Amazing

ဆိုင်အပြင်ဘက်က ကြမ်းပြင်ပေါ်မှာ အိပ်နေတဲ့ အိမ်ခြေမဲ့အမျိုးသားအတွက် အစာပြေမုန့်လေးဝယ်ပြီး နိုးမှာဆိုးလို့ တိတ်တဆိတ်ချန်ထားပေးခဲ့တဲ့ မိန်းကလေးငယ်

ဇွန်လ (၃) ရက်နေ့က တရုတ်တန်း Complex ရဲ့ ကြမ်းပြင်ပေါ်မှာ အိပ်ပျော်နေတဲ့ အိမ်ခြေမဲ့ အမျိုးသားတစ်ဦးအတွက် အမျိုးသမီးငယ်တစ် ဦးဟာ အစားအစာဝယ်ပေးခဲ့တာကို တွေ့ရှိခဲ့ပါတယ် ။ Netizen တစ်ဦးကကြည်နူးစရာမြင်ကွင်းကို တွေ့ခဲ့ပြီး ထိုအမျိုးသမီးငယ်ဟာ အိမ်ခြေမဲ့လူကိုမနှိုးနိုင်အောင် အစာကိုပင် တိတ်တဆိတ် ချန်ထားခဲ့တာပါ လို့ မြင်တွေ့ခဲ့တဲ့ Netizen က ဆိုပါတယ် ။ အမည်မဖော်လိုတဲ့ Netizen က ” မိန်းကလေးတစ်ဦးက Chinatown Complex ရှိ ကြမ်းပြင်ပေါ်မှာ အိပ်ပျော်နေတဲ့ အိမ်ခြေမဲ့ အမျိုးသားကိုတွေ့ပြီး ထိုလူအတွက် သူမက အစားအစာတစ်ခုဝယ်ခဲ့တယ်။

ထိုလူအတွက် မုန့်ကို အဲဒီ့နေရာက ချန်ထားပြီး မနိုးဖို့တိတ်တဆိတ်လုပ်ခဲ့တယ်။ ဒီပူပြင်းတဲ့ရာသီဥတုမှာ ဒီလူက အမိုးမရှိဘဲ ကြမ်းပြင်ပေါ်မှာ အိပ်နေတာကို တွေ့ရတော့ တော်တော်ဝမ်းနည်းစရာကောင်းတယ်။ အမျိုးသမီးက ဆယ်ကျော်သက်အရွယ်သာရှိသေးပေမဲ့ ကြင်နာတတ်တဲ့နှလုံးသားရှိတယ်။ လူတိုင်းက သူမခြေရာကို လိုက်သင့်တယ်လို့ ငါခံစားရတယ်။ ” ဆိုပြီး မျက်မြင်တွေ့ခဲ့တဲ့ Netizen က ဆိုပါတယ် ။

JRose (KBdailynews)

Reference : stomp

Zawgyi

ဇြန္လ (၃) ရက္ေန႔က တ႐ုတ္တန္း Complex ရဲ႕ ၾကမ္းျပင္ေပၚမွာ အိပ္ေပ်ာ္ေနတဲ့ အိမ္ေျခမဲ့ အမ်ိဳးသားတစ္ဦးအတြက္ အမ်ိဳးသမီးငယ္တစ္ ဦးဟာ အစားအစာဝယ္ေပးခဲ့တာကို ေတြ႕ရွိခဲ့ပါတယ္ ။ Netizen တစ္ဦးကၾကည္ႏူးစရာျမင္ကြင္းကို ေတြ႕ခဲ့ၿပီး ထိုအမ်ိဳးသမီးငယ္ဟာ အိမ္ေျခမဲ့လူကိုမႏႈိးႏိုင္ေအာင္ အစာကိုပင္ တိတ္တဆိတ္ ခ်န္ထားခဲ့တာပါ လို႔ ျမင္ေတြ႕ခဲ့တဲ့ Netizen က ဆိုပါတယ္ ။ အမည္မေဖာ္လိုတဲ့ Netizen က ” မိန္းကေလးတစ္ဦးက Chinatown Complex ရွိ ၾကမ္းျပင္ေပၚမွာ အိပ္ေပ်ာ္ေနတဲ့ အိမ္ေျခမဲ့ အမ်ိဳးသားကိုေတြ႕ၿပီး ထိုလူအတြက္ သူမက အစားအစာတစ္ခုဝယ္ခဲ့တယ္။

ထိုလူအတြက္ မုန္႔ကို အဲဒီ့ေနရာက ခ်န္ထားၿပီး မႏိုးဖို႔တိတ္တဆိတ္လုပ္ခဲ့တယ္။ ဒီပူျပင္းတဲ့ရာသီဥတုမွာ ဒီလူက အမိုးမရွိဘဲ ၾကမ္းျပင္ေပၚမွာ အိပ္ေနတာကို ေတြ႕ရေတာ့ ေတာ္ေတာ္ဝမ္းနည္းစရာေကာင္းတယ္။ အမ်ိဳးသမီးက ဆယ္ေက်ာ္သက္အ႐ြယ္သာရွိေသးေပမဲ့ ၾကင္နာတတ္တဲ့ႏွလုံးသားရွိတယ္။ လူတိုင္းက သူမေျခရာကို လိုက္သင့္တယ္လို႔ ငါခံစားရတယ္။ ” ဆိုၿပီး မ်က္ျမင္ေတြ႕ခဲ့တဲ့ Netizen က ဆိုပါတယ္ ။

JRose (KBdailynews)

Leave a Comment