58°Fတွင် ရှင်သန်နိုင်သော မြောက်ဝင်ရိုးစွန်း အာတိတ်မြေခွေး
မြောက်ဝင်ရိုးစွန်း ရာသီဥတုက အလွန်အေးနေပြီး ဝင်ရိုးစွန်းဝက်ဝံများ၊ အသားစားသော ဒါမှမဟုတ် အာတိတ်မြေခွေးများမှလွဲ၍ ထိုနေရာတွင် တိရစ္ဆာန်များ ရှင်သန်နိုင်ရန် ခက်ခဲပါတယ်။ထိုထဲမှာမှ အာတိတ်မြေခွေးတွေက အနိမ့်ဆု အအေးဒဏ်ကို ခံနိုင်ရည် အရှိဆုံး အကောင်တွေပါ။
ယခုအခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျကနေ ထိုမြောက်ဝင်ရိုးစွန်းက အာတိတ်မြေခွေးတွေရဲ့ အကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ထိုကောင်တွေက အာတိတ်စက်ဝိုင်း၏ ကမ်းရိုးတန်းဒေသတစ်လျှောက်၊ ကနေဒါမှ ဥရောပ၊ ရုရှား၊ အိုက်စလန် စတဲ့ေနရာေတွအထိ နေထိုင်ကြပါတယ်။
ထိုမြေခွေးများက ၎င်းတို့အား လုံလောက်သောနွေးထွေးမှုပေးရုံသာမက ဆောင်းတွင်းဖုံးကွယ်ခြင်းအဖြစ် ကောင်းစွာအသုံးပြုနိုင်တဲ့ အဖြူရောင်အမွေးထူကြီးတွေ ပါရှိပါတယ်။
ဖြူတဲ့အမွေးေတွအပြင် အမွေးထူသောခြေဖဝါးများ၊ နားရွက်တိုများနှင့် နှာတံတိုများအပြင် အခြားသောရုပ်ပုံသဏ္ဍာန်များက အာတိတ်မြေခွေးများကို ကွဲပြားစေသည့် အခြားရုပ်ပိုင်းဆိုင်ရာအင်္ဂါရပ်များဖြစ်ကြပါတယ်။ ဒီအင်္ဂါရပ်တွေက သူတို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးလည်း အထောက်အကူ ပြုပါတယ်။
ဆောင်းရာသီတွင် ကြွက်များ၊ ငှက်များနှင့် ငါးများကဲ့သို့သော သားကောင်များကို အမဲလိုက်ရန်အတွက် သူတို့ရဲ့ အဖြူရောင်ကုတ်တွေကို အခွင့်ကောင်းယူကြပါတယ်။ နွေရာသီတွင် ၎င်းတို့၏သားမွေးအရောင်ကို နီညိုရောင်သို့ပြောင်းခြင်းဖြင့် ကျောက်သားနှင့် အပင်များကြား၌ ပုန်းကွယ်နေနိုင်ပါတယ်။
နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်
Sources Brightside
Written One Daily Media