Tue. Oct 26th, 2021

ဆက်ပြီးဆွဲထားရမလား ဒါမှမဟုတ် စွန့်လွှတ်လိုက်ရတော့မလား

ဆက်ပြီးဆွဲထားပြန်ရင်လဲ သူသာရှိနေပြီး ကိုယ့်ကို ဂရုမစိုက်ပါလားဆိုတဲ့ အတွေးနဲ့ နာကျင်ရပြန်တယ် … စွန့်လွှတ်လိုက်ဖို့ကျပြန်တော့လဲ သူမရှိတော့ပါလားဆိုတဲ့အသိနဲ့ ကျွန်မ ကြိုတွေးပြီးနာကျင်နေရပြန်တယ် တကယ်ကို ဒွိဟပါ ဘယ်အရာရာကို ရွေးရွေး ချစ်မိတဲ့ကိုယ်ကတော့ နာကျင်နေရတာပါ

ချစ်မိတဲ့ကိုယ် .. ပိုချစ်ခဲ့မိရုံတင်ဘယ်ကမလဲ ပိုပြီးလဲ ခွင့်လွှတ်ပေးခဲ့မိသလို ပိုပြီးတော့လဲ နားလည်ပေးခဲ့မိတယ် မဝေးသွားစေချင်ရုံတစ်ခုနဲ့တင် မာနတွေမထားဖြစ်ခဲ့သလို ကိုယ်နာတယ် သူသာတယ် မတွေးဖြစ်ခဲ့ဘူး ကျွန်မ ချစ်တယ်ဆိုတာတွေထက် ပိုခဲ့ပါတယ် သူဟာ ကိုယ့်အတွက် အရာရာဖြစ်နေခဲ့တာပါ

ဒီလိုကိုယ့်အတွက် အရာရာဖြစ်ခဲ့ပေမယ့်လဲ သူ့အတွက်တော့ ကိုယ်ဟာ ဘယ်နေရာမှာမှ အရေးမပါခဲ့တာဟာ အခုမှ မဟုတ်ခဲ့ပါပဲ အရင့်အရင်ကတည်းကဆိုတာမှန်း ရင်နာနာနဲ့သိခဲ့ရတဲ့အခါ ကျွန်မ ကြေကွဲရတယ် မချစ်တတ်ခဲ့တဲ့သူ့အတွက် ကိုယ်ဟာအပိုပါ ကိုယ်ချစ်တာတွေကလဲ သူ့အတွက်အနှောင့်အယှက်သက်သက်ပါပဲ

ဒီလိုအခြေအနေတွေမှာ စွန့်လွှတ်လိုက်ရတော့မှာလားဆိုပြီး ကျွန်မ တွေးမိတယ် စွန့်လွှတ်လိုက်မယ်ဆိုရင် စွန့်လွှတ်ရလောက်တဲ့အထိ လုံလုံလောက်လောက် နာကျင်ခဲ့ရပြီးသလို နာတတ်မယ်ဆိုရင် သူကျွန်မအပေါ်ပြုမူခဲ့တာတွေက အားလုံး စိတ်နာစရာတွေချည်းပါပဲ

ခုလောလောဆယ်တော့ ဆက်ပြီးဆွဲထားရမလား ဒါမှမဟုတ် စွန့်လွှတ်ရတော့မလားဆိုတဲ့ ဒွိဟတွေကြားမှာ ကျွန်မ နာနာကျင်ကျင်နဲ့ ရပ်နေပါတယ် တစ်နေ့ကျွန်မအတွက်အဖြေဆိုတာရှိလာမှာပါ ။

 

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ

 

ဆက္ျပီးဆြဲထားရမလား ဒါမွမဟုတ္ စြန့္လႊတ္လုိက္ရေတာ့မလား

ဆက္ျပီးဆြဲဲထားျပန္ရင္လဲ သူသာရွိေနျပီး ကိုယ့္ကို ဂရုမစိုက္ပါလားဆိုတဲ့ အေတြးနဲ႕ နာက်င္ရျပန္တယ္ … စြန့္လႊတ္လုိက္ဖို့က်ျပန္ေတာ့လဲ သူမရွိေတာ့ပါလားဆိုတဲ့အသိနဲ႕ ကြ်န္မ ၾကိဳေတြးျပီးနာက်င္ေနရျပန္တယ္ တကယ္ကို ဒြိဟပါ ဘယ္အရာရာကို ေရြးေရြး ခ်စ္မိတဲ့ကိုယ္ကေတာ့ နာက်င္ေနရတာပါ

ခ်စ္မိတဲ့ကိုယ္ .. ပိုခ်စ္ခဲ့မိရံုတင္ဘယ္ကမလဲ ပိုျပီးလဲ ခြင့္လႊတ္ေပးခဲ့မိသလို ပိုျပီးေတာ့လဲ နားလည္ေပးခဲ့မိတယ္ မေ၀းသြားေစခ်င္ရံုတစ္ခုနဲ႕တင္ မာနေတြမထားျဖစ္ခဲ့သလုိ ကိုယ္နာတယ္ သူသာတယ္ မေတြးျဖစ္ခဲ့ဘူး ကြ်န္မ ခ်စ္တယ္ဆိုတာေတြထက္ ပုိခဲ့ပါတယ္ သူဟာ ကိုယ့္အတြက္ အရာရာျဖစ္ေနခဲ့တာပါ

ဒီလိုကိုယ့္အတြက္ အရာရာျဖစ္ခဲ့ေပမယ့္လဲ သူ့အတြက္ေတာ့ ကုိယ္ဟာ ဘယ္ေနရာမွာမွ အေရးမပါခဲ့တာဟာ အခုမွ မဟုတ္ခဲ့ပါပဲ အရင့္အရင္ကတည္းကဆိုတာမွန္း ရင္နာနာနဲ႕သိခဲ့ရတဲ့အခါ ကြ်န္မ ေၾကကြဲရတယ္ မခ်စ္တတ္ခဲ့တဲ့သူ့အတြက္ ကိုယ္ဟာအပိုပါ ကိုယ္ခ်စ္တာေတြကလဲ သူ့အတြက္အေနွာင့္အယွက္သက္သက္ပါပဲ

ဒီလိုအေျခအေနေတြမွာ စြန့္လႊတ္လိုက္ရေတာ့မွာလားဆုိျပီး ကြ်န္မ ေတြးမိတယ္ စြန့္လႊတ္လိုက္မယ္ဆုိရင္ စြန့္လႊတ္ရေလာက္တဲ့အထိ လံုလံုေလာက္ေလာက္ နာက်င္ခဲ့ရျပီးသလုိ နာတတ္မယ္ဆိုရင္ သူကြ်န္မအေပၚျပဳမူခဲ့တာေတြက အားလံုး စိတ္နာစရာေတြခ်ည္းပါပဲ

ခုေလာေလာဆယ္ေတာ့ ဆက္ျပီးဆြဲထားရမလား ဒါမွမဟုတ္ စြန့္လႊတ္ရေတာ့မလားဆိုတဲ့ ဒြိဟေတြၾကားမွာ ကြ်န္မ နာနာက်င္က်င္နဲ႕ ရပ္ေနပါတယ္ တစ္ေန့ကြ်န္မအတြက္အေျဖဆိုတာရွိလာမွာပါ ။

 

 

Leave a Reply

Your email address will not be published. Required fields are marked *