Amazing

ပိုးကောင်တစ်ကောင်နှင့်တစ်နှစ်ခန့်ချိန်းတွေ့ခဲ့ပြီးနောက် ရိုသေတမူပြုတဲ့အနေနဲ့ ၎င်းအားချက်ပြုတ်စားခဲ့တဲ့ အမျိုးသားတစ်ဦး

Shinohara Yuta အမည်ရှိဂျပန်လူမျိုးတစ်ဦး ဟာ ပိုးကောင်များနှင့်အင်းဆက်ပိုးမွှားများကို အလွန်ချစ်မြတ်နိုးသူဖြစ်တဲ့အပြင် Lisa အမည်ရှိပိုးဟပ်တစ်ကောင်က သူရဲ့ပထမဦးဆုံးအချစ်ဖြစ်တယ်လို့ ရည်ညွှန်းထားပါတယ်။Lisa က အာဖရိကမှတင်သွင်းပြီးမွေးမြူထားတဲ့ တန်ဖိုးကြီးပိုးဟပ်တစ်ကောင်ဖြစ်ပါတယ်။ Shinohara Yuta ဟာ သူက Lisa နှင့်အမှန်တကယ် ဆက်သွယ်နိုင်ပြီး ဘယ်မိန်းကလေးကမှ Lisa လောက်ဆွဲဆောင်မှုမရှိဘူးလို့ ဆိုပါသေးတယ်။ဒါကတော့ သင့်အတွက် အတော့်ကိုထူးဆန်းနေမှာပါ။ Shinohara က ပိုးကောင်ကိုဘာကြောင့်ချစ်မိသွားတာလဲဆိုတာကိုတော့ စိတ်ကူးကြည့်ဖို့ခက်ပေမယ့် သူဟာ entomophagist ( အင်းဆက်ပိုးမွှားများကိုစားသုံးသူ)တစ်ယောက်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။တကယ်တော့ Shinohara ဟာ အင်းဆက်ပိုးကောင်မျိုးစုံကိုရောမွှေခြင်းဖြင့် သူ့ဆိုင်မှာရောင်းတဲ့အစားအစာများကိုဖန်တီးကာ အသက်မွေးဝမ်းကျောင်းပြုပါတယ်။

အံ့သြစရာကောင်းတာက သူ့မှာကြီးမားတဲ့၀ယ်သူများအတွက် အခြေစိုက်စခန်းရှိတဲ့အပြင် ပိုးကောင်များကိုစားသုံးခြင်းဖြင့် ငွေအမြောက်အမြားရယူရန် TV show များမှာ ပါဝင်လို့ရပေမဲ့လည်း မပါဝင်ဘဲ Shinohara ဟာ ပိုးကောင်များစားသုံးခြင်းရဲ့ကျန်းမာရေးအကျိုးကျေးဇူးအကြောင်းကို လူများအား စည်းရုံးသိမ်းသွင်းဖို့အတွက် တစ်ကိုယ်တည်းဆက်လက်ကြိုးစားနေဆဲဖြစ်ပါတယ်။Lisa ဟာ သူ့နဲ့ဆက်သွယ်နိုင်ခဲ့လား ၊ မဆက်သွယ်နိုင်ခဲ့လာဆိုတာကိုတော့ မသိပေမဲ့ Shinohara က သူဟာ Lisa နှင့်တွဲနေတဲ့တစ်နှစ်ပတ်လုံးမှာ Lisa ကို သေးငယ်တဲ့ပိုးဟပ်လို့မမြင်ဘဲ လူသားနှင့်ရွယ်တူတဲ့သတ္တဝါအဖြစ် မြင်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။

သို့ပေမယ့် ကျွန်တော်တို့အားလုံးသိထားတဲ့အတိုင်း ပိုးကောင်များဟာ သက်တမ်းအတိအကျတော့ မရှိကြပါဘူး။Shinohara နှင့် “ချိန်းတွေ့”ပြီး တစ်နှစ်အကြာမှာဘဲ Lisa က သေဆုံးသွားခဲ့ပါတယ်။ထို့နောက် လေးစားရိုသေသောအားဖြင့် Shinohara ဟာ ထိုပိုးကောင်ကို ချက်ပြုတ်ပြီး စားသုံးခဲ့ပါတယ်။ “ဒါဆို အခု Lisa က ငါ့နှလုံးသားထဲမှာနေပြီး ငါ့ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ ဆက်လက်ရှင်သန်နေတယ် ” လို့ Shinohara က ထိုကဲ့သို့ရှင်းပြခဲ့ပါသေးတယ်။အင်တာနက်သုံးစွဲသူများက Shinohara ဟာ entomophagist တစ်ဦးဖြစ်ပြီး သူဟာ တစ်ကိုယ်တည်းသမားသာဖြစ်ပုံရကြောင်း ၊ထို့အပြင် ဂျပန်ဆိုတဲ့အတိုင်း မရိုးရအောင် ထူးခြားဆန်းပြားလိုက်ရမှလားဆိုပြီးတော့လည်း လူတစ်ဦးက ထို့ကဲ့သို့မှတ်ချက်ပေးခဲ့ပါတယ်။

Mia (KBdailynews)

Reference : rachfeed

Zawgyi

Shinohara Yuta အမည္ရွိဂ်ပန္လူမ်ိဳးတစ္ဦး ဟာ ပိုးေကာင္မ်ားႏွင့္အင္းဆက္ပိုးမႊားမ်ားကို အလြန္ခ်စ္ျမတ္ႏိုးသူျဖစ္တဲ့အျပင္ Lisa အမည္ရွိပိုးဟပ္တစ္ေကာင္က သူရဲ႕ပထမဦးဆုံးအခ်စ္ျဖစ္တယ္လို႔ ရည္ၫႊန္းထားပါတယ္။Lisa က အာဖရိကမွတင္သြင္းၿပီးေမြးျမဴထားတဲ့ တန္ဖိုးႀကီးပိုးဟပ္တစ္ေကာင္ျဖစ္ပါတယ္။ Shinohara Yuta ဟာ သူက Lisa ႏွင့္အမွန္တကယ္ ဆက္သြယ္ႏိုင္ၿပီး ဘယ္မိန္းကေလးကမွ Lisa ေလာက္ဆြဲေဆာင္မႈမရွိဘူးလို႔ ဆိုပါေသးတယ္။ဒါကေတာ့ သင့္အတြက္ အေတာ့္ကိုထူးဆန္းေနမွာပါ။ Shinohara က ပိုးေကာင္ကိုဘာေၾကာင့္ခ်စ္မိသြားတာလဲဆိုတာကိုေတာ့ စိတ္ကူးၾကည့္ဖို႔ခက္ေပမယ့္ သူဟာ entomophagist ( အင္းဆက္ပိုးမႊားမ်ားကိုစားသုံးသူ)တစ္ေယာက္ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။တကယ္ေတာ့ Shinohara ဟာ အင္းဆက္ပိုးေကာင္မ်ိဳးစုံကိုေရာေမႊျခင္းျဖင့္ သူ႔ဆိုင္မွာေရာင္းတဲ့အစားအစာမ်ားကိုဖန္တီးကာ အသက္ေမြးဝမ္းေက်ာင္းျပဳပါတယ္။

အံ့ၾသစရာေကာင္းတာက သူ႔မွာႀကီးမားတဲ့၀ယ္သူမ်ားအတြက္ အေျခစိုက္စခန္းရွိတဲ့အျပင္ ပိုးေကာင္မ်ားကိုစားသုံးျခင္းျဖင့္ ေငြအေျမာက္အျမားရယူရန္ TV show မ်ားမွာ ပါဝင္လို႔ရေပမဲ့လည္း မပါဝင္ဘဲ Shinohara ဟာ ပိုးေကာင္မ်ားစားသုံးျခင္းရဲ႕က်န္းမာေရးအက်ိဳးေက်းဇူးအေၾကာင္းကို လူမ်ားအား စည္း႐ုံးသိမ္းသြင္းဖို႔အတြက္ တစ္ကိုယ္တည္းဆက္လက္ႀကိဳးစားေနဆဲျဖစ္ပါတယ္။Lisa ဟာ သူ႔နဲ႔ဆက္သြယ္ႏိုင္ခဲ့လား ၊ မဆက္သြယ္ႏိုင္ခဲ့လာဆိုတာကိုေတာ့ မသိေပမဲ့ Shinohara က သူဟာ Lisa ႏွင့္တြဲေနတဲ့တစ္ႏွစ္ပတ္လုံးမွာ Lisa ကို ေသးငယ္တဲ့ပိုးဟပ္လို႔မျမင္ဘဲ လူသားႏွင့္႐ြယ္တူတဲ့သတၱဝါအျဖစ္ ျမင္ခဲ့ေၾကာင္း ဆိုခဲ့ပါတယ္။

သို႔ေပမယ့္ ကြၽန္ေတာ္တို႔အားလုံးသိထားတဲ့အတိုင္း ပိုးေကာင္မ်ားဟာ သက္တမ္းအတိအက်ေတာ့ မရွိၾကပါဘူး။Shinohara ႏွင့္ “ခ်ိန္းေတြ႕”ၿပီး တစ္ႏွစ္အၾကာမွာဘဲ Lisa က ေသဆုံးသြားခဲ့ပါတယ္။ထို႔ေနာက္ ေလးစား႐ိုေသေသာအားျဖင့္ Shinohara ဟာ ထိုပိုးေကာင္ကို ခ်က္ျပဳတ္ၿပီး စားသုံးခဲ့ပါတယ္။ “ဒါဆို အခု Lisa က ငါ့ႏွလုံးသားထဲမွာေနၿပီး ငါ့ခႏၶာကိုယ္ရဲ႕အစိတ္အပိုင္းတစ္ခုအေနနဲ႔ ဆက္လက္ရွင္သန္ေနတယ္ ” လို႔ Shinohara က ထိုကဲ့သို႔ရွင္းျပခဲ့ပါေသးတယ္။အင္တာနက္သုံးစြဲသူမ်ားက Shinohara ဟာ entomophagist တစ္ဦးျဖစ္ၿပီး သူဟာ တစ္ကိုယ္တည္းသမားသာျဖစ္ပုံရေၾကာင္း ၊ထို႔အျပင္ ဂ်ပန္ဆိုတဲ့အတိုင္း မ႐ိုးရေအာင္ ထူးျခားဆန္းျပားလိုက္ရမွလားဆိုၿပီးေတာ့လည္း လူတစ္ဦးက ထို႔ကဲ့သို႔မွတ္ခ်က္ေပးခဲ့ပါတယ္။

Mia (KBdailynews)

Leave a Comment