Amazing






Rain (For Ialinks)

Unicode

ထိတ်လန့်ဖွယ် အခေါင်းတလားနှင့်အတူ ဈာပနာ ပန်းခွေ တို့ဖြင့်အလှဆင်ထားသော စားသောက်ဆိုင်

များသောဖြင့် စားသောက်ဆိုင်များသည် ကြည့်လိုက်သည်နှင့် ဖောက်သည်များမှာ ဆိုင်သို့လာရောက် အားပေးချင်စိတ်ဖြစ်ပေါ်သည်ထိ ဆိုင်ခန်းအား အပြင်ရော အထဲရော အလှဆုံး အဆန်းဆုံး ပြင်ဆင်ထားတတ်ကြသည်။

သို့ဖြစ်၍ ထိုင်းနိုင်ငံ Saraburi ပြည်နယ် Sam Phraeng လမ်းဘေးတွင် ဖွင့်လှစ်ထားသော စားသောက်ဆိုင်တစ်ဆိုင်သည် အထဲတွင် အဆန်းဆုံးသော ဒီဇိုင်းများနှင့် အလှဆင်ထားခြင်းဖြင့် နာမည်ကြီးလာခဲ့သည်။

ထိုဆိုင်သည် အရသာရှိသော ဆန်ပြုတ်ရရှိပြီး ဆိုင်ထဲတွင် ဝင်ရောက်စားသူများအနေနှင့် ချွေးပြန်ပြီး ကြက်သီးဖွယ်ခံစားချက်လေးနှင့်အတူ စားသုံးနိုင်မည်ဖြစ်သည်။အကြောင်းမှာ ထိုဆိုင်ထဲတွင် အခေါင်းတလားနှင့်အတူ ဈာပနာ ပန်းခွေများထားရှိကာ အလှဆင်ထားခြင်းဖြစ်သည်။

ထိုသို့ပြုလုပ်ရခြင်းက ဆွေမျိုးသားချင်းမရှိသည့် တစ်ကိုယ်တည်းသမားများ သေဆုံးသည့်အခါ ကောင်းမွန်စွာ အခေါင်းတလားနှင့် သင်္ဂြိုလ်ပေးရန်အတွက် ရန်ပုံငွေရှာခြင်းကြောင့်သာဖြစ်သည့်အတွက် လေးစားချီးကျူးစရာကောင်းလှသည်။

Rain (For Ialinks)

Leave a Comment