Wed. Oct 27th, 2021

ကိုယ့်ကို လိုတဲ့အချိန်မှာ လူတိုင်းသတိရကြတယ် အကူအညီတစ်ခုခုတောင်းဖို့ပဲ ဖြစ်ဖြစ် အဆင်မပြေတဲ့အခါပဲ ဖြစ်ဖြစ်ပေါ့ ။

ဒါပေမယ့် ကိုယ်အဆင်မပြေတဲ့အခါ ဘယ်သူ့လက်ကို ပြေးဆွဲရမလဲ ကိုယ်ကိုယ်တိုင်မသိဘူး အကူအညီတောင်းဖို့ မဟုတ်ပါဘူး ရင်ဖွင့်ဖို့လေးသက်သက်ကိုတောင် ဘယ် နားကမှ အလုပ်မအားကြဘူး ကိုယ်ပြောချင်တဲ့စကားတွေ ကိုယ်ကိုယ်တိုင် မြိုချပစ်လိုက်ရတာပါပဲ

ဒုက္ခတွေဖြစ်တဲ့အခါ . . .ဘယ်သူ့လက်ကို ပြေးဆွဲရမလဲ အမှန်အတိုင်း၀န်ခံရရင် ဘယ်သူ့လက်ကိုမှ ပြေးမမြင်မိဘူး ကိုယ့်သာလျှင် ကိုယ့်ဘ၀ရဲ့ ပဲ့ကိုင်ရှင်ပါ ကိုယ်ကိုယ်တိုင်ပဲ လမ်းပြရတယ် ပြီးတော့ ကိုယ်ကိုယ်တိုင်ပဲ ဆက်လျှောက်ရတယ် နားခိုစရာဆိုလို့ ကိုယ့်လက်မောင်းပေါ်ကိုယ် ခေါင်းအုံးအိပ်ခဲ့ရတဲ့အချိန်တွေပဲ တွေ့ပါတယ်

မွေးကတည်းက တစ်ယောက်တည်းပဲလေ အခုတစ်ယောက်တည်း ရှိတော့ကော ဘာများ ဆက်ပြီး ပြောင်းလဲသွားမှာမို့လဲ ၀မ်းနည်းစရာတွေ ကြုံလာတဲ့အခါ အားပေးတတ်တယ် ကိုယ်ရှိတယ် လဲကျသွားတဲ့အခါ ကိုယ်ကိုယ်တိုင် ကုန်းထတတ်တဲ့ လက်တစ်စုံရှိတယ် ခလုတ်တွေ အတိုက်ခံရလဲ ပြန်ပြီး ဆက်လျှောက်တတ်တဲ့ ခြေထောက်တွေ ရှိတယ် ကိုယ့်အနားမှာ ကိုယ် ရှိတယ်ဆိုတဲ့အသိနဲ့ ကိုယ်ရဲ့ရပ်တည်မှုတိုင်းမှာ ကိုယ်ကိုယ်တိုင်နဲ့ပဲ အဖော်ပြုပါတယ်

ကျွန်မ ဘယ်သူ့လက်ကို ပြေးဆွဲရမလဲဆိုတဲ့ မေးခွန်းတွေ မမေးဖြစ်တော့ဘူး အကူအညီလိုတဲ့အခါ ပြေးလာတတ်တဲ့ လူတွေအပေါ်လဲ စေတနာမပျက်တော့ဘူး ကိုယ်ပေးနိုင်တဲ့အရာ အကောင်းဆုံး ဖြစ်မယ်ဆိုတဲ့အရာကို လိပ်ပြာသန့်သန့် စေတနာသန့်သန့်နဲ့သာပေးပါတယ် ကိုယ် ဒုက္ခတွေ ဖြစ်လာတဲ့အခါ ဘယ်သူ့ကို အပြစ်တင်မနေတော့ဘူး ကိုယ်ညံ့လို့ ကိုယ်ခံရတယ်လို့ပဲ မှတ်ပါတယ် ဘယ်သူများလာကူမလဲဆိုတဲ့ ကလေးအတွေးတွေနဲ့လဲ မမျှော်ဖြစ်တော့ဘူး ကိုယ်သာလျှင် ကိုယ့်ဘ၀ရဲ့ ပဲ့ကိုင်ရှင်ပါ

တစ်နေ့နေ့တစ်ချိန်ချိန်ရောက်ရင် တကယ့်နားခိုရာကို တွေ့မှာပါဆိုတဲ့ပုံပြင်တွေကို မယုံကြည်တော့ဘူး မအားလို့ပါဆိုတဲ့ စကားတွေကို နေသားကျတဲ့ထိ သုံးသွားကြတဲ့ မိတ်ဆွေတွေကိုလဲ ကျေးဇူးတင်ပါတယ် ဒုက္ခတွေအလယ် တွန်းချခဲ့တဲ့ ရန်သူတွေကိုလဲ ကျေးဇူးတင်ပါတယ် ရင့်ကျက်လာမှုဆိုတာထက် အရင်တုန်းကလောက် အသည်းမငယ်တော့တာတွေ အမှန်ပဲ ။

ဒုက္ခတွေ ကြုံလာတဲ့အခါ ကျွန်မ ဘယ်သူ့လက်ကို ပြေးဆွဲရမလဲ ဆိုတဲ့ အတွေးတွေ ဆက်ပြီး မတွေးတော့ဘူး ကိုယ်ညံ့လို့ ကိုယ်ခံရတာတွေအတွက် သင်ခန်းစာပဲ ယူပါတယ် နောက်တစ်ခါ ဒီထက်ပိုဆင်ခြင်နိုင်အောင်ပေါ့ ။

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ

ကိုယ့္ကို လိုတဲ့အခ်ိန္မွာ လူတိုင္းသတိရၾကတယ္ အကူအညီတစ္ခုခုေတာင္းဖို႔ပဲ ျဖစ္ျဖစ္ အဆင္မေျပတဲ့အခါပဲ ျဖစ္ျဖစ္ေပါ့ ။ဒါေပမယ့္ ကိုယ္အဆင္မေျပတဲ့အခါ ဘယ္သူ႔လက္ကို ေျပးဆြဲရမလဲ ကိုယ္ကိုယ္တိုင္မသိဘူး အကူအညီေတာင္းဖို႔ မဟုတ္ပါဘူး ရင္ဖြင့္ဖို႔ေလးသက္သက္ကိုေတာင္ ဘယ္ နားကမွ အလုပ္မအားၾကဘူး ကိုယ္ေျပာခ်င္တဲ့စကားေတြ ကိုယ္ကိုယ္တိုင္ ၿမိဳခ်ပစ္လိုက္ရတာပါပဲ

ဒုကၡေတြျဖစ္တဲ့အခါ . . .ဘယ္သူ႔လက္ကို ေျပးဆြဲရမလဲ အမွန္အတိုင္း၀န္ခံရရင္ ဘယ္သူ႔လက္ကိုမွ ေျပးမျမင္မိဘူး ကိုယ့္သာလွ်င္ ကိုယ့္ဘ၀ရဲ႕ ပဲ့ကိုင္ရွင္ပါ ကိုယ္ကိုယ္တိုင္ပဲ လမ္းျပရတယ္ ၿပီးေတာ့ ကိုယ္ကိုယ္တိုင္ပဲ ဆက္ေလွ်ာက္ရတယ္ နားခိုစရာဆိုလို႔ ကိုယ့္လက္ေမာင္းေပၚကိုယ္ ေခါင္းအုံးအိပ္ခဲ့ရတဲ့အခ်ိန္ေတြပဲ ေတြ႕ပါတယ္

ေမြးကတည္းက တစ္ေယာက္တည္းပဲေလ အခုတစ္ေယာက္တည္း ရွိေတာ့ေကာ ဘာမ်ား ဆက္ၿပီး ေျပာင္းလဲသြားမွာမို႔လဲ ၀မ္းနည္းစရာေတြ ႀကဳံလာတဲ့အခါ အားေပးတတ္တယ္ ကိုယ္ရွိတယ္ လဲက်သြားတဲ့အခါ ကိုယ္ကိုယ္တိုင္ ကုန္းထတတ္တဲ့ လက္တစ္စုံရွိတယ္ ခလုတ္ေတြ အတိုက္ခံရလဲ ျပန္ၿပီး ဆက္ေလွ်ာက္တတ္တဲ့ ေျခေထာက္ေတြ ရွိတယ္ ကိုယ့္အနားမွာ ကိုယ္ ရွိတယ္ဆိုတဲ့အသိနဲ႔ ကိုယ္ရဲ႕ရပ္တည္မႈတိုင္းမွာ ကိုယ္ကိုယ္တိုင္နဲ႔ပဲ အေဖာ္ျပဳပါတယ္

ကြၽန္မ ဘယ္သူ႔လက္ကို ေျပးဆြဲရမလဲဆိုတဲ့ ေမးခြန္းေတြ မေမးျဖစ္ေတာ့ဘူး အကူအညီလိုတဲ့အခါ ေျပးလာတတ္တဲ့ လူေတြအေပၚလဲ ေစတနာမပ်က္ေတာ့ဘူး ကိုယ္ေပးႏိုင္တဲ့အရာ အေကာင္းဆုံး ျဖစ္မယ္ဆိုတဲ့အရာကို လိပ္ျပာသန္႔သန္႔ ေစတနာသန္႔သန္႔နဲ႔သာေပးပါတယ္ ကိုယ္ ဒုကၡေတြ ျဖစ္လာတဲ့အခါ ဘယ္သူ႔ကို အျပစ္တင္မေနေတာ့ဘူး ကိုယ္ညံ့လို႔ ကိုယ္ခံရတယ္လို႔ပဲ မွတ္ပါတယ္ ဘယ္သူမ်ားလာကူမလဲဆိုတဲ့ ကေလးအေတြးေတြနဲ႔လဲ မေမွ်ာ္ျဖစ္ေတာ့ဘူး ကိုယ္သာလွ်င္ ကိုယ့္ဘ၀ရဲ႕ ပဲ့ကိုင္ရွင္ပါ

တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္ေရာက္ရင္ တကယ့္နားခိုရာကို ေတြ႕မွာပါဆိုတဲ့ပုံျပင္ေတြကို မယုံၾကည္ေတာ့ဘူး မအားလို႔ပါဆိုတဲ့ စကားေတြကို ေနသားက်တဲ့ထိ သုံးသြားၾကတဲ့ မိတ္ေဆြေတြကိုလဲ ေက်းဇူးတင္ပါတယ္ ဒုကၡေတြအလယ္ တြန္းခ်ခဲ့တဲ့ ရန္သူေတြကိုလဲ ေက်းဇူးတင္ပါတယ္ ရင့္က်က္လာမႈဆိုတာထက္ အရင္တုန္းကေလာက္ အသည္းမငယ္ေတာ့တာေတြ အမွန္ပဲ ။

ဒုကၡေတြ ႀကဳံလာတဲ့အခါ ကြၽန္မ ဘယ္သူ႔လက္ကို ေျပးဆြဲရမလဲ ဆိုတဲ့ အေတြးေတြ ဆက္ၿပီး မေတြးေတာ့ဘူး ကိုယ္ညံ့လို႔ ကိုယ္ခံရတာေတြအတြက္ သင္ခန္းစာပဲ ယူပါတယ္ ေနာက္တစ္ခါ ဒီထက္ပိုဆင္ျခင္ႏိုင္ေအာင္ေပါ့ ။

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *