပါ။ ချက်နေရာကို ရှောင်ကြဉ်ပြီး ကလေးရဲ့ နို့သီးခေါင်းနှင့် ဗိုက်ကြားရှိနေရာကို ဖိအားမပေးပါနှင့် ။
(၈) ခြေထောက် message
ပုံမှာပြထားတဲ့အတိုင်း ကလေးရဲ့ ခြေထောက်ကို ရှည်လျားညင်သာစွာ နှိပ်နယ်ပေးပါ။ ခြေကျင်းဝတ်မှ ပေါင်နှင့် တင်ပါးအထက်အထိ နှိပ်နယ်ပေးပါ။ လိင်အင်္ဂါနေရာကို‌ေတာ့ ရှောင်ပါ။
ကလေးဆီသုံးပြီး နွေးထွေးတဲ့ အခန်းမှာ နှိပ်နယ်ပေးဖို့‌ေတာ့ မမေ့ပါနှင့်။
ဖော်ပြပေးခဲ့တဲ့အကြောင်းအရာလေးကို သဘောကျနှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်
Sources  Brightside
Written One Daily Media
Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ Source 
‌ဒါကြောင့်
One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။
zawgyi
(၁) Hand massage
အပြာ—အဖျားအတွက်
(၂) Foot massage
အဝါရောင်—ရင်ဘတ်
(၃) ခြေဖဝါး message
(၄) ခြေမ message
(၅) မျက်နှာ message
(၆) ရင်ဘတ်message
(၇) ဗိုက် message
(၈) ခြေထောက် message
ကလေးဆီသုံးပြီး နွေးထွေးတဲ့ အခန်းမှာ နှိပ်နယ်ပေးဖို့‌တော့ မမေ့ပါနှင့်။
https://brigh…
Leave a Reply
Your email address will not be published.