Fri. Jan 21st, 2022

သင့်အတွင်းစိတ်နှလုံးကို အေးချမ်းစေမည့် orphaned slothsကောင်လေး၏ ဓာတ်ပုံများ

အင်တာနက်မှာ ချစ်ဖို့ကောင်းတဲ့ တိရိစ္ဆာန်လေးတွေ ပြည့်နေပြီလို့ ထင်နေချိန်မှာပဲ… bam! ထိုချစ်စရာကောင်းတဲ့ ကလေးပေါက်စလေးများ ရောက်ရှိလာပြီး သင်၏ မာကျောသော နှလုံးသားကို ပျော့ပျောင်းသော ဘောလုံးကြီးအဖြစ် ပြောင်းလဲပစ်‌ေတာ့မှာပါ။ ထိုကောင်လေးတွေက အရမ်းစပ်စုတယ်။ အပျော်အပျက်မက်ကြတယ်။ အရမ်းချစ်ဖို့ကောင်းကြပါတယ်။

တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးသမား၊ ဓာတ်ပုံဆရာ၊ Costa Rica ရှိ Sloth Institute ၏ ပူးတွဲတည်ထောင်သူ Sam Trull က ထိုစိတ်ဝင်စားဖွယ်ကောင်းသော တိရိစ္ဆာန်များကို သဘောကျနှစ်ခြိုက်သည်ကို မြင်တွေ့ရန် လွယ်ကူပါတယ်။ ‘Sloths ၏မိခင်’ ဟုလူသိများသော သူမက အသက်ရှင်နေထိုင်၊ အလုပ်လုပ်ကာ၊ ကယ်တင်ခြင်း၊ ပြုစုစောင့်ရှောက်ခြင်းနှင့် တောထဲပြန်ဝင်သွားသော မိဘမဲ့ အပျင်း‌ေကာင်‌ေလးများကို ပြန်လည်ထူထောင်ခြင်းဖြင့် နေထိုင်လျက်ရှိပါတယ်။

ဝမ်းနည်းစရာ‌ေကာင်းတာက၊ လူသားများ၏ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပါဝင်ပတ်သက်မှုမှတစ်ဆင့် ၎င်းတို့၏မိခင်များကို ဆုံးရှုံးရသည့် အပျင်းကောင်လေးတွေ အရေအတွက်မှာ အလွန်မြင့်မားလာပါတယ်။ သို့သော် ကံကောင်းထောက်မစွာဖြင့် ထိာမိဘမဲ့ကလေးများကို KSTR နှင့် Toucan Rescue Ranch ကဲ့သို့သောအဖွဲ့အစည်းများမှ ကယ်တင်ပြီး ပြုစုစောင့်ရှောက်ပြီးနောက် တေ လေ့လာဆည်းပူးရာ Institute သို့ ခေါ်ဆောင်ပြီး သူတို့ဘဝအတွက် ဒုတိယအကြိမ် မိုးသစ်တောသို့ ပြန်လွှတ်ပေးခဲ့ပါတယ်။

ယခုအခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျကနေ ထိုကောင်လေးတွေရဲ့ ချစ်စဖွယ်ဓာတ်ပုံလေးတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

(၁) ထိုကောင်လေးနာမည်ကတော့ Elvis ပါ။ သူ့ကြည့်ရတာ ပျော်ရွှင်နေပုံပဲ

(၂) သဘောကျတဲ့ စောင်တွေ့သွားသောအခါ

(၃) လက်ဖက်ရည်ခွက်ထဲက sloth

(၄) ၊slothလေး ရေချိုးနေတယ်

(၅) အအိပ်မက်တဲ့ trio

(၆) ဟိုင်း အချောလေး

(၇) အရမ်းချစ်ကြတဲ့ ညီအကိုတွေပါပေါ့

(၈) ကလေးဘဝကို အကြိုက်ဆုံးပဲ

(၉) ပို့စ်ပေးကြမ်းသူကြီး

(၁၀) နှစ်ကောင်လုံး ချစ်စရာကောင်းပါတယ်

နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်။

Sources  Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ Source 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *