Uncategorized

အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၁၇ သိန်း နားကပ်လာပြီး ဒေါ်လာစျေးမှာ တစ်ဒေါ်လာ ၁၈၀၀ ကျပ်နီးပါးအထိ မြင့်တက်လာ

အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၁၇ သိန်း နားကပ်လာပြီး ဒေါ်လာစျေးမှာ တစ်ဒေါ်လာ ၁၈၀၀ ကျပ်နီးပါးအထိ မြင့်တက်လာ

 

ရန်ကုန်၊ ဩဂုတ် ၁၆

 

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် ယနေ့ ဩဂုတ်လ ၁၆ ရက်နေ့ ရွှေစျေးနှုန်းသည်

အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၆၈၈၀၀၀ ကျပ်ရှိလာပြီး အမေရိကန်ဒေါ်လာမှာလည်း တစ်ဒေါ်လာလျှင် ၁၈၀၀ ကျပ် နီးပါး

 

( အမေရိကန်တစ်ဒေါ်လာ လျှင် မြန်မာငွေကျပ် ၁၇၉၀) ရှိလာကြောင်း ရွှေကုန်သည်များနှင့်ဒေါ်လာဝယ်ရောင်းများထံမှ သိရှိရသည်။

 

ယနေ့ ဩဂုတ်လ ၁၆ ရက်နေ့တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၆၈၈၀၀၀ ကျပ်ရှိလာပြီး အမေရိကန်ဒေါ်လာမှာလည်း အမေရိကန်တစ်ဒေါ်လာ လျှင်

မြန်မာငွေကျပ် ၁၇၉၀ရှိကာ ရွှေနှင့်ဒေါ်လာ ဝယ်သူများပြားကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

 

 

“ရွှေစျေးနဲ့ ဒေါ်လာစျေးတက်တဲ့ အကြောင်းအရင်းကတော့ အများကြီးပါ။

 

ပထမ တစ်ချက်ကတော့ စစ်ကောင်စီ ဗဟိုဘဏ်ကနေ ငွေတွေ အသစ်ရိုက်ထုတ်နေတယ်။ သူတို့ အခွန်မရဘူး။ ဝင်ငွေမရှိတော့ ငွေတွေကို အတိုင်းအဆမရှိ ရိုက်ထုတ်နေတယ်ဆိုတာ သိနေကြတယ်။

 

နောက် ဘဏ်တွေ ပြိုမယ်ဆိုတဲ့ သတင်းက အတော်ကို ထွက်နေတယ်။ ဘဏ်တွေကို ဗဟိုဘဏ်ဘက်ကနေ ငွေထုတ်မပေးနိုင်တော့ဘူး။

 

အခု ဘဏ်တွေကို တစ်ပတ်ပိတ်လိုက်တာဟာ ဒီအကြောင်းတွေ ကြောင့်ပါတယ်လို့ ပြောကြတယ်။ ဒါလည်း တစ်ချက်။

 

နောက်တစ်ချက်ကတော့ နိုင်ငံရေးအခြေအနေက ဒီထက်ပိုဆိုးလာဖို့ရှိနေတယ်။ လူတွေက နိုင်ငံရေးမှာ စစ်ကောင်စီကို လုံး၀ မယုံတော့တဲ့အတွက် ရှိတဲ့ ကျပ်ငွေအစားကို ရွှေနဲ့ ဒေါ်လာ ပြောင်းကိုင်ကြတယ်။ ဒါလည်း တစ်ချက်။

 

နောက်ဆုံးအချက်ကတော့ စစ်ကောင်စီအပေါ်မှာ လူထုက ယုံကြည်မှု လုံး၀မရှိတော့တာ အဲဒါကြောင့် ဒေါ်လာနဲ့ ရွှေစျေး တက်လာတာ။

 

ထိန်းမနိုင် သိမ်းမရ တက်ပါလိမ့်မယ်” ဟု ပြည်တွင်း ရွှေကုန်သည်တစ်ဦးက ပြောသည်။

 

ပြည်တွင်း ဒေါ်လာဝယ်ရောင်းတစ်ဦးကလည်း လက်ရှိတွင် ဒေါ်လာ အဝယ် များပြားနေပြီး ဒေါ်လာဝယ်လိုပါက စျေးကွက်ပေါက်စျေးထက် အနည်းငယ် စျေးပိုပေးရသည်ဟုဆိုသည်။

 

“ဗဟိုဘဏ်ကလည်း ဒေါ်လာတွေကို သန်းနဲ့ချီ ထုတ်ရောင်းတယ်။ ဒါပေမယ့် စျေးကွက်ကလည်း ရောင်းသလောက် ဝယ်တယ်။

 

ဝယ်နေတော့ ဒေါ်လာ လိုချင်သလောက် မရဘူး။ လိုချင်သလောက်ရဖို့ဆိုရင် စျေးကွက်ပေါက်စျေးထက် စျေးပိုပေးဝယ်မှရတယ်။ အဲဒါ ပကတိအခြေအနေပေါ့။

ကျပ်ငွေအပေါ်မှာ ယုံကြည်မှု မရှိကြတော့တာ။ ဂျပန်ခေတ်ပိုက်ဆံလို ဖြစ်မယ်လို့ တချို့ စီးပွားရေးသမားကြီးတွေက သုံးသပ်နေကြပြီ” ဟု ဒေါ်လာဝယ်ရောင်း တစ်ဦးက ဆိုသည်။

 

စစ်ကောင်စီဗဟိုဘဏ်ကမူ ဒေါ်လာစျေးမြင့်တက်မှုနှင့်ပတ်သက်ပြီး စုံစမ်းအရေးယူမည်ဟု သတင်းမီဒီယာများသို့ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ က ထုတ်ဖော်ပြောဆိုထားသည်။

 

Photo – ဆင်ဟွာ

Leave a Comment