Amazing

ယောကျာ်းလေးအဖြစ်မွေးဖွားခဲ့ပြီး ပြောင်းလဲမှုများပြုလုပ်ကာ အောင်မြင်မှုများပိုင်ဆိုင်နေပြီဖြစ်တဲ့ ထိုင်းမင်းသမီးတစ်ဦး

Yoshi Rinrada ဟာ ထိုင်းနိုင်ငံရဲ့ အကျော်ကြားဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ကမ္ဘာတစ်ဝှမ်း မရေတွက်နိုင်တဲ့ ပရိသတ်များစွာ ပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ် ။ သူမက တောက်ပပြီး လှပတဲ့ခန္ဓာကိုယ်နဲ့ အရုပ်လို မျက်နှာပေါက်ကို ပိုင်ဆိုင်ထားတာကြောင့် Rinrada ဟာ ကုန်အမှတ်တံဆိပ်များအကြား အကြိုက်ဆုံးဖြစ်ပြီး ထိုင်းနိုင်ငံရဲ့အကျော်ကြားဆုံးထောက်ခံသူများအနက်မှ တစ်ဦးဖြစ်လာခဲ့ပါတယ် ။ သူမဟာ အလွန်ထိတ်လန့်ဖွယ်ကောင်းတဲ့ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြသခဲ့ပါတယ် ။

ဒါ့ကြောင့် သူမရဲ့ follower တွေက တုန်လှုပ်ခြောက်ခြားသွားခဲ့ပါတယ် ။ သူမဟာ ယောက်ျားလေးအဖြစ် မွေးဖွားလာခဲ့ပြီး ၁၅ နှစ်အရွယ်မှစပြီး အမျိုးသမီးအဖြစ် ပြောင်းလဲခဲ့ပါတယ် ။ Rinrada ဟာ ငယ်ရွယ်စဉ်က ယောက်ျားဖြစ်ခြင်းဟာ သူ့အတွက် မသင့်တော်ဘူးလို့ထင်မြင်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးအဖြစ် စတင်မိတ်ဆက်ခဲ့ပြီး ပြည့်စုံတဲ့ မိန်းကလေးတစ်ဦး နဲ့ တူအောင်ကြိုးစားခဲ့ပါတယ် ။

အထူးသဖြင့် Rinrada ဟည အလွန်လှပနေတာကြောင့် လူအများစုက ယောက်ျားအဖြစ် မွေးဖွားခဲ့တယ်ဆိုတာကို မယုံနိုင်လောက်အောင်ဖြစ်ခဲ့ရပါတယ် ။ သူမရဲ့ဓါတ်ပုံတွေကို ပထမဆုံးမြင်တုန်းက အမျိုးသမီးတစ်ယောက်လို့ သင်ထင်မိမယ်ဆိုတာ သိပါတယ် ။

အခြားသူများက သူမယောက်ျားအဖြစ် မွေးဖွားလာတာကို တစ်ချိန်လုံးသိခဲ့ကြသော်လည်း သူမရဲ့ တိမ်းညွတ်မှုက ဘယ်လိုပင်ရှိနေပါစေ သူမရဲ့ အလှအပကို လေးစားတန်ဖိုးထားဆဲဖြစ်ပါတယ် ။

JRose (KB Chimmy One)

Reference : rachfeed

zawgyi






JRose (KB Chimmy One)

Reference : rachfeed

Leave a Comment