Amazing

ချစ်ဇနီးကို ချစ်ကြောင်းဖော်ပြဖို့ သူ့ရဲ့လက်ဖျံပေါ်မှာ လက်ထပ်ထိမ်းမြားခြင်းလက်မှတ်တက်တူးထိုးပြခဲ့တဲ့ အမျိုးသား

မကြာသေးခင်က Facebook post တစ်ခုမှာ အမျိုးသားတစ်ဦးဟာ ဇနီးဖြစ်သူအား သိပ်ချစ်ကြောင်းကို ဖော်ပြဖို့ အခြားသူနှင့်မတူတဲ့နည်းလမ်းတစ်ခုကို ပြုလုပ်ခဲ့ပြီး သူ့တို့ရဲ့လက်ထပ်ထိမ်းမြားခြင်းလက်မှတ်ကို တက်တူးထိုးကာ သူ့ရဲ့အချစ်စစ်ကို ပြသခဲ့ပါတယ်။ပြီးခဲ့တဲ့ တနင်္လာနေ့က Om-Daraployphan ဆိုသူဟာ သူမရဲ့ခင်ပွန်းရဲ့လက်ဖျံပေါ်က လက်ထပ်ထိမ်းမြားခြင်းလက်မှတ်တက်တူးဓာတ်ပုံများကို Facebook ပေါ်သို့ ကြွားထုတ်ခဲ့ပါတယ်။အဆိုပါ တက်တူးရဲ့ဘေးဘောင်များကို အစိမ်းရောင်နှင့်ပန်းရောင်ပန်းပွင့်များဖြင့် ပြုလုပ်ထားပြီး ၎င်းတက်တူးဟာ ခင်ပွန်းဖြစ်သူရဲ့လက်ဖျံကြောကို ဖုံးကွယ်ကာ နေရာယူသွားခဲ့ပါတယ်။

Om-Daraployphan ရဲ့ Facebook caption မှာ “ အချစ်ရဲ့ ‘အလုပ်’ က တစ်စုံတစ်ဦးအား ချစ်ခြင်းမေတ္တာကိုပေးပြီး ပြန်လည်ရယူရန်ဘဲ ဖြစ်တယ် ၊ အချစ်ကို ရှာရန် မခက်ခဲပါဘူး ၊ အကြောင်းက ‘ငါ’ ဟာ သာမန်လူတွေကို သဘောကျနှစ်သက်လို့ဘဲ ” လို့ ရေးသားခဲ့ပြီး ခင်ပွန်းဖြစ်သူရဲ့လုပ်ရပ်က sweet ဖြစ်လွန်းပေမဲ့ Daraployphan ဟာ သူမရဲ့ချစ်ခြင်းမေတ္တာအရင်းအမြစ်က ကြည့်ကောင်းနေဖို့ မလိုအပ်ကြောင်း ဆိုခဲ့ပါသေးတယ်။တက်တူးထိုးခြင်းက နာကျင်ရသလို သေရာပါအမှတ်လို ဖြစ်သွားတတ်ပေမဲ့ ချစ်တတ်လွန်းတဲ့ခင်ပွန်းအတွက်တော့ မပြောပလောက်ပါဘူး။

ထို့ပြင် သူမက ခင်ပွန်းဖြစ်သူကဲ့သို့ ၎င်းတို့ရဲ့လက်ထပ်ထိမ်းမြားခြင်းလက်မှတ်ကို သူမရဲ့လက်ဖျံပေါ်ထိုးဖို့ အစီအစဉ်ချထားခဲ့ပေမဲ့ “ ကွာရှင်းလက်မှတ်က ကျွန်မတက်တူးထိုးတာကို လက်မခံဘူးလို့ ပြောတယ် haha … ” လို့ နောက်ပြောင်ရေးသားခဲ့ပါတယ်။၎င်းကဲ့သို့ တက်တူးထိုးခြင်းက တရားဝင်စာရွက်စာတမ်းများနှင့်မကိုက်ညီသော်ငြားလည်း အကယ်လို့ သူတို့ရဲ့တကယ့်ထိမ်းမြားလက်မှတ်စာရွက်ကြီး ပျောက်ဆုံးသွားခဲ့ရင်တော့ သူတို့အတွက် အတော်လေး အကူအညီဖြစ်သွားစေမှာပါ။ဟုတ်ပါပီ စာဖတ်သူတို့လည်း အိမ်က ချစ်ရသူကို ချစ်ကြောင်းဖော်ပြဖို့ ဒီလိုနည်းလမ်းလေးတွေနဲ့ ဖော်ပြလို့ရပါတယ်နော်။

Mia (kbdailynews)

Reference : thesmartlocal

Zawgyi

မၾကာေသးခင္က Facebook post တစ္ခုမွာ အမ်ိဳးသားတစ္ဦးဟာ ဇနီးျဖစ္သူအား သိပ္ခ်စ္ေၾကာင္းကို ေဖာ္ျပဖို႔ အျခားသူႏွင့္မတူတဲ့နည္းလမ္းတစ္ခုကို ျပဳလုပ္ခဲ့ၿပီး သူ႔တို႔ရဲ႕လက္ထပ္ထိမ္းျမားျခင္းလက္မွတ္ကို တက္တူးထိုးကာ သူ႔ရဲ႕အခ်စ္စစ္ကို ျပသခဲ့ပါတယ္။ၿပီးခဲ့တဲ့ တနလၤာေန႔က Om-Daraployphan ဆိုသူဟာ သူမရဲ႕ခင္ပြန္းရဲ႕လက္ဖ်ံေပၚက လက္ထပ္ထိမ္းျမားျခင္းလက္မွတ္တက္တူးဓာတ္ပုံမ်ားကို Facebook ေပၚသို႔ ႂကြားထုတ္ခဲ့ပါတယ္။အဆိုပါ တက္တူးရဲ႕ေဘးေဘာင္မ်ားကို အစိမ္းေရာင္ႏွင့္ပန္းေရာင္ပန္းပြင့္မ်ားျဖင့္ ျပဳလုပ္ထားၿပီး ၎တက္တူးဟာ ခင္ပြန္းျဖစ္သူရဲ႕လက္ဖ်ံေၾကာကို ဖုံးကြယ္ကာ ေနရာယူသြားခဲ့ပါတယ္။

Om-Daraployphan ရဲ႕ Facebook caption မွာ “ အခ်စ္ရဲ႕ ‘အလုပ္’ က တစ္စုံတစ္ဦးအား ခ်စ္ျခင္းေမတၱာကိုေပးၿပီး ျပန္လည္ရယူရန္ဘဲ ျဖစ္တယ္ ၊ အခ်စ္ကို ရွာရန္ မခက္ခဲပါဘူး ၊ အေၾကာင္းက ‘ငါ’ ဟာ သာမန္လူေတြကို သေဘာက်ႏွစ္သက္လို႔ဘဲ ” လို႔ ေရးသားခဲ့ၿပီး ခင္ပြန္းျဖစ္သူရဲ႕လုပ္ရပ္က sweet ျဖစ္လြန္းေပမဲ့ Daraployphan ဟာ သူမရဲ႕ခ်စ္ျခင္းေမတၱာအရင္းအျမစ္က ၾကည့္ေကာင္းေနဖို႔ မလိုအပ္ေၾကာင္း ဆိုခဲ့ပါေသးတယ္။တက္တူးထိုးျခင္းက နာက်င္ရသလို ေသရာပါအမွတ္လို ျဖစ္သြားတတ္ေပမဲ့ ခ်စ္တတ္လြန္းတဲ့ခင္ပြန္းအတြက္ေတာ့ မေျပာပေလာက္ပါဘူး။

ထို႔ျပင္ သူမက ခင္ပြန္းျဖစ္သူကဲ့သို႔ ၎တို႔ရဲ႕လက္ထပ္ထိမ္းျမားျခင္းလက္မွတ္ကို သူမရဲ႕လက္ဖ်ံေပၚထိုးဖို႔ အစီအစဥ္ခ်ထားခဲ့ေပမဲ့ “ ကြာရွင္းလက္မွတ္က ကြၽန္မတက္တူးထိုးတာကို လက္မခံဘူးလို႔ ေျပာတယ္ haha … ” လို႔ ေနာက္ေျပာင္ေရးသားခဲ့ပါတယ္။၎ကဲ့သို႔ တက္တူးထိုးျခင္းက တရားဝင္စာ႐ြက္စာတမ္းမ်ားႏွင့္မကိုက္ညီေသာ္ျငားလည္း အကယ္လို႔ သူတို႔ရဲ႕တကယ့္ထိမ္းျမားလက္မွတ္စာ႐ြက္ႀကီး ေပ်ာက္ဆုံးသြားခဲ့ရင္ေတာ့ သူတို႔အတြက္ အေတာ္ေလး အကူအညီျဖစ္သြားေစမွာပါ။ဟုတ္ပါပီ စာဖတ္သူတို႔လည္း အိမ္က ခ်စ္ရသူကို ခ်စ္ေၾကာင္းေဖာ္ျပဖို႔ ဒီလိုနည္းလမ္းေလးေတြနဲ႔ ေဖာ္ျပလို႔ရပါတယ္ေနာ္။

Mia (kbdailynews)

Leave a Comment