Fri. Jan 21st, 2022
အညစ်အကြေးများကဲ့သို့ အနံ့ရှိသည့် ငှက်တစ်ကောင်
ငှက်‌ေတွရဲ့ ကမ္ဘာက အံ့မခန်းပါပဲ။ မျိုးစိတ်များစွာက ထူးခြားသောအသွင်အပြင်များဖြင့် မွေးဖွားလာတဲ့ အတွက်ကြောင့် မည်သည့်နေရာ၌မဆို ထင်ရှားပေါ်လွင်စေပါတယ်။ ၎င်း၏အမွေးအတောင်များ၊ ကြီးမားသောအမောက်၊ ထင်ရှားပေါ်လွင်သော မိုဟောက် ဒါမှမဟုတ် စွဲမက်ဖွယ်ကောင်းတဲ့ အမြီးရှည်တွေက ထိုငှက်တွေကို နာမည်ကြီးစေနိုင်ပါတယ်။
ယခုအခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျကနေ လိမ္မော်ရောင် အမောက်၊ အပြာရောင်မျက်နှာနှင့် အညစ်အကြေးများကဲ့သို့ အနံ့ရှိသော ငှက်တစ်ကောင်အကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ထိုငှက်တွေက အပြာရောင်မျက်နှာနှင့် လိမ္မော်ရောင် အမောက်များရှိပါတယ်။ ဒါတွေက လူသားတွေရဲ့ ကမ္ဘာမှာဆိုရင် ဂြိုလ်သားလို့တောင် ပြောလို့ရပါတယ်။
ထိုကောင်တွေက အလွန်ရယ်စရာကောင်းတဲ့ အညစ်အကြေးကဲ့သို့ အနံ့ကြောင့်လည်း လူသိများပါတယ်။ ထိုအနံ့ကတော့ သူ့ရဲ့ ထူးခြားသော အစာခြေစနစ်ကြောင့်ပဲ ဖြစ်ပါတယ်။
Hoatzins ငှက်တွေက အရှည် ၂၅ လက်မခန့်အထိ အရွယ်အစားကြီးမားတဲ့ ငှက်တွေ ဖြစ်ကြပါတယ်။ ထိုကောင်တွေကို တွားသွားငှက်၊ စကြန့်ငှက်၊ စော်နံငှက် ဒါမှမဟုတ် Canje pheasant စတဲ့ နာမည်ပေါင်းများစွာဖြင့် ခေါ်ဝေါ်ကြပါတယ်။
ထိုမျိုးစိတ်တွေက အဓိကအားဖြင့် တောင်အမေရိက၊ အမေဇုန်၊ နှင့် Orinoco ဝှမ်းဒေသများမှဖြစ်ပြီး ဘရာဇီးနိုင်ငံ၏ နယ်နိမိတ်တွင် အနောက်နှင့် အနောက်မြောက်နိုင်ငံများတွင် အများဆုံး တွေ့ရပါတယ်။
ထိုငှက်တွေက အရွက်တွေကို အဓိက စားသုံးကြပါတယ်။ ထိုကောင်တွေက foregut fermentation ဟုခေါ်သော ထူးခြားတဲ့လုပ်ငန်းစဉ်ကို လုပ်ဆောင်ကြပါတယ်။ ထိုကောင်တွေက သစ်သီးများနှင့် ပန်းအချို့ကို စားသုံးကြသည်ကိုလည်း တွေ့မြင်ကြရပါတယ်။
အမတွေက တစ်နှစ်သားအရွယ်မှာ စတင်မျိုးပွားနိုင်ပါပြီ။ အဖော်ရှာပြီးနောက်မှာ ဥ များကို ဥသည့်‌ေနရာတွင်ပင် အသိုက်ကို ဆောက်လုပ်ကြပါတယ်မည်။ ထို့နောက် အထီး‌ေတွရဲ့အကူအညီဖြင့် အကောင်ပေါက်သည်အထိ အစာကျွေး‌ေမွးကြပါတယ်။
နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်။
Sources Aubtu.biz
Written One Daily Media
Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ Source 
‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။
zawgyi
Sources Aubtu.biz
Leave a Reply
Your email address will not be published. Required fields are marked *