Love

သွေးအမျိုးအစားကနေ သိနိုင်တဲ့ ဘဝနဲ့အချစ်ရေး

A သွေး ပိုင်ရှင်များ

စိတ်လှုပ်ရှားလွယ် ၊ စိတ်ထိခိုက် လွယ်သူများ ဖြစ်ကြပြီး ဝေဖန်မှုကို ခံနိုင်ရည်လည်း အားနည်း ကြပါသည် ။ အချစ်ရေးနှင့် ပတ်သတ်ရင် အချစ်ကြီးတတ် သူများ ဖြစ်ကြပါသည် ။ တစ်ဦးကို တစ်ဦး စွဲစွဲလမ်းလမ်း ဖြစ်တတ်ကြပြီး ချစ်သူနှင့် ခွဲခွာခဲ့ ရတဲ့အခါ အခြားသူများထက် ပို၍ ခံစားရ တတ်ပါသည် ။

AB သွေး ပိုင်ရှင်များ

ဖြစ်လာသမျ အရာရာကို မျှမျှတတ ဝေဖန်ပိုင်းခြား ဆင်ခြင်တတ်ကြပြီး မိမိ သဘောဆန္ဒ သက်သက်ကို မကြည့်ပဲ အများရဲ့ ဆန္ဒကို ဆောင်ရွက် တတ်ကြသည် ။ အချစ်ရေးနှင့် ပတ်သတ်ပြီး စိတ်ကူးယဉ် အိပ်မက် မက်လွန်းသူများ ဖြစ်ကြသည် ။ အခြေအနေ အမှန်နှင့် ကင်းကွာ တတ်ကြပါသည် ။ ဘဝပေး အခြေအနေ အချိန်အခါ ပတ်ဝန်းကျင်အရ ကွာခြား တတ်သည်သာ ခြားနားပါသည် ။

B သွေး ပိုင်ရှင်များ

ကိုယ်နေတတ်သလို စိတ်ချမ်းသာသလို နေထိုင် ပြုမူတတ်ပါသည် ။ အချုပ် အချယ် မခံလိုပဲ လွတ်လပ်စွာ နေလိုစိတ် ပြင်းပြသူများ ဖြစ်ကြသလို ဖန်တီးနိုင်စွမ်း တီထွင်နိုင်စွမ်း ရှိကြသည် ။ အချစ်ရေးနှင့် ပတ်သတ်ပြီး ရံဖန်ရံခါတွင် အချစ်ကို ပေါ့ပေါ့တန်တန် သဘောထား တတ်ကြသလို ကိုယ့်ကိုယ်ကိုသာ ပိုမိုခင်တွယ် ဦးစားပေးတတ်၍ ချစ်သူရဲ့ ငြီးငွေ့ခြင်းကို ခံရတတ်သည် ။

O သွေး ပိုင်ရှင်များ

အလွန် ၊ ပြင်းထန်စွာ ၊ တိကျသော ၊ ပြတ်သားသော သူများ ဖြစ်ကြပြီး ရည်မှန်းချက် ကြီးမားကာ မဖြစ်မနေ လုပ်ဆောင် တတ်ကြပြီး အားသွန် ခွန်စိုက် လုပ်ဆောင် တတ်သည် ။ အချစ်ရေးနှင့် ပတ်သတ်ပြီး ကိုယ့်ကိုယ်ကို အချစ်ကြီးသည် ၊ အစွဲလမ်း ကြီးသည်ဟု ထင်တတ်ကြ သော်လည်း အမှန်တကယ် အားဖြင့်မူ ထိုလောက် မဟုတ်ဘဲ ချစ်သူနှင့် ခွဲခွာရလျှင် မကြာခင် ပြေပျောက်သူများ ဖြစ်ကြသည် ။

Leave a Comment