Uncategorized

မထင်ရလောက်အောင်လှနေတဲ့ ၁၉ နှစ်အရွယ်သားတစ်ယောက် အမေရဲ့အလှ

အိန္ဒိယနိုင်ငံမှ Arunima Dutta လို့ခေါ်တဲ့ အမျိုးသမီးဟာ အသက် ၁၉ နှစ်အရွယ်သားတစ်ယောက်ရဲ့မိခင်ဖြစ်တယ်ဆိုတာကို သင်ယုံကြည်နိုင်ဖို့ခက်ခဲပါလိမ့်မယ်။ သူမဟာဘယ်အချိန်က ဇနီးတစ်ယောက် မိခင်တစ်ယောက်ဖြစ်ခဲ့လဲဆိုတော့ သူမအသက် ၁၈နှစ်မှာအိမ်ထောင်ကျပြီး အသက် ၁၉ နှစ်အရွယ်မှာ သားလေးတစ်ယောက်မွေးဖွါးခဲ့ပါတယ်၊သူမဟာလက်ရှိမှာအသက် ၃၉ နှစ်အရွယ်ရှိနေပြီဖြစ်ပေမဲ့ အပျိုမလေးတစ်ယောက်လိုလှပနေဆဲဖြစ်ပါတယ်၊ သူမရဲ့ အလှဓါတ်ပုံများကိုဖေါ်ပြပေးလိုက်ပါတယ်။

သူမဟာ အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်ပြီး Guwahati တွင်မွေးဖွားခဲ့ပြီး Miss India World တွင်ပါဝင်ခဲ့ဖူးသူဖြစ်ကာ သူမခင်ပွန်း၏အမည်မှာ Dipankar Dutta ဖြစ်ကာ သူအသက် ၁၈နှစ်အရွယ်မှာလက်ထပ်ခဲ့ပါတယ်။

သတင်းအချက်အလက်များအရ သူမလက်ထပ်သည့်ပထမနှစ်တွင် သားတစ်ယောက်မွေးဖွားခဲ့ပါတယ်၊ သူမဟာ အင်္ဂလိပ်စာပေနှင့်ဘွဲ့ရရှိခဲ့ပြီး စာပေများရေးသားခြင်းကိုနှစ်သက်ပါတယ်။

သူမဟာ ကိုယ်ပိုင် ဘလော့ဂ်များကိုရေးပြီး ယောဂစတူဒီယိုတစ်ခုခဲဖွင့်လှစ်ထားပါတယ်။ ဂီတကိုလဲနှစ်သက်ပြီးထိတ်လန့်စရာဇာတ်ကားများကို တော့လုံးဝမကြိုက်ပါဘူးတဲ့။အားကစားမှာတော့ တင်းနစ်အားကစားကိုနှစ်သက်ပြီး Roger Federer နှင့် Rafael Nadal တို့သည် Arunima ၏အကြိုက်ဆုံး အားကစားသမားများဖြစ်ကြပါတယ်။

Arunima ၏ခင်ပွန်းနှင့်သူ့မိသားစုသည် အမြဲတမ်းရှေ့ဆက်ပြီးသူမ၏အိပ်မက်များကို အကောင်အထည်ဖော်ရန် သူမကိုအားပေးအားမြှောက်ပြုကြပါသည်Arunima ကသူမရဲ့နုပျိုမှုဟာ ယောဂကျင့်စဉ်တွေကြောင့်လိုဆိုပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာနာမည်ကျော်နေတဲ့ သူမကို လူအများက အသက် ၂၀ အရွယ်သာရှိလိမ့်ဦးမယ်လို့ အမျိုးမျိုးထင်ကြေးပေးနေကြပေမဲ့ သူမဟာ အသက် ၃၉ နှစ်အရွယ် သားတစ်ယောက်အမေသာဖြစ်ကြောင်း အခိုင်အမာဆိုထားကြပါတယ်။

Zawgyi


 

 


 

 


 

 


 

 


 

 

 


 

Leave a Comment