Mon. Aug 15th, 2022

အတွင်း‌‌ေရာအပြင်ရော အနက်ရောင်ရှိသော Ayam Cemani ကြက်မျိုးစိတ်

“အမွေးမှ ကိုယ်အင်္ဂါများအထိ 100% အနက်ရောင်ရှိသော ကြက်မျိုးစိတ်” ထိုထူးခြားဆန်းပြားသော သတ္တဝါရှိနေသည်ကို ကျွန်‌ေတာ်တို့အများစုက မယုံကြည်ကြပါ။ ဒါပေမယ့် ဒါက အမှန်တကယ်ပါပဲ။ “Lamborghini of Chicken” ဟုရည်ညွှန်းပြီး Ayam Cemani ဟုခေါ်သော အင်ဒိုနီးရှားနိုင်ငံ၏ ရှားပါးပြီး လှပသောကြက်မျိုးစိတ်ဖြစ်ပါတယ်။

ယခုအခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျကနေ Ayam Cemaniဆိုတဲ့ ကြက်မျိုးစိတ်အကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ထင်ရှားသော အမည်းရောင်အသွင်အပြင်နှင့်ပတ်သက်၍ ထိုမျိုးကွဲတွင် အမည်းရောင်ခြယ်ပစ္စည်း လွန်ကဲမှုကို ဖြစ်စေသော မျိုးပွား fibromelanistic မျိုးဗီဇ ရှိ‌ေန‌ေသာ‌ေကြာင့် ဖြစ်ပါတယ်။ ထိုအရာက အရေပြားနဲ့ တစ်ရှူးတွေကို မည်းစေပါတယ်။

Ayam Cemani က အလတ်စား ငှက်တစ်မျိုးဖြစ်ပါတယ်။ ကြက်မများနှင့် ကြက်ထီးများက ကိုယ်အလေးချိန် ၄.၅-၆.၅ ပေါင်နှင့် ၃.၅-၄.၅ ပေါင် အသီးသီးရှိပါတယ်။ ကြက်မတွေက ၎င်းတို့၏ ပထမနှစ်တွင် နို့နှစ်ဥ ၆၀ မှ ၁၀၀ ခန့် ဥကြပါတယ်။ ဒါပေမယ့် သုံးလကနေ ခြောက်လလောက်ကြာအောင် အိပ်စက်ဖို့ ခက်ခံနေကြပါလိမ့်မယ်။

အာရှတွင် Ayam Cemani က ချမ်းသာမှုနှင့် လူမှုအဆင့်အတန်း၏ သင်္ကေတအဖြစ် လူသိများပါတယ်။ ထိုကြီးကျယ်ခမ်းနားသော ကြက်မျိုးစိတ်က သက်ရှိများနှင့် ဝိညာဉ်ကမ္ဘာကို ချိတ်ဆက်ပေးသည့် မှော်အစွမ်းများပါရှိပါတယ်။ နတ်ဘုရားများနှစ်သက်စေရန်အတွက် ယဇ်ကောင်အဖြစ် အသုံးပြုကြပါတယ်။

 


ဒါ့အပြင် မီးသွေးရောင်သွေးနှင့် ငှက်၏အခြားအစိတ်အပိုင်းများကို တိုင်းရင်းဆေးပြင်ဆင်မှုများတွင် ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်။

Sources  Aubtu.biz

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ Source

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

 

Leave a Reply

Your email address will not be published.