Love

ကိုယ်နဲ့ မထိုက်တန်လို့ ဝေးရတယ် မှတ်ပါ …

ကိုယ်နဲ့ မထိုက်တန်လို့ ဝေးရတယ် မှတ်ပါ …

လူတစ်ယောက်ကို ချစ်လိုက်မိပြီဆိုတာနဲ့ ဘယ်သူမဆို ဒီလူနဲ့ အဆုံးထိ ရေစက်တွေ ဆုံချင်တာပဲလေ အရာရာဟာ ကိုယ်လိုချင်တဲ့အတိုင်းဖြစ်တာမှ မဟုတ်ပဲဟာ ကိုယ်မလိုချင်တဲ့ လမ်းခွဲခြင်းတွေ ရလာတဲ့အခါ ခံနိုင်ရည်ရှိဖို့လိုတယ် …

ကိုယ်က ရင်နင့်အောင်ချစ်ပေမယ့် သူက ကိုယ့်ကို ပြန်မချစ်တဲ့လူကို ဘာလို့ မျက်ရည်ကျ လွမ်းပြနေမှာလဲ မတန်လိုက်တာ တကယ်ဆို ကိုယ်က ဖြူစင်ခဲ့တာပဲလေ ကိုယ်က အတတ်နိုင်ဆုံးတွေ ချစ်ပေးခဲ့တာလေ တန်ဖိုးတွေ မထားတတ်တာဟာ သူ့ရဲ့ တန်ဖိုးပဲပေါ့ ကိုယ် တန်ဖိုးကျသွားတာ မဟုတ်ဘူး ကိုယ့်အချစ်တွေနဲ့ သူက ထိုက်တန်မနေခဲ့တာ ။

တစ်ခုခုဆို အရင်ဆုံးကိုယ့်ကိုယ်ကို အပြစ်တင်တယ် သူ့ကို ချစ်တယ်ဆိုတဲ့ စိတ်ပဲ စွဲနေပြီး နာတတ်ဖို့ မမြင်တတ်ခဲ့တာတွေဟာ ကိုယ့်ကိုယ်ကို နာကျင်စေတဲ့ အဓိက အကြောင်းအရာတွေပဲ သူက ကိုယ့်ကို တန်ဖိုးမထားလေခြင်းဆိုပြီး မျက်ရည်တွေကျတယ် သူက တန်ဖိုးတွေ မြင်တတ်တဲ့ အရည်အချင်းမရှိလေခြင်းဆိုတာကိုကျ မသိခဲ့ဘူး …

ဝေးသွားပြီဆိုပါတော့ တကယ်တော့ ကိုယ် မရှုံးဘူး … ကိုယ်က ဆုံးရှုံးလိုက်တာ ကိုယ့်ကိုမချစ်တဲ့ ကိုယ်ချစ်တဲ့သူတစ်ယောက် သာသာပဲလေ သူကတော့ အများကြီး ဆုံးသွားပြီ … ပေးထားတဲ့အချစ်တွေ ထပ်ပြီးမရတော့ဘူး ဂရုစိုက်မှုတွေ ကြင်နာမှုတွေ သူမရတော့ဘူး … ကိုယ်က လွတ်လပ်မှုလေးတွေ ပြန်ရလာသလို အလာဟသ ပေးနေတဲ့အချစ်တွေ ပြန်သိမ်းလိုက်ရုံပါပဲ …

ဝေးရခြင်းတွေတိုင်းဟာ ရေစက်ကုန်လို့မဟုတ်ဘူး တစ်ခါတစ်လေကျတော့ ကိုယ်နဲ့မထိုက်တန်လို့လဲ ဝေးရတတ်ပါတယ် ။

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ

 

ကိုယ္နဲ႔ မထိုက္တန္္လုိ့ ေ၀းရတယ္ မွတ္ပါ …

လူတစ္ေယာက္ကို ခ်စ္လုိက္မိျပီဆိုတာနဲ႔ ဘယ္သူမဆို ဒီလူနဲ႔ အဆံုးထိ ေရစက္ေတြ ဆံုခ်င္တာပဲေလ အရာရာဟာ ကိုယ္လုိခ်င္တဲ့အတိုင္းျဖစ္တာမွ မဟုတ္ပဲဟာ ကိုယ္မလိုခ်င္တဲ့ လမ္းခြဲျခင္းေတြ ရလာတဲ့အခါ ခံနိုင္ရည္ရွိဖို့လုိတယ္ …

ကိုယ္က ရင္နင့္ေအာင္ခ်စ္္ေပမယ့္ သူက ကိုယ့္ကို ျပန္မခ်စ္တဲ့လူကို ဘာလုိ့ မ်က္ရည္က် လြမ္းျပေနမွာလဲ မတန္လိုက္တာ တကယ္ဆုိ ကုိယ္က ျဖဴစင္ခဲ့တာပဲေလ ကိုုယ္က အတတ္နိုင္ဆံုးေတြ ခ်စ္ေပးခဲ့တာေလ တန္ဖိုးေတြ မထားတတ္တာဟာ သူ့ရဲ႔ တန္ဖိုးပဲေပါ့ ကိုယ္ တန္္ဖိုးက်သြားတာ မဟုတ္ဘူး ကုိယ့္အခ်စ္ေတြနဲ႔ သူူက ထုိက္တန္္မေနခဲ့တာ ။

တစ္ခုခုဆို အရင္ဆံုးကိုယ့္ကိုယ္ကို အျပစ္တင္တယ္ သူ့ကို ခ်စ္တယ္ဆုိိတဲ့ စိတ္ပဲ စြဲေနျပီး နာတတ္ဖုိ့ မျမင္တတ္ခဲ့တာေတြဟာ ကိုယ့္ကိုယ္ကို နာက်င္ေစတဲ့ အဓိက အေၾကာင္းအရာေတြပဲ သူက ကိုယ့္ကို တန္္ဖိုးမထားေလျခင္းဆိုျပီး မ်က္ရည္ေတြက်တယ္ သူက တန္္ဖိုးေတြ ျမင္တတ္တဲ့ အရည္အခ်င္းမရွိေလျခင္းဆုိတာကိုက် မသိခဲ့ဘူး …

ေ၀းသြားျပီဆိုပါေတာ့ တကယ္ေတာ့ ကိုယ္ မရံႈးဘူး … ကိုယ္က ဆံုးရံႈးလုိက္တာ ကိုယ့္ကိုမခ်စ္တဲ့ ကုိယ္ခ်စ္တဲ့သူတစ္ေယာက္ သာသာပဲေလ သူကေတာ့ အမ်ားၾကီး ဆံုးသြားျပီ … ေပးထားတဲ့အခ်စ္ေတြ ထပ္ျပီးမရေတာ့ဘူး ဂရုစို္က္မႈေတြ ၾကင္နာမႈေတြ သူမရေတာ့ဘူး … ကို္ယ္က လြတ္လပ္မႈေလးေတြ ျပန္ရလာသလို အလာဟသ ေပးေနတဲ့အခ်စ္ေတြ ျပန္သိမ္းလိုက္ရံုပါပဲ …

ေ၀းရျခင္းေတြတိုင္းဟာ ေရစက္ကုန္လုိ့မဟုတ္ဘူး တစ္ခါတစ္ေလက်ေတာ့ ကိုယ္နဲ႔မထိုက္တန္လို့လဲ ေ၀းရတတ္ပါတယ္ ။

 

 

Leave a Comment