ရင်သပ်ရှုမောဖွယ်လှပသော ကြေးနန်းအမြီးတပ် Manakinငှက်
ဝါယာကြိုးအမြီးပါသော Manakinက ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ငှက်တစ်ကောင်ဖြစ်ပါတယ်။ ထိူသေးငယ်သော အမွေးအမျှင်သတ္တဝါက မျက်နှာနှင့် ဝမ်းတစ်ဝိုက်တွင် လှပသော အဝါရောင်အရိပ်ဖြင့် ဆေးဆိုးထားပါတယ်။ နောက်ကျောကာအနက်ရောင်ဖြစ်ပြီး အနီရောင်သရဖူနှင့် ထူဆန်းခြားနားမှုကို ဖန်တီးထားပါတယ်။
ယခုအခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျကနေ ထိုကဲ့သို့ လှပတဲ့ Manakinငှက်အကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အထီးငှက်ေတွနှင့် မတူဘဲ၊ အမတွေက သံလွင်ရောင် အပေါ်ပိုင်း အစိတ်အပိုင်းများ ရှိပါတယ်။ အဝါရောင်ဝမ်းဗိုက်က အထီးများထက် ဖြူဖျော့ပါတယ်။ နောက်တစ်ချက်ကတော့ အမြီးပါ။အထီးကအမထက် အမြီးပိုရှည်ပါတယ်။
Wire-tailed Manakin ကို ဘရာဇီးနိုင်ငံ အနောက်ဘက် အမေဇုန်မြစ်ဝှမ်း၊ ပီရူးမြောက်ပိုင်း၊ အိမ်နီးချင်းနိုင်ငံများ၊ အီကွေဒေါအရှေ့ပိုင်း၊ ကိုလံဘီယာ၊ နှင့် ဗင်နီဇွဲလားနိုင်ငံ တောင်ပိုင်းနှင့် အနောက်ဘက်ခြမ်းများတွင် တွေ့ရှိနိုင်ပါတယ်။
သူတို့ရဲ့ အဓိကအစားအစာတွေကတော့ သစ်သီးနှင့် ဘယ်ရီသီးများဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ ထိုကောင်တွေက အင်းဆက်ငယ်လေးတွေကိုလည် ရှာစားကြပါတယ်။
အထီးေတွက အသွင်တူကြပါတယ်။ မိတ်လိုက်ရာသီအတွင်း မိတ်ဖက်အချို့ကို ရှာဖွေကြပါတယ်။ငှက်မလေးတွေက ပုခက်ပုံသဏ္ဍာန် အသိုက်ကို သူတို့ဘာသာသူတို့ ဆောက်လုပ်နိုင်ပါတယ်။ ဥ ဥပြီး ၁၇-၂၁ ရက်ကြာ သားပေါက်ပါတယ်။
နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်။
Sources Aubtu.biz
Written One Daily Media