Tue. Oct 26th, 2021

အကြိမ်ကြိမ် နာကျင်လာရတဲ့အခါ ကိုယ်ဘယ်လောက်ပဲ နှစ်သက်မြတ်နိုးတဲ့အရာပဲဖြစ်ဖြစ် စွန့်လွတ်လိုက်မိတာပါပဲ ဒါ. . . . . . . . မချစ် မနှစ်သက်တော့လို့ မဟုတ်ဘူးရိုးအီပြီး မုန်းသွားလို့ မဟုတ်ဘူး

သည်းခံနိုင်စွမ်း နဲ့ ခံနိုင်ရည်ကသူ့အတိုင်းအတာနဲ့ သူရှိတယ် သောကတွေ စုပြုံလာတဲ့အခါပဲဖြစ်ဖြစ် စိတ်ညစ်စရာတွေချည်းပဲ ရှိလာတဲ့အခါပဲဖြစ်ဖြစ် အရမ်းကို မွန်းကျပ်လွန်းလှတယ်

တစ်နေ့ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ မရဲတရဲဆုပ်ကိုင်ထားမိတဲ့ လက်တွေ အရမ်းကို ပင်ပန်းလာခဲ့မိတဲ့ပထမတစ်ခါ မျှော်လင့်ချက်တွေ မဲ့သွားတုန်းက ခံနိုင်ရည်ရှိသေးတယ်ဒုတိယတစ်ခါ တတိယတစ်ခါ ဒီလိုနဲ့ ကြိမ်ဖန်များစွာ မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့အခါ ဘာကို ဆက်ပြီး မျှော်လင့်ရမယ်မသိတော့တဲ့အထိ လမ်းတွေ ပျောက်ခဲ့ဖူးတယ်

ဒဏ်ရာဒဏ်ချက်တွေများလာတဲ့အခါနှလုံးသားက ထုံသွားတတ်တယ် တဲ့ တကယ်တော့ ပထမဒဏ်ရာကျက်ပြီး နောက်တစ်ဖန်ပြန်ရတဲ့ဒဏ်ရာကမှ မနာတတ်တော့တာပါ ခုက . . . သွေးစို့နေသေးတဲ့ ဒဏ်ရာကို ခဏခဏထပ်ပြီး ဒဏ်ရာ ဒဏ်ချက်တွေ ပေးတော့ ဘယ်လူက ခံနိုင်ရည် ရှိပါတော့မလဲ

တောင်းပန်ပါတယ် ။ကျွန်မ . . . . . မုန်းသွားလို့ လှည့်ထွက်ခဲ့တာ မဟုတ်ဘူးနောက်ထပ် ခံနိုင်ရည်အား မဲ့သွားလို့ပါ

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ

အႀကိမ္ႀကိမ္ နာက်င္လာရတဲ့အခါ ကိုယ္ဘယ္ေလာက္ပဲ ႏွစ္သက္ျမတ္ႏိုးတဲ့အရာပဲျဖစ္ျဖစ္ စြန္႔လြတ္လိုက္မိတာပါပဲ ဒါ. . . . . . . . မခ်စ္ မႏွစ္သက္ေတာ့လို႔ မဟုတ္ဘူး႐ိုးအီၿပီး မုန္းသြားလို႔ မဟုတ္ဘူး

သည္းခံႏိုင္စြမ္း နဲ႔ ခံႏိုင္ရည္ကသူ႔အတိုင္းအတာနဲ႔ သူရွိတယ္ ေသာကေတြ စုၿပဳံလာတဲ့အခါပဲျဖစ္ျဖစ္ စိတ္ညစ္စရာေတြခ်ည္းပဲ ရွိလာတဲ့အခါပဲျဖစ္ျဖစ္ အရမ္းကို မြန္းက်ပ္လြန္းလွတယ္

တစ္ေန႔ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေလးနဲ႔ မရဲတရဲဆုပ္ကိုင္ထားမိတဲ့ လက္ေတြ အရမ္းကို ပင္ပန္းလာခဲ့မိတဲ့ပထမတစ္ခါ ေမွ်ာ္လင့္ခ်က္ေတြ မဲ့သြားတုန္းက ခံႏိုင္ရည္ရွိေသးတယ္ဒုတိယတစ္ခါ တတိယတစ္ခါ ဒီလိုနဲ႔ ႀကိမ္ဖန္မ်ားစြာ ေမွ်ာ္လင့္ခ်က္ေတြ ႐ိုက္ခ်ိဳးခံရတဲ့အခါ ဘာကို ဆက္ၿပီး ေမွ်ာ္လင့္ရမယ္မသိေတာ့တဲ့အထိ လမ္းေတြ ေပ်ာက္ခဲ့ဖူးတယ္

ဒဏ္ရာဒဏ္ခ်က္ေတြမ်ားလာတဲ့အခါႏွလုံးသားက ထုံသြားတတ္တယ္ တဲ့ တကယ္ေတာ့ ပထမဒဏ္ရာက်က္ၿပီး ေနာက္တစ္ဖန္ျပန္ရတဲ့ဒဏ္ရာကမွ မနာတတ္ေတာ့တာပါ ခုက . . . ေသြးစို႔ေနေသးတဲ့ ဒဏ္ရာကို ခဏခဏထပ္ၿပီး ဒဏ္ရာ ဒဏ္ခ်က္ေတြ ေပးေတာ့ ဘယ္လူက ခံႏိုင္ရည္ ရွိပါေတာ့မလဲ

ေတာင္းပန္ပါတယ္ ။ကြၽန္မ . . . . . မုန္းသြားလို႔ လွည့္ထြက္ခဲ့တာ မဟုတ္ဘူးေနာက္ထပ္ ခံႏိုင္ရည္အား မဲ့သြားလို႔ပါ

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *