Amazing

မြေးမလေးရဲ့အထူးနေ့လေးကို မဖျက်ဆီးစေလိုတာကြောင့် အိမ်ပြင်ထွက်ကာ တိတ်ဆိတ်စွာ ငိုကြွေးနေခဲ့တဲ့ အသက် ၉၀ အရွယ်အဘွားတစ်ဦး

လက်ထပ်ပြီးနောက် မိသားစုရှိလာတော့မဲ့မြေးလေးတွေကို မြင်တွေ့ရခြင်းက အဘိုးအဘွားအများစုအတွက် ပျော်ရွှင်စရာတစ်ခုဖြစ်ပေမဲ့လည်း ၎င်းက မြေးလေးတွေကို အရင်လို တွေ့ချင်သလိုမတွေ့နိုင်တော့တာကြောင့် အဘိုးအဘွားများရဲ့နှလုံးသားကို ကြေကွဲစေပါတယ်။ခုလည်း အဘွားဖြစ်သူတစ်ဦးက သူမရဲ့မြေးမလေးအိမ်ထောင်ကျသွားတဲ့အခါ သူမရဲ့မျက်ရည်များကို သုတ်ဖို့ အိမ်အပြင်ဘက်ကို ထွက်လာခဲ့ပုံကို ကင်မရာဖြင့် ရိုက်ကူးမိခဲ့ပြီး “ အသက် ၉၀ အရွယ်အဘွားက သူ့မြေးမလေးလက်ထပ်တဲ့နေ့မှာ သူမရဲ့မျက်ရည်တွေကို အိမ်ကလူတွေမသိအောင် အိမ်ပြင်ဘက်မှာ တိတ်ဆိတ်စွာ စီးကျစေခဲ့တယ်” ဟုတဲ့ caption ဖြင့် ဓာတ်ပုံဆရာက တင်ထားခဲ့ပါတယ်။၎င်းမျက်ရည်ဟာ အဘွားအတွက် ဝမ်းသာခြင်းနှင့်ဝမ်းနည်းခြင်းတို့မှကျစီးလာခဲ့တဲ့မျက်ရည်များသာဖြစ်ပါတယ်။

အဘွားဟာ မြေးမလေးမင်္ဂဆောင်တဲ့နေ့မှာ သူမငိုနေတာကို မမြင်စေချင်လို့ အိမ်ပြင်သို့တိတ်ဆိတ်စွာ ထွက်ငိုခဲ့ပေမဲ့ ၎င်းထိမိတဲ့အခိုက်အတန့်ကို ဖမ်းယူနိုင်ခဲ့ပြီး အဘွားဟာ အိမ်တံခါးပေါက်ဘေးမှာ သူမရဲ့မျက်ရည်တွေကို သုတ်နေရင်းမှာဘဲ မြေးမလေးကတော့ အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်အဖြစ်နဲ့ သူမရဲ့ဘ၀သစ်ကိုစတင်ရန် အပြင်ကိုထွက်ဖို့ကို အဆင်သင့်ဖြစ်နေပြီ။၎င်းထိမိတဲ့ဓာတ်ပုံကို ၎င်းမင်္ဂလာပွဲအတွက် ရိုက်ကူးပေးခဲ့တဲ့ See’N Image Studio က ရုတ်တရက်ရိုက်ကူးမိသွားခဲ့ခြင်းဘဲဖြစ်ပါတယ်။ထို့နောက် သူမရဲ့ခရမ်းရောင်ဝတ်စုံနှင့်အိမ်အပြင်ဘက်တွင် ရပ်နေတဲ့ အသက် ၉၀ အရွယ်အဘွားဟာ မြေးမလေးရဲ့အထူးနေ့လေးကိုမဖျက်ဆီးလိုတာကြောင့် သူမဟာ မျက်ရည်များကို တိတ်တဆိတ်နဲ့သုတ်လိုက်ပါတယ်။၎င်းဓာတ်ပုံကို ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်မှာ Facebook ပေါ်တင်လိုက်ပြီးနောက် မြေးမလေးကိုပြသတဲ့ အဘွားရဲ့ဖြူစင်တဲ့မေတ္တာကြောင့် လူများစွာရဲ့နှလုံးသားကို ထိမိသွားစေခဲ့ပါတယ်။

အချို့သောသူများက ၎င်းဓာတ်ပုံနှင့်ဆင်တူတဲ့ဇာတ်လမ်းများကိုပင် မျှဝေခဲ့ကြပါတယ်။ “ ကျွန်မအဖွားက ကျွန်မလက်ထပ်တဲ့နေ့မှာ အခန်းထဲမှာဘဲ ပုန်းနေခဲ့တယ်” ဟု အသုံးပြုသူတစ်ဦးက ရေးသားခဲ့ပြီး အခြားအသုံးပြုသူတစ်ဦးက“ ကျွန်မအတွက် အရမ်းကို touch ဖြစ်စေတယ်၊ အဲဒါက ကွယ်လွန်သွားပြီးဖြစ်တဲ့ကျွန်မရဲ့အဖွားကို သတိရစေတယ်” ဟု ရေးသားခဲ့ပါတယ်။ငယ်စဉ်ကတည်းကနေ ကိုယ့်လက်အောက်မှာပင် ကြီးပြင်းလာခဲ့ပြီး လက်ထပ်တဲ့အထိ တွေးထားပေးတတ်တဲ့အဘွားတစ်ဦးက သူမရဲ့မြေးမလေးအတွက် ဝမ်းနည်း၊ဝမ်းသာဖြစ်နေတာကို မြင်ရခြင်းက အလွန်ကို လှပလွန်းလှပါတယ်။အချို့သောမြေးတွေဟာ မိဘများထက် အဘိုးအဘွားများကို ပိုကပ်ကြသလို အဘိုးအဘွားများကလည်း ၎င်းတို့ရဲ့မြေးလေးတွေကို အရမ်းချစ်ကြတာကို အဘိုးအဘွားနဲ့ပိုပြီး အနေနီးတဲ့သူများက ပိုသိပါလိမ့်မယ်။

Mia (KBdailynews)

Reference : goodtimes

Zawgyi

လက္ထပ္ၿပီးေနာက္ မိသားစုရွိလာေတာ့မဲ့ေျမးေလးေတြကို ျမင္ေတြ႕ရျခင္းက အဘိုးအဘြားအမ်ားစုအတြက္ ေပ်ာ္႐ႊင္စရာတစ္ခုျဖစ္ေပမဲ့လည္း ၎က ေျမးေလးေတြကို အရင္လို ေတြ႕ခ်င္သလိုမေတြ႕ႏိုင္ေတာ့တာေၾကာင့္ အဘိုးအဘြားမ်ားရဲ႕ႏွလုံးသားကို ေၾကကြဲေစပါတယ္။ခုလည္း အဘြားျဖစ္သူတစ္ဦးက သူမရဲ႕ေျမးမေလးအိမ္ေထာင္က်သြားတဲ့အခါ သူမရဲ႕မ်က္ရည္မ်ားကို သုတ္ဖို႔ အိမ္အျပင္ဘက္ကို ထြက္လာခဲ့ပုံကို ကင္မရာျဖင့္ ႐ိုက္ကူးမိခဲ့ၿပီး “ အသက္ ၉၀ အ႐ြယ္အဘြားက သူ႔ေျမးမေလးလက္ထပ္တဲ့ေန႔မွာ သူမရဲ႕မ်က္ရည္ေတြကို အိမ္ကလူေတြမသိေအာင္ အိမ္ျပင္ဘက္မွာ တိတ္ဆိတ္စြာ စီးက်ေစခဲ့တယ္” ဟုတဲ့ caption ျဖင့္ ဓာတ္ပုံဆရာက တင္ထားခဲ့ပါတယ္။၎မ်က္ရည္ဟာ အဘြားအတြက္ ဝမ္းသာျခင္းႏွင့္ဝမ္းနည္းျခင္းတို႔မွက်စီးလာခဲ့တဲ့မ်က္ရည္မ်ားသာျဖစ္ပါတယ္။

အဘြားဟာ ေျမးမေလးမဂၤေဆာင္တဲ့ေန႔မွာ သူမငိုေနတာကို မျမင္ေစခ်င္လို႔ အိမ္ျပင္သို႔တိတ္ဆိတ္စြာ ထြက္ငိုခဲ့ေပမဲ့ ၎ထိမိတဲ့အခိုက္အတန္႔ကို ဖမ္းယူႏိုင္ခဲ့ၿပီး အဘြားဟာ အိမ္တံခါးေပါက္ေဘးမွာ သူမရဲ႕မ်က္ရည္ေတြကို သုတ္ေနရင္းမွာဘဲ ေျမးမေလးကေတာ့ အိမ္ေထာင္သည္အမ်ိဳးသမီးတစ္ေယာက္အျဖစ္နဲ႔ သူမရဲ႕ဘ၀သစ္ကိုစတင္ရန္ အျပင္ကိုထြက္ဖို႔ကို အဆင္သင့္ျဖစ္ေနၿပီ။၎ထိမိတဲ့ဓာတ္ပုံကို ၎မဂၤလာပြဲအတြက္ ႐ိုက္ကူးေပးခဲ့တဲ့ See’N Image Studio က ႐ုတ္တရက္႐ိုက္ကူးမိသြားခဲ့ျခင္းဘဲျဖစ္ပါတယ္။ထို႔ေနာက္ သူမရဲ႕ခရမ္းေရာင္ဝတ္စုံႏွင့္အိမ္အျပင္ဘက္တြင္ ရပ္ေနတဲ့ အသက္ ၉၀ အ႐ြယ္အဘြားဟာ ေျမးမေလးရဲ႕အထူးေန႔ေလးကိုမဖ်က္ဆီးလိုတာေၾကာင့္ သူမဟာ မ်က္ရည္မ်ားကို တိတ္တဆိတ္နဲ႔သုတ္လိုက္ပါတယ္။၎ဓာတ္ပုံကို ၿပီးခဲ့တဲ့ ဧၿပီ ၁၁ ရက္မွာ Facebook ေပၚတင္လိုက္ၿပီးေနာက္ ေျမးမေလးကိုျပသတဲ့ အဘြားရဲ႕ျဖဴစင္တဲ့ေမတၱာေၾကာင့္ လူမ်ားစြာရဲ႕ႏွလုံးသားကို ထိမိသြားေစခဲ့ပါတယ္။

အခ်ိဳ႕ေသာသူမ်ားက ၎ဓာတ္ပုံႏွင့္ဆင္တူတဲ့ဇာတ္လမ္းမ်ားကိုပင္ မွ်ေဝခဲ့ၾကပါတယ္။ “ ကြၽန္မအဖြားက ကြၽန္မလက္ထပ္တဲ့ေန႔မွာ အခန္းထဲမွာဘဲ ပုန္းေနခဲ့တယ္” ဟု အသုံးျပဳသူတစ္ဦးက ေရးသားခဲ့ၿပီး အျခားအသုံးျပဳသူတစ္ဦးက“ ကြၽန္မအတြက္ အရမ္းကို touch ျဖစ္ေစတယ္၊ အဲဒါက ကြယ္လြန္သြားၿပီးျဖစ္တဲ့ကြၽန္မရဲ႕အဖြားကို သတိရေစတယ္” ဟု ေရးသားခဲ့ပါတယ္။ငယ္စဥ္ကတည္းကေန ကိုယ့္လက္ေအာက္မွာပင္ ႀကီးျပင္းလာခဲ့ၿပီး လက္ထပ္တဲ့အထိ ေတြးထားေပးတတ္တဲ့အဘြားတစ္ဦးက သူမရဲ႕ေျမးမေလးအတြက္ ဝမ္းနည္း၊ဝမ္းသာျဖစ္ေနတာကို ျမင္ရျခင္းက အလြန္ကို လွပလြန္းလွပါတယ္။အခ်ိဳ႕ေသာေျမးေတြဟာ မိဘမ်ားထက္ အဘိုးအဘြားမ်ားကို ပိုကပ္ၾကသလို အဘိုးအဘြားမ်ားကလည္း ၎တို႔ရဲ႕ေျမးေလးေတြကို အရမ္းခ်စ္ၾကတာကို အဘိုးအဘြားနဲ႔ပိုၿပီး အေနနီးတဲ့သူမ်ားက ပိုသိပါလိမ့္မယ္။

Mia (KBdailynews)

Leave a Comment