Love

ကိုယ့်ကို ချစ်တဲ့အထင်နဲ့ အသေအလဲချစ်ခဲ့ကြတာပါ

မိန်းကလေးတွေက … ကိုယ့်ကို မချစ်တဲ့သူကိုမှ အသေအလဲ ချစ်နေကြတာမဟုတ်ဘူး … ကိုယ့်ကို ချစ်တဲ့အထင်နဲ့ အသေအလဲချစ်ခဲ့ကြတာပါ …

မချစ်တော့မှန်းသိတဲ့အခါ ဘယ်လိုရပ်တန့်ရမယ်မှန်းမသိပဲ ဆက်ပြီး ချစ်ဖို့ကိုပဲ ရင်နာနာနဲ့ ရွေးဖြစ်ခဲ့ကြတာပါ ….

အချစ်ဆိုတာကို … မသိသေးတဲ့မိန်းကလေးတစ်ယောက်က ပထမဆုံးအချစ်ကို ရူးသွပ်တတ်ကြသလို ပထမဆုံးတစ်ယောက်ကို အသေအလဲ ချစ်တတ်ကြတယ် … တစ်ဖက်က ညာနေတာလား အပေါ်ယံလားဆိုတဲ့ အတွေးတွေမတွေးတတ် မတွေးမိခဲ့ကြဘူး … သူက ချစ်တာပဲဆိုပြီး ကိုယ်က ပြန်ချစ်ဖို့ပဲ တွေးခဲ့မိတာလေ ။

ပြီးတော့မှသာ တစ်ဖက်က တဖြေးဖြေးပြောင်းလဲသွားပြီး ကျွန်မက အရင်ကတိုင်း ချစ်မြဲချစ်နေမိတာပါ … ကိုယ့်ကိုမချစ်တဲ့သူကို ချစ်နေမိနေခြင်းက ရူးမိုက်တယ်ဆိုပေမယ့် ကိုယ့်ကို ချစ်မယ်အထင်နဲ့ချစ်နေမိခြင်းကတော့ အပြစ်တော့ မဟုတ်ဘူးလေ … စကားလေးတစ်ခုလိုပေါ့ ယောက်ျားလေးတစ်ယောက်က 100%ကနေစချစ်ပြီးတော့ မိန်းကလေးတစ်ယောက်က … 0%ကနေ စပြီးချစ်တတ်ကြတယ်တဲ့ .. မိန်းကလေးက တဖြေးဖြေး ဆက်ချစ်ပြီး ၁၀၀%ထိရောက်သွားတဲ့အခါ တစ်ဖက်က ယောက်ျားလေးဘက်က ၀%ဖြစ်သွားတတ်တယ်လေ ။ ပြောင်းပြန်အချိုးကျတာမျိုးပေါ့ ။

ခက်တာက … သူကကိုယ့်အပေါ်တဖြေးဖြေးချင်း မချစ်မှန်းသိလာပြီးတဲ့တိုင် ကိုယ့်ရဲ့ချစ်တဲ့စိတ်ကို မရပ်တန့်ပစ်နိုင်ခဲ့ဘူး မကြင်နာမှန်းသိရင် လွှတ်ချလိုက်ပေါ့တဲ့ တချို့တွေက အကြံပေးကြတယ် မှန်လဲမှန်ပါတယ် …မချစ်မှန်းသိနေပြီးပြီပဲ လွှတ်ချလိုက်ဖို့ပဲ သင့်တာလေ …ဒါပေမယ့် အဲ့လောက်ထိ မလွယ်ကူခဲ့ဘူး ။ စချစ်ကတည်းက သူတစ်ယောက်တည်းကိုပဲ မြင်ပြီး သူ့ရဲ့ကောင်းခြင်းဆိုးခြင်းအရာအားလုံးကို လက်သင့်ခံပြီး ချစ်ခဲ့မိတဲ့ မိန်းကလေးတစ်ယောက်လေ .. လွယ်လွယ်လေး မေ့ပစ်လိုက်ဖို့ဆိုတာ … ထင်ထားသလောက် မလွယ်ကူခဲ့ဘူး …

တချို့လူတွေပြောကြသလို မိန်းကလေးတွေက ကိုယ့်ကို မချစ်တဲ့သူကိုမှ ချစ်တယ်ဆိုတာ တကယ်တော့ မမှန်ပါဘူး…ချစ်ယောင်ဆောင်ခဲ့တာကို တကယ်ချစ်တယ်ထင်ပြီး ချစ်ခဲ့မိတာပဲရှိတာပါ ။

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ

 

မိန္းကေလးေတြက … ကိုယ့္ကို မခ်စ္တဲ့သူကိုမွ အေသအလဲ ခ်စ္ေနၾကတာမဟုတ္ဘူး … ကိုယ့္ကို ခ်စ္တဲ့အထင္နဲ႔ အေသအလဲခ်စ္ခဲ့ၾကတာပါ … မခ်စ္ေတာ့မွန္းသိတဲ့အခါ ဘယ္လိုရပ္တန္႔ရမယ္မွန္းမသိပဲ ဆက္ၿပီး ခ်စ္ဖို႔ကိုပဲ ရင္နာနာနဲ႔ ေ႐ြးျဖစ္ခဲ့ၾကတာပါ ….

အခ်စ္ဆိုတာကို … မသိေသးတဲ့မိန္းကေလးတစ္ေယာက္က ပထမဆုံးအခ်စ္ကို ႐ူးသြပ္တတ္ၾကသလို ပထမဆုံးတစ္ေယာက္ကို အေသအလဲ ခ်စ္တတ္ၾကတယ္ … တစ္ဖက္က ညာေနတာလား အေပၚယံလားဆိုတဲ့ အေတြးေတြမေတြးတတ္ မေတြးမိခဲ့ၾကဘူး … သူက ခ်စ္တာပဲဆိုၿပီး ကိုယ္က ျပန္ခ်စ္ဖို႔ပဲ ေတြးခဲ့မိတာေလ ။

ၿပီးေတာ့မွသာ တစ္ဖက္က တေျဖးေျဖးေျပာင္းလဲသြားၿပီး ကြၽန္မက အရင္ကတိုင္း ခ်စ္ၿမဲခ်စ္ေနမိတာပါ … ကိုယ့္ကိုမခ်စ္တဲ့သူကို ခ်စ္ေနမိေနျခင္းက ႐ူးမိုက္တယ္ဆိုေပမယ့္ ကိုယ့္ကို ခ်စ္မယ္အထင္နဲ႔ခ်စ္ေနမိျခင္းကေတာ့ အျပစ္ေတာ့ မဟုတ္ဘူးေလ … စကားေလးတစ္ခုလိုေပါ့ ေယာက္်ားေလးတစ္ေယာက္က 100%ကေနစခ်စ္ၿပီးေတာ့ မိန္းကေလးတစ္ေယာက္က … 0%ကေန စၿပီးခ်စ္တတ္ၾကတယ္တဲ့ .. မိန္းကေလးက တေျဖးေျဖး ဆက္ခ်စ္ၿပီး ၁၀၀%ထိေရာက္သြားတဲ့အခါ တစ္ဖက္က ေယာက္်ားေလးဘက္က ၀%ျဖစ္သြားတတ္တယ္ေလ ။ ေျပာင္းျပန္အခ်ိဳးက်တာမ်ိဳးေပါ့ ။

ခက္တာက … သူကကိုယ့္အေပၚတေျဖးေျဖးခ်င္း မခ်စ္မွန္းသိလာၿပီးတဲ့တိုင္ ကိုယ့္ရဲ႕ခ်စ္တဲ့စိတ္ကို မရပ္တန္႔ပစ္ႏိုင္ခဲ့ဘူး မၾကင္နာမွန္းသိရင္ လႊတ္ခ်လိုက္ေပါ့တဲ့ တခ်ိဳ႕ေတြက အႀကံေပးၾကတယ္ မွန္လဲမွန္ပါတယ္ …မခ်စ္မွန္းသိေနၿပီးၿပီပဲ လႊတ္ခ်လိုက္ဖို႔ပဲ သင့္တာေလ … ဒါေပမယ့္ အဲ့ေလာက္ထိ မလြယ္ကူခဲ့ဘူး ။ စခ်စ္ကတည္းက သူတစ္ေယာက္တည္းကိုပဲ ျမင္ၿပီး သူ႔ရဲ႕ေကာင္းျခင္းဆိုးျခင္းအရာအားလုံးကို လက္သင့္ခံၿပီး ခ်စ္ခဲ့မိတဲ့ မိန္းကေလးတစ္ေယာက္ေလ .. လြယ္လြယ္ေလး ေမ့ပစ္လိုက္ဖို႔ဆိုတာ … ထင္ထားသေလာက္ မလြယ္ကူခဲ့ဘူး …

တခ်ိဳ႕လူေတြေျပာၾကသလို မိန္းကေလးေတြက ကိုယ့္ကို မခ်စ္တဲ့သူကိုမွ ခ်စ္တယ္ဆိုတာ တကယ္ေတာ့ မမွန္ပါဘူး…ခ်စ္ေယာင္ေဆာင္ခဲ့တာကို တကယ္ခ်စ္တယ္ထင္ၿပီး ခ်စ္ခဲ့မိတာပဲရွိတာပါ ။

 

 

Leave a Comment