Love

အသံမထွက်ပဲကျရတဲ့မျက်ရည်တွေက ပိုပြီးနာကျင်ဖို့ကောင်းတယ်

အသံမထွက်ပဲကျရတဲ့မျက်ရည်တွေက ပိုပြီးနာကျင်ဖို့ကောင်းတယ်

ကိုယ့်မျက်ရည်နဲ့ကိုယ်ငိုတာပဲ ဘယ်သူ့ဂရုစိုက်စရာလိုလို့လဲဆိုတဲ့ စကား ကျွန်မကို ပြောမလို့လား အဲ့စကားက အရင်က ကျွန်မကိုယ်တိုင်သုံးခဲ့ဖူးတာပါ ဒါပေမယ့် လက်တွေ့ဘဝတွေမှာ ငိုချင်နေပါရဲ့နဲ့ ငဲ့စရာတွေရှိလို့ တိတ်တိတ်လေး မျက်ရည်ကျရတဲ့အဖြစ်တွေ ရှိပါတယ်

ကိုယ်မျက်ရည်တွေကို ဘယ်သူ့မှ နားလည်မပေးတဲ့အရပ်မှာ ရှိနေရတဲ့အခါ ကိုယ်ငိုနေမိရင် မျက်ရည်လွယ်လိုက်တာဆိုတဲ့ စကားတွေပဲ ကြားရမှာပေါ့ .. ကိုယ့်ကိုကြည့်ပြီး ရပ်နေတဲ့ ဘဝတွေရှိလာတဲ့အခါ ကိုယ်ငိုလိုက်ရင် သူတို့တွေ မျှော်လင့်ချက်တွေ မဲ့ကုန်တော့မှာပေါ့

ဒါတွေကြောင့်ပဲ တချို့မျက်ရည်တွေဟာ လူမသိသူမသိ တိတ်တိတ်လေး ကျရတယ် ပြီးတော့ ကိုယ့်လက်နဲ့ကိုယ့်မျက်ရည်ကို ကိုယ်သုတ်ပြီး မနက်အတွက်ဆိုပြီး အိပ်ပျော်အောင် အိပ်ကြရတာပါပဲ ဘယ်လောက်သန်မာတဲ့ သူပဲဖြစ်ဖြစ် နားလည်ပေးမယ့်လူတစ်ယောက်တော့ အလိုရှိတတ်ကြပါတယ်

ကိုယ်ကကော ဘာသားနဲ့ထုထားတာမို့လို့လဲ အဲ့လိုနားလည်ပေးနိုင်မယ့်လူတစ်ယောက်တော့ လိုချင်တာပေါ့ ကိုယ်ငိုနေတဲ့အခါ အပြစ်တွေမတင်ပဲ ဘာကြောင့်လဲ မေးတတ်တဲ့လူမျိုး ဒါမှမဟုတ် ကိုယ်ပင်ပန်းနေတဲ့အခါ နွေးနွေးထွေးထွေး မှီခွင့်ရမယ့် ပုခုံးတစ်ဖက်မျိုးပေါ့

ဒါတွေ တစ်ခုမှ မရှိတဲ့ဘဝမှာ အဆင်မပြေတဲ့ကြားက ပိုပြီးအဆင်မပြေဖြစ်မလာတော့အောင် တိတ်တိတ်လေး ငိုကြွေးလိုက်ရတာပါ အသံထွက်ပြီး ငိုခွင့်မရှိတဲ့မျက်ရည်တွေဟာ ပိုပြီးနာကျင်ဖို့ကောင်းပါတယ်

 

 

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ

 

 

အသံမထြက္ပဲက်ရတဲ့မ်က္ရည္ေတြက ပုိျပီးနာက်င္ဖို့ေကာင္းတယ္

ကိုယ့္မ်က္ရည္နဲ႕ကိုယ္ငိုတာပဲ ဘယ္သူ့ဂရုစို္က္စရာလုိုလုိ့လဲဆိုတဲ့ စကား ကြ်န္မကို ေျပာမလုိ့လား အဲ့စကားက အရင္က ကြ်န္မကုိယ္တိုင္သံုးခဲ့ဖူးတာပါ ဒါေပမယ့္ လက္ေတြ့ဘ၀ေတြမွာ ငိုခ်င္ေနပါရဲ႕နဲ႕ ငဲ့စရာေတြရွိလို့ တိတ္တိတ္ေလး မ်က္ရည္က်ရတဲ့အျဖစ္ေတြ ရွိပါတယ္

ကိုယ္မ်က္ရည္ေတြကို ဘယ္သူ့မွ နားလည္မေပးတဲ့အရပ္မွာ ရွိေနရတဲ့အခါ ကိုယ္ငိုေနမိရင္ မ်က္ရည္လြယ္လုိက္တာဆိုတဲ့ စကားေတြပဲ ၾကားရမွာေပါ့ .. ကိုယ့္ကိုၾကည့္ျပီး ရပ္ေနတဲ့ ဘ၀ေတြရွိလာတဲ့အခါ ကုိယ္ငိုလုိက္ရင္ သူတို့ေတြ ေမွ်ာ္လင့္ခ်က္ေတြ မဲ့ကုန္္ေတာ့မွာေပါ့

ဒါေတြေၾကာင့္ပဲ တခ်ိဳ႕မ်က္ရည္ေတြဟာ လူမသိသူမသိ တိတ္တိတ္ေလး က်ရတယ္ ျပီးေတာ့ ကိုယ့္လက္နဲ႕ကိုယ့္မ်က္ရည္ကုိ ကိုယ္သုတ္ျပီး မနက္အတြက္ဆိုျပီး အိပ္ေပ်ာ္ေအာင္ အိပ္ၾကရတာပါပဲ ဘယ္ေလာက္သန္မာတဲ့ သူပဲျဖစ္ျဖစ္ နားလည္ေပးမယ့္လူတစ္ေယာက္ေတာ့ အလုိရွိတတ္ၾကပါတယ္

ကုိယ္ကေကာ ဘာသားနဲ႕ထုထားတာမို့လို့လဲ အဲ့လိုနားလည္ေပးနိုင္မယ့္လူတစ္ေယာက္ေတာ့ လုိခ်င္တာေပါ့ ကိုယ္ငိုေနတဲ့အခါ အျပစ္ေတြမတင္ပဲ ဘာေၾကာင့္လဲ ေမးတတ္တဲ့လူမ်ိဳး ဒါမွမဟုတ္ ကုိယ္ပင္ပန္းေနတဲ့အခါ ေႏြးေနြးေထြးေထြး မွီခြင့္ရမယ့္ ပုခံုးတစ္ဖက္မ်ိဳးေပါ့

ဒါေတြ တစ္ခုမွ မရွိတဲ့ဘ၀မွာ အဆင္မေျပတဲ့ၾကားက ပိုျပီးအဆင္မေျပျဖစ္မလာေတာ့ေအာင္ တိတ္တိတ္ေလး ငိုေၾကြးလိုက္ရတာပါ အသံထြက္ျပီး ငိုခြင့္မရွိတဲ့မ်က္ရည္ေတြဟာ ပိုုျပီးနာက်င္ဖို့ေကာင္းပါတယ္

 

Leave a Comment