Daily News

ခင်ပွန်းဖြစ်သူက ကိုယ်ဝန် ၈ လရှိပြီဖြစ်တဲ့သူမအား ထားသွားခဲ့ပေမဲ့ မီးဖိုချောင်ထဲမှာ ဒေါ်လာ ၁၀ သိန်းကို တွေ့ရှိခဲ့ရတဲ့ အမျိုးသမီးတစ်ဦး

ဘဝဆိုတာ ခန့်မှန်းလို့မရပါဘူး။ ခဏတာလေးမှာ မင်းက မင်းရဲ့အကောင်းဆုံးဘ၀ကိုဖြတ်သန်းနေပြီး မင်းသိလိုက်တဲ့နောက်တစ်ခုက အရာအားလုံးက ဇောက်ထိုးကျနေပါတယ်။ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှအမျိုးသမီးတစ်ဦးဟာ ယခုနှစ်ဟာ သူမဘဝရဲ့အကောင်းဆုံးသောနှစ်တစ်နှစ်ဖြစ်တယ်လို့ထင်နေခဲ့ပါတယ်။ Amanda အမည်ရှိအမျိုးသမီးနှင့်ခင်ပွန်းဖြစ်သူတို့ဟာ လွန်ခဲ့တဲ့သုံးနှစ်အတွင်း ကလေးရရန် အလွန်ကြိုးစားခဲ့ကြပြီးနောက်မှာ Amanda ဟာ ကိုယ်ဝန်ဆောင်နိုင်ခဲ့ပါတယ်။အစပိုင်းမှာ အရာအားလုံးက စိတ်လှုပ်ရှားစရာကောင်းခဲ့ပါတယ်။မိသားစုဝင်အသစ်တစ်ယောက်ရောက်လာပြီးနောက် ၎င်းတို့စုံတွဲဟာ အိမ်အသစ်တစ်လုံးသို့ပြောင်းခဲ့ကြပါတယ်။ထို့နောက် မထင်မှတ်ထားတဲ့အရာတစ်ခုဖြစ်ပျက်သွားခဲ့ပါတယ်။သူမကိုယ်ဝန် ၃၅ ပတ်အကြာမှာ Amandaရဲ့ခင်ပွန်းဟာ သူမနှင့်သူတို့ရဲ့မမွေးသေးတဲ့ကလေးတို့ကိုထားသွားခဲ့ပါတော့တယ်။ထို့နောက် Amanda ဟာ ကြောက်ရွံ့လာခဲ့ပြီး ကလေးကလည်းမကြာခင်မှာမွေးဖွားတော့မှာဖြစ်တဲ့အပြင် အိမ်ရဲ့လခလည်း ပေးချေဖို့ရက်နီးလာပြီဖြစ်ပါတယ်။

.

“ အကြီးမားဆုံးအရာက ငါတို့ထင်တဲ့အရာမဟုတ်သလို ငါစီစဉ်ထားတဲ့အရာမဟုတ်တာကြောင့် ငါထိတ်လန့်နေရတယ် ၊အရမ်းကို ခက်ခဲပါတယ် ”ဟု Amanda က ဆိုပါတယ်။သူမရဲ့အကြီးမားဆုံးစိုးရိမ်ပူပန်မှုက သူမကလေးကိုပြုစုပျိုးထောင်ခြင်းပါပဲ။၎င်းတို့ဟာ အိမ်သစ်အတွက် ပိုက်ဆံများစွာကို ရင်းထည့်ထားခဲ့ကြတာကြောင့် သူမဟာ အိမ်အတွက်တစ်ဖက်နှင့် သူမရဲ့ကလေးကိုလည်း မပြုစုပျိုးထောင်နိုင်မှာကို ကြောက်နေခဲ့ရပါတယ်။ထို့ကြောင့် သူမဟာ KIIS 1065 အတွက်“ Giveback” ဟုခေါ်သောအထူးအပိုင်းကိုထုတ်လွှင့်တဲ့ ရေဒီယိုအစီအစဉ်မှူး Jackie O နဲ့ Kyle ဆီကို စာတစ်စောင်ပို့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။Amanda ရဲ့ပုံပြင်ကိုကြားသိရပြီးနောက်မှာ ၎င်းတို့နှစ်ဦးက သူမကို ကူညီဖို့လုပ်ခဲ့ကြပြီး သိပ်မကြာခင်မှာပဲ Amanda အတွက်ကြီးမားတဲ့အံ့အားသင့်စရာအစီအစဉ်တစ်ခုကိုစီစဉ်ပါတော့တယ်။

.

၎င်းတို့က သူမရဲ့ဇာတ်လမ်းကို ရေဒီယိုမှာ ထုတ်လွင့်ရန် သူမအား ဖိတ်ခေါ်ခဲ့ကြပါတယ်။Amanda ဟာ သူမရဲ့ပုံပြင်ကို ဝေမျှပြီးတဲ့အခါ ၎င်းရေဒီယို host တို့က သူမအား သူမရဲ့အိမ်ကနေတိုက်ရိုက်ထုတ်လွှင့်နေတဲ့ live ကိုကြည့်ရန် တောင်းဆိုခဲ့ကြပါတယ်။စက္ကန့်အနည်းငယ်အကြာမှာတော့ ကင်မရာသမားက သူမရဲ့အိမ်ထဲမှာ လက်ဆောင်များစွာနဲ့ပြည့်နေတာကို ရိုက်ပြခဲ့ပါတယ်။ Amanda ဟာ သူမရဲ့အိမ်အား နောက်ခြောက်လအတွက် အိမ်သန့်ရှင်းရေး၀န်ဆောင်မှုကိုရရှိခဲ့ပြီး လာမယ့်သုံးလပတ်လုံး သူမအတွက်နေ့တိုင်း အစားအစာပို့ဆောင်သည့် ၀န်ဆောင်မှုတစ်ခုအပါအဝင် ကလေးအသုံးအဆောင်များစွာကိုလည်း လက်ဆောင်ရရှိခဲ့ပါတယ်။ထို့အပြင် ကင်မရာသမားက မီးဖိုခန်းရှိ oven စက်ကို ဖွင့်ကြည့်လိုက်တဲ့အခါ အထဲမှာ စုစုပေါင်းငွေသား ဒေါ်လာ ၁၀,၀၀၀ ရှိနေခဲ့တာကို မြင်လိုက်တော့ အားလုံးက ထိတ်လန့်သွားခဲ့ကြပါတယ်။

.

ထို့နောက် Amanda ဟာ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်တော့ဘဲ မျက်ရည်များစီးကျလာခဲ့ပြီး သူမဘယ်လိုပြန်ကျေးဇူးဆပ်ရမှန်းကို မသိနိုင်အောင် ကျေးဇူးတင်နေခဲ့ပါတယ်။Amanda ဟာ သူမဘ၀ရဲ့အရေးကြီးဆုံးအချိန်မှာ ထားခဲ့ခံလိုက်ရပေမဲ့လည်း သူမရဲ့မျှော်လင့်ချက်ကို မရပ်တန့်ခဲ့သလို သူမရဲ့ကလေးအတွက်လည်း အလျှော့မပေးခဲ့ပါဘူး။အမှန်တော့ သူမရဲ့ကလေးအတွက်ကောင်းမွန်တဲ့အနာဂတ်ကို ဖန်တီးဖို့လိုအပ်တာကြောင့် သူမအားကူညီပေးမဲ့လူရှာရဲတဲ့သတ္တိကို သူမ တွေ့ရှိခဲ့ပါတယ်။ကံကောင်းထောက်မစွာနဲ့ဘဲ သူမဟာ ရက်ရောပြီးကြင်နာတတ်တဲ့သူများကို တွေ့ရှိခဲ့ရပါတယ်။သူမရဲ့ဖြစ်ရပ်ဟာ သင်ခန်းစာတွေအများကြီးပါနေတာကို သင့်အား သတိထားမိသွားစေမှာပါ။

Mia (KB Chimmy One)

Reference : spotlightstories

Leave a Comment