Heterochromiaနှင့် ခြေချောင်းအပိုပါသောကြောင့် ပိုင်ရှင်တွေရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ ကြောင်လေး
Sansa အမည်ရှိတဲ့ ကြောင်လေးကတော့ 1နှစ်ခွဲ အရွယ်ကစပြီး သူမ၏ယခင်ပိုင်ရှင်များက ဂရုမစိုက်ဘဲစွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ နယူးယောက်စီးတီးမှ ငါးနှစ်အရွယ်နှင်းကြောင်ေလးတစ်ကောင်ဖြစ်ပါတယ်။
ယခုအခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျကနေ ပိုင်ရှင်တွေ မလိုချင်လို့ စွန့်ပစ်ခဲ့တဲ့ ကြောင်လေးဟာ ဘယ်လိုပုံစံဖြစ်နေပြီလဲဆိုတာ ပြသပေးသွားမှာ ဖြစ်ပါတယ်။
ယခုအခါမှာတော့ ၊Sansaက သူမရဲ့ သခင်အသစ်နဲ့ ပျော်မွေ့နေပြီ ဖြစ်ပါတယ်။လူတော်တော်များများက Sansa ရဲ့ ထူးခြားတဲ့အရောင်အသွေးရှိတဲ့ မျက်လုံးတွေနဲ့ ခြေချောင်းလေးတွေရဲ့ ထူးခြားမှုကို သူတို့ဘယ်လောက်နှစ်သက်ကြောင်း ဖော်ပြခဲ့ကြပါတယ်’ လို့ Karen က ဆိုပါတယ်။
သူမက ရှားပါးသောအခြေအနေ heterochromia ဖြင့်မွေးဖွားလာခဲ့ပြီး မတူညီတဲ့ မျက်လုံးအရောင်နှစ်ရောင်ရှိပါတယ်-။ တစ်ဖက်က အပြာရောင်ဖြစ်ပြီး နောက်တစ်ဖက်ကတော့ အစိမ်းရောင် ဖြစ်ပါတယ်။
ဒါ့အပြင် သူမက polydactyly ရှိပါတယ်။ သူမက ခြေချောင်းများအပိုနှင့်အတူမွေးဖွားလာခဲ့ပါတယ်။
Bored Panda နှင့် အင်တာဗျူးတစ်ခုတွင် Karan က သူမနှင့်သူမ၏ခင်ပွန်း Jack က မန်ဟက်တန်ရှိ Petco တွင် မွေးစားပွဲတစ်ခုမှ အသက် တစ်နှစ်ခွဲအရွယ် ကလေးမလေးကို 2016 ခုနှစ် ဇူလိုင်လတွင် မွေးစားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် Karanက သူမ
ကို အရင်ပိုင်ရှင်တွေက စွန့်ပစ်ခဲ့တာလို့ ကျွန်မတို့ကို ပြောခဲ့ပေမယ့် ဘာကြောင့်လဲဆိုတာကို ကျွန်မတို့ မသိပါဘူး။ သူမဟာ အခုဆို အသက် 5 နှစ်ရှိပြီဖြစ်ပြီး ဒီဇင်ဘာ 1 ရက်မှာ 6 နှစ်ပြည့်ပြီ (သူမမှာ မှတ်တမ်းမရှိတဲ့အတွက် သူမရဲ့ ခန့်မှန်းမွေးနေ့)” လို့ Karen က Bored Panda ကို ပြောပြခဲ့ပါတယ်။
Sansa က ယဉ်ပါးပြီး အရိပ်အကဲသိတဲ့ ကောင်မလေးပါ။ သူမရဲ့ သခင်တွေကိုလည်း မျက်ခြေပျက်မခံပါဘူး။ ဒါ့အပြင် သူမ ဗိုက်ဆာလာတဲ့ အချိန်တိုင်း မီးဖိုချောင်ရှေ့မှာ အစာမကျွေးမချင်း ပိတ်ရပ်နေတတ်ပါသေးတယ်။
သူမက မိုးကြိုးမုန်တိုင်းေတွ၊ မမျှော်လင့်ထားတဲ့ ကျယ်လောင်အသံတွေ၊ ခွေးဟောင်သံေတွကို ကြောက်ရွံ့တတ်ပြီး ခုန်ပေါက်ကာ မှောင်မိုက်တဲ့ထောင့်တစ်ခုမှာ ပုန်းနေတတ်ပါတယ်။
နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်။
Sources abut.biz
Written One Daily Media