Love

မခံမရပ်နိုင်အောင် နာကျင်လာရတဲ့ တစ်နေ့ကျရင်တော့

သူတောင်မခေါ်ပဲ နေနိုင်သေးတာ ကိုယ်လဲ မခေါ်ပဲနေမယ်ဆိုတဲ့မာနလေး ရှိချင်တယ် သို့သော် . . . ကျွန်မ မထားနိုင်ခဲ့ဘူး

လူတချို့ပြောသလိုပါပဲ ကျွန်မလဲ စျေးပေါပါတယ် . . . မခေါ်ပဲ မပြောပဲ ဘယ်လောက်ပဲ ရက်တွေကြာကြာ ပြန်ခေါ်လိုက်တာနဲ့ ကျွန်မမှာ ပျော်ပြီးပြေးသွားတာပဲလေ ဘယ်လောက်ပဲ စိတ်နာစရာတွေ ကြုံကြုံ လူတွေက မှားတတ်ပဲလေဆိုပြီး ဖြည့်တွေးပြီး ခွင့်လွှတ်လိုက်တာပါပဲ

တစ်ခါတစ်ရံ အလိုက်မသိတတ်တာလေးလဲပါပါသေးတယ် မခေါ်ချင် မပြောချင်မှန်း ရိပ်လဲ မရိပ်မိခဲ့သလို သိလဲ မသိတတ်ခဲ့ဘူး လိုက်မလားလို့ ၀တ်ကျေတမ်းကျေခေါ်လဲ ကျွန်မ မှာ ခပ်တည်တည်နဲ့ ကောက်လိုက်မိသွားတာပါပဲ နေခဲ့လို့ ပြောတဲ့အခါ ကျွန်မ ကျန်ခဲ့တယ် ပြန်ခေါ်တဲ့အခါ ပြေးသွားတာပါပဲ

ကျွန်မကိုယ်ကျွန်မ ထင်နေတာ ကျွန်မက အပေါင်းအသင်းမက်တယ် ပြီးတော့ တွယ်တာလွန်းတယ်ပေါ့ တခြားသူတွေ အမြင်မှာ ကျွန်မက စျေးပေါတယ် အလိုက်ကန်းဆိုးလဲ မသိဘူး ခံယူချက်ချင်းမတူ​တော့တဲ့အခါ အဓိပ္ပါချင်း ကွဲသွားတတတ်ပါတယ် ဆန့်ကျင်ဖက်ပဲဖြစ်ဖြစ်ပေါ့

ဖြစ်နိုင်ရင် ကျွန်မလဲ မာနလေး ရှိချင်တယ် ဒါမှမဟုတ် စိတ်နာတတ်ချင်တယ် နူးညံ့သိမ်မွေ့တဲ့ မိန်းကလေးတစ်ယောက်ထက် ရက်စက်တတ်တဲ့ မိန်းမတစ်ယောက်ရဲ့ဘ၀ကို ပိုမက်မောတယ် ရက်စက်တယ်ဆိုတဲ့ ခေါင်းစဥ်အောက်မှာ နည်းနည်းလေးနာမည်ဆိုးမယ် မဆိုစလောက်လေး အထီးကျန်မယ် အဲ့ထက်ပိုပြီး ကိုယ့်ကို ထိခိုက်စေနိုင်တဲ့အရာဆိုလို့ ဘာမှ မရှိဘူးလေ

တွယ်တာ တတ်လွန်းတာကျတော့ ကိုယ်လဲ ပင်ပန်းရသလို စိတ်မှာလဲ နာကျင်ရပါတယ် နောက်ထပ်ဆက်ပြီးတော့ နာကျင်နေရဦးမယ်ဆိုရင် ကျွန်မ ခံနိုင်ရည်ရှိပါမလားဆိုတဲ့ မေးခွန်းမျိုး ကိုယ့်ကိုယ်ကိုယ် ခဏခဏ မေးဖြစ်တယ်

တစ်နေ့ပေါ့ မခံမရပ်နိုင်အောင် နာကျင်လာရတဲ့ တစ်နေ့ကျရင်တော့ ကျွန်မလဲ ဥပေက္ခာပြုနိုင်လာမှာပါ ။

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ

 

သူေတာင္မေခၚပဲ ေနႏိုင္ေသးတာ ကိုယ္လဲ မေခၚပဲေနမယ္ဆိုတဲ့မာနေလး ရွိခ်င္တယ္ သို႔ေသာ္ . . . ကြၽန္မ မထားႏိုင္ခဲ့ဘူး

လူတခ်ိဳ႕ေျပာသလိုပါပဲ ကြၽန္မလဲ ေစ်းေပါပါတယ္ . . . မေခၚပဲ မေျပာပဲ ဘယ္ေလာက္ပဲ ရက္ေတြၾကာၾကာ ျပန္ေခၚလိုက္တာနဲ႔ ကြၽန္မမွာ ေပ်ာ္ၿပီးေျပးသြားတာပဲေလ ဘယ္ေလာက္ပဲ စိတ္နာစရာေတြ ႀကဳံႀကဳံ လူေတြက မွားတတ္ပဲေလဆိုၿပီး ျဖည့္ေတြးၿပီး ခြင့္လႊတ္လိုက္တာပါပဲ

တစ္ခါတစ္ရံ အလိုက္မသိတတ္တာေလးလဲပါပါေသးတယ္ မေခၚခ်င္ မေျပာခ်င္မွန္း ရိပ္လဲ မရိပ္မိခဲ့သလို သိလဲ မသိတတ္ခဲ့ဘူး လိုက္မလားလို႔ ၀တ္ေက်တမ္းေက်ေခၚလဲ ကြၽန္မ မွာ ခပ္တည္တည္နဲ႔ ေကာက္လိုက္မိသြားတာပါပဲ ေနခဲ့လို႔ ေျပာတဲ့အခါ ကြၽန္မ က်န္ခဲ့တယ္ ျပန္ေခၚတဲ့အခါ ေျပးသြားတာပါပဲ

ကြၽန္မကိုယ္ကြၽန္မ ထင္ေနတာ ကြၽန္မက အေပါင္းအသင္းမက္တယ္ ၿပီးေတာ့ တြယ္တာလြန္းတယ္ေပါ့ တျခားသူေတြ အျမင္မွာ ကြၽန္မက ေစ်းေပါတယ္ အလိုက္ကန္းဆိုးလဲ မသိဘူး ခံယူခ်က္ခ်င္းမတူ​ေတာ့တဲ့အခါ အဓိပၸါခ်င္း ကြဲသြားတတတ္ပါတယ္ ဆန္႔က်င္ဖက္ပဲျဖစ္ျဖစ္ေပါ့

ျဖစ္ႏိုင္ရင္ ကြၽန္မလဲ မာနေလး ရွိခ်င္တယ္ ဒါမွမဟုတ္ စိတ္နာတတ္ခ်င္တယ္ ႏူးညံ့သိမ္ေမြ႕တဲ့ မိန္းကေလးတစ္ေယာက္ထက္ ရက္စက္တတ္တဲ့ မိန္းမတစ္ေယာက္ရဲ႕ဘ၀ကို ပိုမက္ေမာတယ္ ရက္စက္တယ္ဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ နည္းနည္းေလးနာမည္ဆိုးမယ္ မဆိုစေလာက္ေလး အထီးက်န္မယ္ အဲ့ထက္ပိုၿပီး ကိုယ့္ကို ထိခိုက္ေစႏိုင္တဲ့အရာဆိုလို႔ ဘာမွ မရွိဘူးေလ

တြယ္တာ တတ္လြန္းတာက်ေတာ့ ကိုယ္လဲ ပင္ပန္းရသလို စိတ္မွာလဲ နာက်င္ရပါတယ္ ေနာက္ထပ္ဆက္ၿပီးေတာ့ နာက်င္ေနရဦးမယ္ဆိုရင္ ကြၽန္မ ခံႏိုင္ရည္ရွိပါမလားဆိုတဲ့ ေမးခြန္းမ်ိဳး ကိုယ့္ကိုယ္ကိုယ္ ခဏခဏ ေမးျဖစ္တယ္

တစ္ေန႔ေပါ့ မခံမရပ္ႏိုင္ေအာင္ နာက်င္လာရတဲ့ တစ္ေန႔က်ရင္ေတာ့ ကြၽန္မလဲ ဥေပကၡာျပဳႏိုင္လာမွာပါ ။

 

 

Leave a Comment