ကမ္ဘာပေါ်ရှိ အရောင်အသွေးအရှိဆုံးမျောက်ဝံများထဲမှ တစ်ကောင်ဖြစ်သော Red-Shanked Douc ၏ တောက်ပသော လိမ္မော်ရောင်-အဝါရောင် မျက်နှာနှင့် နီညိုရောင်ခြေထောက်များ
Red-Shanked Douc ဟာ ကမ္ဘာပေါ်တွင် အရောင်အသွေးအရှိဆုံး မျောက်ဝံများထဲမှ တစ်ကောင်အဖြစ် လူသိများပါတယ်။ ၎င်းတွင် တောက်ပသောလိမ္မော်ရောင် အဝါရောင်မျက်နှာ၊ နီညိုရောင်လည်ပင်းနှင့် ခြေထောက်များရှိပါတယ်။ မျောက်ဝံအသိုင်းအဝိုင်းမှာ ဒါတွေက တော်တော်ရှားပါတယ်။
ဤမျိုးစိတ်သည် အဖြူရောင် ပါးသိုင်းမွှေးများ၊ အဖြူရောင် လက်ဖျံများနှင့်လည်း ထင်ရှားပြီး ခန္ဓာကိုယ်အနှံ့ ၎င်း၏ အနက်ရောင်နှင့် မီးခိုးရောင် အမွေးများကြား သိသိသာသာ ကွာခြားမှုကို ဖန်တီးထားပါတယ်။ တချို့က စာအုပ်တွေကနေ ခုန်ထွက်လာတယ်လို့ ထင်ကြပေမယ့် တောထဲမှာတော့ ၎င်းတို့ တကယ်ရှိနေပါတယ်။
လှပသောသားမွေးများနှင့်အတူ ဤတိရစ္ဆာန်များသည် ၎င်းတို့၏ထူးခြားသောအမြီးများအတွက်လည်း နာမည်တွင် စေပါတယ်။၎င်းသည် 2.5 ပေအထိရောက်ရှိပြီး အောက်ခြေတစ်ဝိုက်တွင် အဖြူရောင်တြိဂံအမွှေးတစ်ခုရှိပါတယ်
အာရှတိုက်၏ အချို့နေရာများတွင် ၎င်း၏ ဇာတိဖြစ်ပြီး Red-Shanked Douc မျောက်ဝံများကို ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့တွင် တွေ့ရှိနိုင်ပါတယ် ။ သူတို့၏အမည်မှာ ဗီယက်နမ်ဘာသာစကားတွင် “ငါးရောင်ခြယ်မျောက်” ဟု အဓိပ္ပာယ်ရပါတယ်။
အရွက်များ၊ ပန်းများ၊ အဖူးများ၊ အစေ့များနှင့် အသီးအနှံများကို ရှာဖွေပြီး သစ်ပင်ထိပ်များတွင် အုပ်စုဖွဲ့နေထိုင်ခြင်းကို နှစ်သက်ကြပါတယ်။ ဤတိရစ္ဆာန်များကို မြေပြင်ပေါ်တွင် တွေ့ရခဲပါတယ်။
သို့သော်လည်း Red-Shanked Douc ၏ ဦးရေသည် နေရင်းဒေသ ဆုံးရှုံးခြင်းများကြောင့် သိသိသာသာ ကျဆင်းသွားပါတယ်။
ဤထူးခြားသောမျိုးစိတ်များ ဆုံးရှုံးရခြင်း၏ နောက်အကြောင်းရင်းတစ်ခုမှာ တရားမဝင်ဖမ်းဆီးခြင်းပင်ဖြစ်ပါတယ်။ ၎င်းတို့ကို တိုင်းရင်းဆေးပညာတွင် အထူးကောင်းမွန်သော ပါဝင်ပစ္စည်းအဖြစ် သတ်မှတ်ကြပါတယ်။
နောင်လာနောက်သားများအား ဤအထူးမျိုးစိတ်ကိုတွေ့မြင်စေလိုလျှင် ၎င်းတို့ကိုကာကွယ်ရန် ကျွန်ုပ်တို့ စုပေါင်းလုပ်ဆောင်သင့်ပါတယ်။
Source Aubtu.biz
Written One Daily Media