Amazing

ယခင်ကအမျိုးသားတွေလို့ မထင်ရလောက်အောင် ချောမောလှပပြီးစွဲဆောင်မှုအပြည့်ရှိနေကြတဲ့ လိင်ပြောင်းအမျိုးသမီးများ

ဒီ Transgender (လိင်ပြောင်း) ကောင်မလေးတွေကတော့ သူတို့ရဲ့ အလှအပကြောင့် အွန်လိုင်းပေါ်က လူအများပြားရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့သူတွေပဲ ဖြစ်ပါတယ်။ သူတို့ဟာ သူတို့ရဲ့ အလှအပကြောင့် နာမည်ကြီးရုံသာမကပဲ သူတို့ရဲ့ သီးခြားနယ်ပယ် အသီးသီးမှာပါ အသီးသီးအောင်မြင်နေကြတဲ့သူတွေဖြစ်ပါတယ်။

1 Chalisa Rose

သူမကတော့ Transgender တစ်ယောက်ဖြစ်တဲ့ အပြင် မင်းသမီးတစ်ယောက်လည်းဖြစ်ပါတယ်။ သူမက တရုတ် ရုပ်ရှင်ဇာတ်ကားမှာ သေးငယ်တဲ့ ဇာတ်ကောင်ကနေ ပါဝင် သရုပ်ဆောင်ရာကနေ အောင်မြင်လာတာဖြစ်ပါတယ်။ အခုဆိုရင်တော့ တရုပ်ပြည်မှာ ခိုင်မာတဲ့ ပရိသတ်တွေ ရရှိနေပြီးပြီ ဖြစ်ပါတယ်။

2 Monthana Jeen

သူမကတော့ ထိုင်းနိုင်ငံရဲ့ မဖြစ်မနေ စစ်မှုထမ်းရတဲ့ ဥပဒေကြောင့် စစ်တပ်ထဲ စစ်မှုထမ်းဖို့ ရောက်လာရာကနေ ညတွင်းချင်းဘဲ နာမည်ကြီးသွားတာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူမရဲ့လှပမှုကို လူအများကသိရှိလာခဲ့ပြီး ချောမောလွန်းတဲ့ လိင်ပြောင်းအမျိုးသမီးအဖြစ် လက်ခံလာခဲ့တာပဲ ဖြစ်ပါတယ်။

3 Patta Nadia

Patta ကတော့ Miss Mimosa Queen Thailand 2015 ဆုရထားတဲ့ မော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ freelance မော်ဒယ်တစ်ယောက်အပြင် Dancer တစ်ယောက်အနေနှင့်ပါ လုပ်ကိုင်နေတာဖြစ်ပါတယ်။

4 Woranun Frame

သူမလည်း စစ်မှုထမ်းဖို့ စစ်တပ်ရင်း ကိုရောက်လာပြီး အင်တာနက်ကို ဇောက်ထိုးလှန်လိုက်သလိုဘဲ ချက်ချင်းနာမည်ကြီးလာတာတွေ့ရပါတယ်။ သူမဟာ စစ်မှုထမ်းရာက ကင်းလွတ်ခွင့်ရခဲ့ပြီး TV interviews တော်တော်များများမှာလည်း ပါဝင်လာခဲ့ပြီး သူသိများ ကျော်ကြားလာခဲ့တာပါ။

5 Pemika Pynk

Pemika ကတော့ ကိုရီးယားနိုင်ငံက cosmetic surgery ဆေးရုံမှ ပြောရေးဆိုရေးရှိသူ မော်ဒယ်တစ်ယောက် အနေနှင့် ဓာတ်ပုံရိုက်ပြီးနောက်ပိုင်း လူသိများလာတာဖြစ်ပါတယ်။

သူတို့လေးတွေကို အပြင်မှာသာ တွေ့မယ်ဆိုရင် လိင်ပြောင်းထားတဲ့ အမျိုးသမီးတွေလို့ ထင်မိမှာတောင်မဟုတ်ပါဘူး။

Leave a Comment