Love

ချစ်ရတဲ့ရက်တွေကို ရေတွက်နေတုန်းပဲ ရှိသေးတယ်

သစ္စာဖောက်ခံရခြင်း …

ချစ်ရတဲ့ရက်တွေကို ရေတွက်နေတုန်းပဲ ရှိသေးတယ် ။ မပြတ်တဲ့ဇာတ်လမ်းတွေ … နောက်ထပ်ရှုပ်တဲ့ ဇာတ်လမ်းတွေ တစ်ခုပြီးတစ်ခု … သိရှိလာခဲ့ရတယ် ။ အဲ့ဒီအချိန် … ဘာဆက်လုပ်ရမလဲဆိုတဲ့ အတွေးတွေနဲ့ ကျွန်မမှာ … ကမ္ဘာပျက်ခဲ့ရတာပါပဲ ။

သူဒီလိုတော့ မလုပ်ရက်ပါဘူးလို့ ယုံကြည်နေတုန်းပဲ ရှိသေးတယ် ။ ကျွန်မတို့ချစ်ခဲ့ကြတာ … နှစ်နှစ် ဒီနှစ်နှစိအတွင်းမှာ .. ပျော်စေခဲ့တာတွေအတွက် ကျေးဇူးတင်ခဲ့သလို နာကျင်စေခဲ့တာတွေကိုလဲ ခွင့်လွှတ်ရင်း ရှေ့ဆက်ခဲ့ကြတယ် ။ တစ်ခါတစ်ရံ ကိုယ့်ဘက်က ဆွဲခဲ့မိသလို တစ်ခါတစ်ရံ သူလျှော့ခဲ့တာတွေလဲရှိတယ် ။

ပျော်ရွှင်စရာလို့ထင်ပြီး ချစ်ခဲ့တဲ့ရက်လေးတွေကို ရေတွက်နေတုန်းရှိနေသေးတယ် ။ နောက်ထပ်တစ်ယောက်ကို ကိုယ့်ထက် ပိုချစ်ပြနေတဲ့ သစ္စာမဲ့တဲ့ ဇာတ်လမ်းတွေ ခင်းတော့တာပါပဲ ။ တစ်ဖက်ကို စနိုက်ကျော်တယ်လို့တော့ မပြောချင်တော့ပါဘူး ။ ကိုယ့်လူကိုက ခြံကျော်ချင်နေတာလေ ။

အသာတကြည်ခွင့်ပြုပေးလိုက်ရမှာလားလို့တွေးရင်း … အလိမ်အညာခံခဲ့ရလေခြင်းဆိုတဲ့ ခံပြင်းစိတ်တွေနဲ့ ဒေါသတွေထွက်ခဲ့မိသလို … မျက်ရည်တွေလဲ ကျခဲ့မိတယ် ။ အဲ့ဒီနေ့ရက်တွေဟာ တကယ်ကို လမ်းပျောက်ချင်စရာပါ ။ တွေးနေပေမယ့် ဘာတွေးနေမိမှန်းမသိဘူး ။

ဆက်ဆွဲထားချင်တဲ့ နှလုံးသားနဲ့ လက်လွှတ်ပေးချင်တဲ့ မာန လွန်ဆွဲတဲ့ ရက်တွေတိုင်းဟာ ကျွန်မကို အိပ်ရေးတွေ ပျက်စေခဲ့ဖူးပါတယ် ။ နောက်ဆုံးတော့လဲ လက်ကျန်မာနလေးထားပြီး ပျော်မယ့်ထင်တဲ့အရပ်ကို သွားစေတော့ဆိုပြီး ရေစက်ချအမျှပေးခဲ့လိုက်တယ် ။ ဒါ သစ္စာမရှိခြင်းရဲ့ အဆုံးသတ်တစ်ခုပဲပေါ့ ။

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ

သစၥာေဖာက္ခံရျခင္း …

ခ်စ္ရတဲ့ရက္ေတြကို ေရတြက္ေနတုန္းပဲ ရွိေသးတယ္ ။ မျပတ္တဲ့ဇာတ္လမ္းေတြ … ေနာက္ထပ္ရႈပ္တဲ့ ဇာတ္လမ္းေတြ တစ္ခုၿပီးတစ္ခု … သိရွိလာခဲ့ရတယ္ ။ အဲ့ဒီအခ်ိန္ … ဘာဆက္လုပ္ရမလဲဆိုတဲ့ အေတြးေတြနဲ႔ ကြၽန္မမွာ … ကမာၻပ်က္ခဲ့ရတာပါပဲ ။

သူဒီလိုေတာ့ မလုပ္ရက္ပါဘူးလို႔ ယုံၾကည္ေနတုန္းပဲ ရွိေသးတယ္ ။ ကြၽန္မတို႔ခ်စ္ခဲ့ၾကတာ … ႏွစ္ႏွစ္ ဒီႏွစ္ႏွစိအတြင္းမွာ .. ေပ်ာ္ေစခဲ့တာေတြအတြက္ ေက်းဇူးတင္ခဲ့သလို နာက်င္ေစခဲ့တာေတြကိုလဲ ခြင့္လႊတ္ရင္း ေရွ႕ဆက္ခဲ့ၾကတယ္ ။ တစ္ခါတစ္ရံ ကိုယ့္ဘက္က ဆြဲခဲ့မိသလို တစ္ခါတစ္ရံ သူေလွ်ာ့ခဲ့တာေတြလဲရွိတယ္ ။

ေပ်ာ္႐ႊင္စရာလို႔ထင္ၿပီး ခ်စ္ခဲ့တဲ့ရက္ေလးေတြကို ေရတြက္ေနတုန္းရွိေနေသးတယ္ ။ ေနာက္ထပ္တစ္ေယာက္ကို ကိုယ့္ထက္ ပိုခ်စ္ျပေနတဲ့ သစၥာမဲ့တဲ့ ဇာတ္လမ္းေတြ ခင္းေတာ့တာပါပဲ ။ တစ္ဖက္ကို စႏိုက္ေက်ာ္တယ္လို႔ေတာ့ မေျပာခ်င္ေတာ့ပါဘူး ။ ကိုယ့္လူကိုက ၿခံေက်ာ္ခ်င္ေနတာေလ ။

အသာတၾကည္ခြင့္ျပဳေပးလိုက္ရမွာလားလို႔ေတြးရင္း … အလိမ္အညာခံခဲ့ရေလျခင္းဆိုတဲ့ ခံျပင္းစိတ္ေတြနဲ႔ ေဒါသေတြထြက္ခဲ့မိသလို … မ်က္ရည္ေတြလဲ က်ခဲ့မိတယ္ ။ အဲ့ဒီေန႔ရက္ေတြဟာ တကယ္ကို လမ္းေပ်ာက္ခ်င္စရာပါ ။ ေတြးေနေပမယ့္ ဘာေတြးေနမိမွန္းမသိဘူး ။

ဆက္ဆြဲထားခ်င္တဲ့ ႏွလုံးသားနဲ႔ လက္လႊတ္ေပးခ်င္တဲ့ မာန လြန္ဆြဲတဲ့ ရက္ေတြတိုင္းဟာ ကြၽန္မကို အိပ္ေရးေတြ ပ်က္ေစခဲ့ဖူးပါတယ္ ။ ေနာက္ဆုံးေတာ့လဲ လက္က်န္မာနေလးထားၿပီး ေပ်ာ္မယ့္ထင္တဲ့အရပ္ကို သြားေစေတာ့ဆိုၿပီး ေရစက္ခ်အမွ်ေပးခဲ့လိုက္တယ္ ။ ဒါ သစၥာမရွိျခင္းရဲ႕ အဆုံးသတ္တစ္ခုပဲေပါ့ ။

 

 

Leave a Comment