Fri. Jan 21st, 2022

အရောင်တောက်တောက်နှင့် Woodnymphငှက်လေး

သဘာဝပတ်ဝန်းကျင်မှာ လှပတဲ့ ငှက်များစွာရှိပါတယ်။ အဆိုပါ သေးငယ်တဲ့ သတ္တဝါ‌ေလး‌ေတွက ၎င်းတို့၏ တစ်မျိုးတည်းသော အမွေးအမှင်များ ရှိပြီး အဖိုးတန် ပျံသန်းနိုင်သော ကျောက်မျက်ရတနာများ ရှိကြပါတယ်။ အချို့ငှက်တွေက ဒဏ္ဍာရီစာအုပ်များမှ ခုန်ထွက်လာသ‌ေယာင် ဒါမှမဟုတ် ထူးချွန်တဲ့ အနုပညာရှင်များ၏ အနုပညာလက်ရာများသဖွယ် ဖြစ်ကြပါတယ်။

ယခုအခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျ့ကနေ ထိုဒဏ္ဍာရီထဲက ငှက်လေးတွေကို မြင်တွေ့နိုင်မယ့် အခွင့်အရေးကို ပရိတ်သတ်တွေထံ ပြ‌သပေးသွားမှာ ဖြစ်ပါတယ်။

ထိုငှက်လေးတွေက အမွေးအားဖြင့် တောက်ပကြပြီး သူတို့ရဲ့ အမွေးတွေက ဆွဲဆောင်မှုတစ်ခုပါ။ ဆံချည်မျှင် နက်ပြာရောင်ကဲ့သို့ မျက်လုံးတွေကလည်း အရည်ပျော်သွားစေနိုင်ပါတယ်။

အထီးနှင့် အမမှာတော့ ကွာခြားမှုတွေ ရှိပါတယ်။ ငှက်အထီးများနှင့် နှိုင်းယှဉ်ကြည့်ပါက အမများက အစိမ်းရောင် အပေါ်ပိုင်းများနှင့် အနည်းငယ် မှုန်ဝါးနေပါ်။ ရင်ဘတ်ပိုင်း နှင့် ဗိုက်နှစ်ဖက်တွင် အစိမ်းရောင် အစက်အပြောက်များ ပါရှိသည့် မီးခိုးရောင်အောက်ခံများ ရှိပါတယ်။ အမတွေရဲ့ အမြီးကတော့ အဖြူရောင်အစွန်းများပါတဲ့ အပြာရောင်ဖြစ်ပါတယ်။

ထိုသစ်သားငှက်တွေက hummingbird Trochilidae အမျိုးနွယ်တွေ ဖြစ်ကြပါတယ်။သူတို့ရဲ့ နေရပ်ကတော့ အမေရိက ဖြစ်ပြီး ထိုမှတဆင့် Belize နှင့် Guatemala တို့တွင် ဖြန့်ကျက်ပြီး Columbia နှင့် Peru သို့ ခြေဆန့်ကြပါတယ်။

ထိုမျိုးစိတ်များကို အပူပိုင်းဒေသ ဒါမှမဟုတ် စိုစွတ်သော မြေနိမ့်ပိုင်း သစ်တောများ နှင့် စိုစွတ်သော မွန်တန်သစ်တောများတွင် အများအားဖြင့် တွေ့ရှိရပါတယ်။ သို့သော် တစ်ခါတစ်ရံတွင် ထိုကောင်တွေက ထူထပ်စွာ ပျက်စီးယိုယွင်းနေသော သစ်တောဟောင်းများ တည်ရှိရာနေရာများတွင်လည်း နေထိုင်ကြပါတယ်။

မျိုးပွားရာသီတွင် အဖော်ရှာပြီးနောက် ငှက်မတွေက မြေပြင် 1မီတာ မှ 5 မီတာခန့်အကွာရှိ အကာအကွယ်ချုံပင် ဒါမှမဟုတ် သစ်ပင်တွင် အသိုက်ကို စတင်တည်ဆောက်ကြပါတယ်။ ထိုခွက်ပုံသဏ္ဍာန်အသိုက်ကို အပင်မျှင်များ၊ အစိမ်းရောင်ရေညှိများ၊ ပျော့ပျောင်းသောပစ္စည်းများနှင့် ပင့်ကူဝက်ဘ်များဖြင့် ပြုလုပ်ထားပါတယ်။

နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်

Sources Aubtu.biz

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ Source 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

 

Leave a Reply

Your email address will not be published. Required fields are marked *