Amazing

ဖုန်းပြောနေရင်း ထိုင်ချဖို့နေရာရှိအောင် ချစ်သူအတွက် လူသားကုလားထိုင်အဖြစ် ပြောင်းလဲကာ သူ့ပေါင်ပေါ်အား ထိုင်စေခဲ့တဲ့ ချစ်တတ်လွန်းတဲ့ ကောင်လေး (ရုပ်သံ)

Relationship တစ်ခုမှာ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့လက်တွဲဖော်က ကျွန်တော်တို့ရဲ့ဘဝအနိမ့်အမြင့်အချိန်တွေကိုပါ အတူတူကျော်ဖြတ်ပေးကြဖို့ကို အထူးမျှော်လင့်ထားတတ်ကြပါတယ်။ခုလည်း ဒီအာရှစုံတွဲတစ်တွဲဟာ Facebook ရှိ New York page မှာ တင်ထားတဲ့ ၁၅ စက္ကန့်စာဗီဒီယိုတစ်ခုမှာ မြင်ရတဲ့အတိုင်း အပေါ်ကစာသားကိုကိုးကားပြီးအများပိုင်public နေရာမှာ လူအများအား ၎င်းတို့စုံတွဲဟာ တစ်ဦးကိုတစ်ဦးချစ်ခင်မြတ်နိုးကြောင်းကို ပြသရန် လေ့ကျင့်နေကြပုံရပါတယ်။ပန်းရောင် hoodie ကို၀တ်ထားပြီး သူ့ရဲ့ညာဘက်လက်၌ပလပ်စတစ်အိတ်တစ်လုံးကို ကိုင်ထားတဲ့ချစ်သူကောင်လေးဟာ သူ့ရဲ့ကောင်မလေးထိုင်ချရန်နေရာတစ်ခုရှိစေဖို့ သူမအတွက် သူ့ကိုယ်တိုင်အား လူသားကုလားထိုင်တစ်လုံးအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ချစ်သူကောင်မလေးက ဖုန်းပြောရင်း သူ့ကိုယ်ပေါ်ကို ထိုင်ချလိုက်တာကြောင့် အဆိုပါကောင်လေးဟာ လမ်းဘေးရှိလူသွားလမ်းတစ်နေရာရဲ့အလယ်မှာ ထိုင်နေခဲ့ရပါတယ်။ကောင်မလေးရဲ့မျက်နှာအနေအထားကို ကြည့်ပုံအရ သူမဟာ အရေးကြီးတဲ့ဖုန်းကို မဖြစ်မနေဖြေကြားနေခဲ့ပုံရပါတယ်။

ထိုမြင်ကွင်းဟာ netizen များစွာထံမှ ရောထွေးတဲ့တုံ့ပြန်မှုများစွာကို ဖြစ်ပေါ်စေခဲ့ပါတယ်။အများစုက ကောင်လေးကို အချိုမြိန်ဆုံးချစ်သူကောင်လေးအဖြစ် ချီးကျူးခဲ့ပေမယ့် အခြားသူများက ဒါဟာ အချစ်ရေးမှာ ဖြစ်သင့်တဲ့အရာမဟုတ်ဘူးလို့လည်း ပြောခဲ့ကြပါတယ်။တစ်ချို့ကလည်း သူမဟာ သူမရဲ့အခြားကောင်လေးနဲ့ဖုန်းပြောနေတာဖြစ်ကောင်းဖြစ်နိုင်ကြောင်း စနောက်ခဲ့ကြပါတယ်။အချို့ကလည်း သူမဟာ ကောင်လေးရဲ့သူမအပေါ်အလေးပေးကြင်နာမှုကိုဂရုမစိုက်ဘဲ အသုံးသာချနေတယ်လို့လည်း ဆိုခဲ့ကြပါတယ်။တုံ့ပြန်မှုများစွာကိုဖြစ်ပေါ်စေခဲ့တဲ့အရေးအကြီးဆုံးအချက်ကတော့ ၎င်းအဖြစ်အပျက်ဟာ New York မြို့ရှိ လူစည်ကားနေတဲ့လမ်းဘေးတစ်နေရာရဲ့အလယ်မှာ ဖြစ်ပွါးခဲ့ခြင်းပါဘဲ။ဖြတ်သန်းသွားလာသူများက ၎င်းတို့စုံတွဲထံအာရုံရောက်နေခဲ့ပေမဲ့ ၎င်းတို့စုံတွဲဟာ လူအများလမ်းလျှောက်မဲ့နေရာအား ပိတ်ဆို့နေခဲ့တာကိုသတိမပြုကြဘဲ လူအများအား စိတ်အနှောက်အယှက်ဖြစ်စေခဲ့ပါတယ်။

အဆိုပါချစ်သူကောင်လေးဟာ ချစ်သူကောင်မလေးရဲ့အလေးချိန်ကို တောင့်ခံပြီး ခိန်းထားပေးခဲ့ရုံသာမက ဗီဒီယိုရဲ့အဆုံးသတ်မှာ သူဟာ ကောင်မလေးရဲ့နောက်ကျောကို နမ်းရှိုက်ပေးနေခဲ့ပါသေးတယ်။ဝမ်းနည်းစရာကောင်းတာက ချစ်သူကောင်မလေးဟာ ဖုန်းပြောရင်း မအားလပ်နေတာကြောင့် သူမရဲ့ချစ်သူရဲ့၎င်းအမူအရာကို အသိအမှတ်မပြုပေးနိုင်ခဲ့ပါဘူး။သူမကတော့ သိပ်ချစ်တတ်လွန်းတဲ့ချစ်သူကောင်လေးတစ်ယောက်ကို ပိုင်ဆိုင်ထားကြောင်းကို ဒီဗီဒီယိုလေးကြည့်ရင်း သိနိုင်ပါတယ်။စာဖတ်သူတို့ကော အဲ့လိုသိပ်ချစ်တတ်တဲ့ကောင်လေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီးပြီလား။ထို့အပြင် ၎င်းတို့ရဲ့ထိုကဲ့သို့သောအပြုအမူမျိုးကို ဘယ်လိုထင်မြင်မိပါသလားဗျာ။

Mia (KBdailynews)

Reference : gtgoodtimes

Zawgyi

Relationship တစ္ခုမွာ ကြၽန္ေတာ္တို႔ဟာ ကြၽန္ေတာ္တို႔ရဲ႕လက္တြဲေဖာ္က ကြၽန္ေတာ္တို႔ရဲ႕ဘဝအနိမ့္အျမင့္အခ်ိန္ေတြကိုပါ အတူတူေက်ာ္ျဖတ္ေပးၾကဖို႔ကို အထူးေမွ်ာ္လင့္ထားတတ္ၾကပါတယ္။ခုလည္း ဒီအာရွစုံတြဲတစ္တြဲဟာ Facebook ရွိ New York page မွာ တင္ထားတဲ့ ၁၅ စကၠန္႔စာဗီဒီယိုတစ္ခုမွာ ျမင္ရတဲ့အတိုင္း အေပၚကစာသားကိုကိုးကားၿပီးအမ်ားပိုင္public ေနရာမွာ လူအမ်ားအား ၎တို႔စုံတြဲဟာ တစ္ဦးကိုတစ္ဦးခ်စ္ခင္ျမတ္ႏိုးေၾကာင္းကို ျပသရန္ ေလ့က်င့္ေနၾကပုံရပါတယ္။ပန္းေရာင္ hoodie ကို၀တ္ထားၿပီး သူ႔ရဲ႕ညာဘက္လက္၌ပလပ္စတစ္အိတ္တစ္လုံးကို ကိုင္ထားတဲ့ခ်စ္သူေကာင္ေလးဟာ သူ႔ရဲ႕ေကာင္မေလးထိုင္ခ်ရန္ေနရာတစ္ခုရွိေစဖို႔ သူမအတြက္ သူ႔ကိုယ္တိုင္အား လူသားကုလားထိုင္တစ္လုံးအျဖစ္ ေျပာင္းလဲေပးခဲ့ပါတယ္။ခ်စ္သူေကာင္မေလးက ဖုန္းေျပာရင္း သူ႔ကိုယ္ေပၚကို ထိုင္ခ်လိုက္တာေၾကာင့္ အဆိုပါေကာင္ေလးဟာ လမ္းေဘးရွိလူသြားလမ္းတစ္ေနရာရဲ႕အလယ္မွာ ထိုင္ေနခဲ့ရပါတယ္။ေကာင္မေလးရဲ႕မ်က္ႏွာအေနအထားကို ၾကည့္ပုံအရ သူမဟာ အေရးႀကီးတဲ့ဖုန္းကို မျဖစ္မေနေျဖၾကားေနခဲ့ပုံရပါတယ္။

ထိုျမင္ကြင္းဟာ netizen မ်ားစြာထံမွ ေရာေထြးတဲ့တုံ႔ျပန္မႈမ်ားစြာကို ျဖစ္ေပၚေစခဲ့ပါတယ္။အမ်ားစုက ေကာင္ေလးကို အခ်ိဳၿမိန္ဆုံးခ်စ္သူေကာင္ေလးအျဖစ္ ခ်ီးက်ဴးခဲ့ေပမယ့္ အျခားသူမ်ားက ဒါဟာ အခ်စ္ေရးမွာ ျဖစ္သင့္တဲ့အရာမဟုတ္ဘူးလို႔လည္း ေျပာခဲ့ၾကပါတယ္။တစ္ခ်ိဳ႕ကလည္း သူမဟာ သူမရဲ႕အျခားေကာင္ေလးနဲ႔ဖုန္းေျပာေနတာျဖစ္ေကာင္းျဖစ္ႏိုင္ေၾကာင္း စေနာက္ခဲ့ၾကပါတယ္။အခ်ိဳ႕ကလည္း သူမဟာ ေကာင္ေလးရဲ႕သူမအေပၚအေလးေပးၾကင္နာမႈကိုဂ႐ုမစိုက္ဘဲ အသုံးသာခ်ေနတယ္လို႔လည္း ဆိုခဲ့ၾကပါတယ္။တုံ႔ျပန္မႈမ်ားစြာကိုျဖစ္ေပၚေစခဲ့တဲ့အေရးအႀကီးဆုံးအခ်က္ကေတာ့ ၎အျဖစ္အပ်က္ဟာ New York ၿမိဳ႕ရွိ လူစည္ကားေနတဲ့လမ္းေဘးတစ္ေနရာရဲ႕အလယ္မွာ ျဖစ္ပြါးခဲ့ျခင္းပါဘဲ။ျဖတ္သန္းသြားလာသူမ်ားက ၎တို႔စုံတြဲထံအာ႐ုံေရာက္ေနခဲ့ေပမဲ့ ၎တို႔စုံတြဲဟာ လူအမ်ားလမ္းေလွ်ာက္မဲ့ေနရာအား ပိတ္ဆို႔ေနခဲ့တာကိုသတိမျပဳၾကဘဲ လူအမ်ားအား စိတ္အေႏွာက္အယွက္ျဖစ္ေစခဲ့ပါတယ္။

အဆိုပါခ်စ္သူေကာင္ေလးဟာ ခ်စ္သူေကာင္မေလးရဲ႕အေလးခ်ိန္ကို ေတာင့္ခံၿပီး ခိန္းထားေပးခဲ့႐ုံသာမက ဗီဒီယိုရဲ႕အဆုံးသတ္မွာ သူဟာ ေကာင္မေလးရဲ႕ေနာက္ေက်ာကို နမ္းရႈိက္ေပးေနခဲ့ပါေသးတယ္။ဝမ္းနည္းစရာေကာင္းတာက ခ်စ္သူေကာင္မေလးဟာ ဖုန္းေျပာရင္း မအားလပ္ေနတာေၾကာင့္ သူမရဲ႕ခ်စ္သူရဲ႕၎အမူအရာကို အသိအမွတ္မျပဳေပးႏိုင္ခဲ့ပါဘူး။သူမကေတာ့ သိပ္ခ်စ္တတ္လြန္းတဲ့ခ်စ္သူေကာင္ေလးတစ္ေယာက္ကို ပိုင္ဆိုင္ထားေၾကာင္းကို ဒီဗီဒီယိုေလးၾကည့္ရင္း သိႏိုင္ပါတယ္။စာဖတ္သူတို႔ေကာ အဲ့လိုသိပ္ခ်စ္တတ္တဲ့ေကာင္ေလးတစ္ေယာက္ကို ပိုင္ဆိုင္ထားၿပီးၿပီလား။ထို႔အျပင္ ၎တို႔ရဲ႕ထိုကဲ့သို႔ေသာအျပဳအမူမ်ိဳးကို ဘယ္လိုထင္ျမင္မိပါသလားဗ်ာ။

Mia (KBdailynews)

Leave a Comment