success

ပိုပြီးပျော်ရွှင်ဖို့ ကိုယ့်ဘဝထဲကထုတ်ပစ်သင့်တဲ့ အရာတွေ

ဘဝထဲက ပျော်ရွှင်မှုဆိုတာ သစ်သားထဲကနေ ထွင်းထုတ်ထားတဲ့ ပန်းပုရုပ်လိုပါပဲ။ ကိုယ့်အတွက် မလိုအပ်တဲ့ တစ်နည်းအားဖြင့် ကိုယ့်ဘဝရဲ့ ပျော်ရွှင်မှုကို ထိခိုက်စေမယ့်အရာတွေကို ဖယ်ထုတ်လိုက်တာပဲ ဖြစ်ပါတယ်။ နေ့တိုင်း ပျော်ချင်တယ်ဆိုရင် ကိုယ့်ပျော်ရွှင်ခြင်းအတွက် အဆိပ်အတောက်ဖြစ်စေမယ့်အရာတွေကိုလည်း ဖယ်ရှားတတ်ဖို့ လိုပါတယ်။ ဘယ်လိုအရာတွေကို ကိုယ့်ဘဝထဲက ထုတ်ပစ်လိုက်ရမလဲဆိုရင်

(၁) မကောင်းမြင်တဲ့ သတင်းအချက်အလက်တွေ

Photo: Freepik

Social Circles ထဲက လာသမျှ သတင်းအချက်အလက်အားလုံးကို လက်ခံလိုက်ခြင်းအားဖြင့် ကိုယ့်ရဲ့ ပျော်ရွှင်မှုအပြင် ရပ်တည်ချက်ပါ ပျောက်ဆုံးသွားနိုင်ပါတယ်။ မကောင်းတဲ့အမြင် ၊ အသံနဲ့ အချက်အလက်တွေကို ကိုယ့်ခေါင်းထဲ အဝင်ခံမယ်ဆိုရင် ပျော်ရွှင်မှုတွေ ဆိတ်သုဉ်းဖို့ပဲ ဖြစ်လာပါလိမ့်မယ်။

သတင်းတွေ ဖတ်ရာမှာ သတိထားပါ။ Facebook လို လူမှုကွန်ရက် သုံးရာမှာ သတိထားပါ။ ဒါတွေအားလုံးက ကိုယ့်အပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှု ရှိလာပြီး ကိုယ့်ရဲ့ ပင်ကိုယ်သဘောထဲကို စိမ့်ဝင် မွှေနှောက်တတ်လို့ ဖြစ်ပါတယ်။

(၂) ဘဝထဲက အောက်ခြေ ၂၀ ရာခိုင်နှုန်း

Photo: Freepik

၂၀/၈၀ စည်းမျဉ်း ဆိုတာ ရှိပါတယ်။ အကြောင်းရင်းတွေရဲ့ ၂၀ ရာခိုင်နှုန်းကြောင့် သက်ရောက်မှုတွေရဲ့ ၈၀ ရာခိုင်နှုန်း ဖြစ်လာစေတယ်ဆိုတာပါပဲ။ ကိုယ့်ကို ၈၀ ရာခိုင်နှုန်း မပျော်နိုင်အောင် လုပ်နေတဲ့ အကြောင်းရင်းတွေထဲက ၂၀ ရာခိုင်းနှုန်က ဘာလဲ။ ကိုယ့်ကို ပျော်ရွှင်စေတဲ့ အရာ ၈၀ ရာခိုင်နှုန်းကို ဖြစ်ပေါ်စေတဲ့ အရာတွေရဲ့ ၂၀ ရာခိုင်နှုန်းက ဘာလဲ။ မပျော်အောင် လုပ်နိုင်တဲ့အရာ(အကြောင်းရင်း) က နည်းနည်းလေးပါ။

ဒါပေမယ့် တကယ့်ခံစားချက်ကို ဖျက်ဆီးတာလည်း အဲ့ဒီ ဘာမှမဟုတ်တဲ့ ၂၀ ရာခိုင်နှုန်းသောအကြောင်းအရင်းတွေ ဖြစ်ပါတယ်။ ဒါကို နားလည်ထားရင် ကိုယ့်ကို မပျော်စေတဲ့ အောက်ခြေ ၂၀ ရာခိုင်နှုန်းလေးတွေကို ရှင်းထုတ်ပြီး ပျော်အောင်နေလို့ ရပါတယ်။

(၃) မကောင်းတဲ့သူတွေ

Photo: Freepik

ပေါင်းသမျှလူတိုင်း ကောင်းတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်နဲ့ပေါင်းတဲ့လူတိုင်းက ကိုယ့်စိတ်ခံစားချက်ကို လွှမ်းမိုးနိုင်ပါတယ်။ ဂျင်မ်ရို့ဒ် ပြောဖူးတဲ့စကားတစ်ခုရှိပါတယ်။ “ခင်ဗျားနဲ့အများဆုံး တွေ့ရတဲ့ လူ ၅ ဦးက ခင်ဗျားစရိုက်/ပုံစံ ဖြစ်လာတယ်”တဲ့။ ဒါကြောင့် ပျော်ချင်ရင် အကောင်းမြင်တတ်တဲ့သူနဲ့ ပေါင်းပါ။

(၄) သက်သေပြချင်စိတ် လျှော့ပါ

Photo: Freepik

ကိုယ့်ကို လူတွေအထင်ကြီးစေဖို့ လုပ်တာ လျှော့ပါ။ ကိုယ်ဘာကောင်လဲဆိုတာကို အာညောင်းအောင် ပြောရမယ့်ကိစ္စတွေ လျှော့ပါ။ ဘဝဆိုတာ တစ်ခုခုကို သက်သေပြဖို့ ရောက်လာတဲ့ နေရာမဟုတ်ပါဘူး။ ကိုယ်နေခဲ့တဲ့ ဘဝကိုသာ ထိုက်တန်အောင် နေထိုင်သွားပါ။ နောင်တနည်းပြီး ရွှင်မြူးကြည်နူးစရာဘဝတစ်ခုအဖြစ် ပုံဖော်သွားပါ။ ဒါဆို လုံလောက်ပါတယ်။

(၅) တွယ်တာတွေ လျှော့ပါ

Photo: Freepik

တစ်ယောက်ယောက်ကြောင့် ပျော်ရတဲ့ အပျော်မျိုး ၊ ပစ္စည်း/သတ္တဝါတစ်ခုခုကြောင့် ပျော်နေရတာမျိုးက သိပ်အန္တရာယ်များပါတယ်။ ကိုယ့်ပျော်ရွှင်မှုဟာ ဘယ်ပေါ်မှ မတည်မှီနေရင် အကောင်းဆုံးပါပဲ။ ပျော်ရွှင်ဖို့ iPhone တွေ မလိုသင့်ပါဘူး။ ပျော်တတ်ဖို့ နိုက်ကလပ်တက် / အရက်သောက်တာမျိုးတွေ မလုပ်သင့်ပါဘူး။ Attachment တွေ နည်းနိုင်သမျှ နည်းအောင်နေရင်း ပျော်နေတာမျိုးက တကယ်ထိုက်တန်တဲ့ ပျော်ရွှင်မှုသုခပါပဲ။

Leave a Comment