Uncategorized

ရေစက်တွေ မကုန်ပါပဲ ဝေးသွားခြင်းတွေ ..

ရေစက်တွေ မကုန်ပါပဲ ဝေးသွားခြင်းတွေ ..

လူနှစ်ယောက်တွေ့ဆုံခြင်းတွေဟာ ရေစက်ဆိုရင်တော့ … လမ်းခွဲခြင်းတွေတိုင်းကတော့ ရေစက်ကုန်ခဲ့တာမဟုတ်ဘူး ။ ဘာကြောင့်လဲဆိုရင်တော့ တချို့ဝေးသွားခြင်းတွေ စပြီးဆုံကတည်းက ရိုးသားခြင်းတွေမှ မပါခဲ့တာ ဝေးသွားရတာ မဆန်းပါဘူး ။

ဟန်ဆောင်ခြင်းတွေနဲ့ … ဘ၀ထဲကို ၀င်လာကြတယ် ချစ်လို့ပါဆိုတဲ့ မုသားတွေကို မကြာခဏသုံးတယ် ။ နောက်ဆုံးမှသာ မဖြစ်နိုင်လို့ပါဆိုတဲ့ လမ်းတွေနဲ့ ဆုံးတယ် ။ တွေ့ဆုံကြုံကွဲခြင်းဆိုတာ လောကဓံဆိုပေမယ့်လဲ တချို့လမ်းခွဲခြင်းတွေမှာ နှလုံးသားတွေ ပါသွားခဲ့ဖူးသလို တစ်ခါတစ်လေ ယုံကြည်ခြင်းတွေပါသွားရပါတယ် ။

ရေစက်ရှိလို့ဆုံကြပေမယ့်လဲ … ရေစက်မကုန်ခင်ဝေးရတဲ့လမ်းခွဲခြင်းတွေ တကယ်ရှိပါတယ် ။ မျက်ကွယ်ရောက်တာနဲ့ ကိုယ့်ကို မေ့ပြီး ပျော်ရာမှာ မေ့သွားတတ်တဲ့ လူတွေကို သစ္စာတရားတွေအကြောင်းပြောပြလို့ မရပေမယ့်လဲ တကယ်တမ်း မဖြစ်နိုင်လို့ပါဆိုတဲ့ လမ်းခွဲခြင်းတွေမှာ သစ္စာမဲ့ခဲ့ကြတာ များတယ် ။

ဟန်ဆောင်လိမ်ညာထားတဲ့မျက်နှာဖုံးတွေ ကြာကြာဖုံးဖိလို့မရတော့တဲ့ အချိန်တွေကျပြန်တော့လဲ … လူနှစ်ယောက် ဝေးရတတ်ပါသေးတယ် ။ ဥပမာ … လိုချင်တာတစ်ခုခုရှိလို့ အနားနားကပ်နေတဲ့ လူတွေဟာ လိုချင်တာ မရှိတော့အခါ ​ပင်ပန်းနေပါပြီလို့ပြောပြီး လှည့်ထွက်သွားဖို့ ၀န်မလေးကြဘူးလေ ။ ပြောင်းလဲသွားတာလဲ မဟုတ်ဘူး ရေစက်ကုန်သွားတာလဲ မဟုတ်ဘူး မျက်နှာဖုံးတွေ ကွာကျပြီး မူရင်းမျက်နှာတွေ ပေါ်လာရုံပါ ။

ေရစက္ေတြ မကုန္ပါပဲ ေဝးသြားျခင္းေတြ ..

လူႏွစ္ေယာက္ေတြ႕ဆုံျခင္းေတြဟာ ေရစက္ဆိုရင္ေတာ့ … လမ္းခြဲျခင္းေတြတိုင္းကေတာ့ ေရစက္ကုန္ခဲ့တာမဟုတ္ဘူး ။ ဘာေၾကာင့္လဲဆိုရင္ေတာ့ တခ်ိဳ႕ေဝးသြားျခင္းေတြ စၿပီးဆုံကတည္းက ႐ိုးသားျခင္းေတြမွ မပါခဲ့တာ ေဝးသြားရတာ မဆန္းပါဘူး ။

ဟန္ေဆာင္ျခင္းေတြနဲ႔ … ဘ၀ထဲကို ၀င္လာၾကတယ္ ခ်စ္လို႔ပါဆိုတဲ့ မုသားေတြကို မၾကာခဏသုံးတယ္ ။ ေနာက္ဆုံးမွသာ မျဖစ္ႏိုင္လို႔ပါဆိုတဲ့ လမ္းေတြနဲ႔ ဆုံးတယ္ ။ ေတြ႕ဆုံႀကဳံကြဲျခင္းဆိုတာ ေလာကဓံဆိုေပမယ့္လဲ တခ်ိဳ႕လမ္းခြဲျခင္းေတြမွာ ႏွလုံးသားေတြ ပါသြားခဲ့ဖူးသလို တစ္ခါတစ္ေလ ယုံၾကည္ျခင္းေတြပါသြားရပါတယ္ ။

ေရစက္ရွိလို႔ဆုံၾကေပမယ့္လဲ … ေရစက္မကုန္ခင္ေဝးရတဲ့လမ္းခြဲျခင္းေတြ တကယ္ရွိပါတယ္ ။ မ်က္ကြယ္ေရာက္တာနဲ႔ ကိုယ့္ကို ေမ့ၿပီး ေပ်ာ္ရာမွာ ေမ့သြားတတ္တဲ့ လူေတြကို သစၥာတရားေတြအေၾကာင္းေျပာျပလို႔ မရေပမယ့္လဲ တကယ္တမ္း မျဖစ္ႏိုင္လို႔ပါဆိုတဲ့ လမ္းခြဲျခင္းေတြမွာ သစၥာမဲ့ခဲ့ၾကတာ မ်ားတယ္ ။

ဟန္ေဆာင္လိမ္ညာထားတဲ့မ်က္ႏွာဖုံးေတြ ၾကာၾကာဖုံးဖိလို႔မရေတာ့တဲ့ အခ်ိန္ေတြက်ျပန္ေတာ့လဲ … လူႏွစ္ေယာက္ ေဝးရတတ္ပါေသးတယ္ ။ ဥပမာ … လိုခ်င္တာတစ္ခုခုရွိလို႔ အနားနားကပ္ေနတဲ့ လူေတြဟာ လိုခ်င္တာ မရွိေတာ့အခါ ​ပင္ပန္းေနပါၿပီလို႔ေျပာၿပီး လွည့္ထြက္သြားဖို႔ ၀န္မေလးၾကဘူးေလ ။ ေျပာင္းလဲသြားတာလဲ မဟုတ္ဘူး ေရစက္ကုန္သြားတာလဲ မဟုတ္ဘူး မ်က္ႏွာဖုံးေတြ ကြာက်ၿပီး မူရင္းမ်က္ႏွာေတြ ေပၚလာ႐ုံပါ ။

 

 

 

Leave a Comment