Fri. Jan 21st, 2022

အိမ်အနောက်ဘက်မှ လုံးဝမထင်မှတ်ထားခဲ့သော ကမ္ဘာကျော် ရှာဖွေတွေ့ရှိမှု (၁၀) ခု

လျှို့ဝှက်ရတနာများ သို့မဟုတ် အရေးကြီးသော ရှေးဟောင်းသုတေသနဆိုင်ရာ ရှာဖွေတွေ့ရှိမှုများကို ရှာတွေ့နိုင်ရန် အိပ်မက်မမက်သူ မည်သူမျှမရှိနိုင်ပါဘူး။

ထိုကဲ့သို့ ရှာဖွေတွေ့ရှိခဲ့ကြသူများ၏ ဇာတ်လမ်းအချို့ကို စုဆောင်းထားပြီး ဤတွေ့ရှိချက်များထဲမှ အချို့ဟာ ကြက်သီးထဖွယ် အံ့သြဖွယ်ကောင်းလှပါတယ်။

၁။ Ferrari ကားတစ်စီး

1978 ခုနှစ်တွင် လော့စ်အိန်ဂျလိစ်ရှိ ၎င်းတို့၏ အိမ်နောက်ဖေးခြံတွင် မြေတူးနေသော ကလေးနှစ်ဦးမှ Ferrari Dino 246 GTS ကို ရုတ်တရက် တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ ရဲတွေက ကားကို တူးဖော်ပြီးချိန်မှာတော့ အခိုးခံရတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ခိုးယူမှုနှင့် မြုပ်နှံခြင်းတို့သည် အာမခံလိမ်လည်မှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်ပါတယ်။ ထို Ferrari ကို အာမခံကုမ္ပဏီထံ လွှဲပြောင်းပေးအပ်ပြီးနောက် လေလံတင်ရောင်းချခဲ့ပါတယ်။

ကံမကောင်းစွာပဲ၊ မြေမြုပ်ထားခဲ့‌သော ကားဟာကောင်းစွာ အလုပ်မလုပ်နိုင်တော့ပါဘူး။

သတင်းရင်းမြစ်- jalopnik

၂။ သမိုင်းမတိုင်မှီက Armadillo အခွံ

အာဂျင်တီးနားမှ Jose Antonio Nievas ဟုခေါ်သည့် လူတစ်ဦးဟာ ဧရာမ “ဒိုင်နိုဆောဥ” ထင်ရသောအရာကြီးတစ်ခုကို ၎င်း၏ခြံအနီးတွင် တွေ့ရှိခဲ့ရပါတယ်။

တကယ်တော့ Volkswagen Beetle ရဲ့ အရွယ်အစားခန့်ရှိတဲ့ glyptodon အခွံတစ်ခုဖြစ်ပါတယ်။ တိုက်ပွဲတွင်းအခြားသော glyptodon ကြောင့်ဖြစ်ခဲ့သည်ဟုယူဆရသော အပေါက်တစ်ခုကိုလည်း အခွံပေါ်မှာ တွေ့ရှိခဲ့ရပါတယ်။

သတင်းအရင်းမြစ်များ: dailymail, natureworldnews

၃။ အလယ်ခေတ်မှရတနာ

2007 ခုနှစ်တွင် သြစတြီးယားနိုင်ငံမှ Andreas K. သည် သူ၏အိမ်နောက်ဖေးတွင် ဘဏ္ဍာတိုက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။လက်စွပ်များ၊ ရင်ထိုးများ၊ ချိတ်များနှင့် ငွေလင်ပန်းများကဲ့သို့သော လက်ဝတ်ရတနာ 200 ခန့်ပါဝင်ပါတယ်။

သူက အဲဒါတွေအားလုံးကို သေတ္တာတစ်ခုထဲထည့်ပြီး သူ့မြေအောက်ခန်းထဲ ရွှေ့ပြီး နှစ်နှစ်လောက်ထိ မေ့သွားခဲ့ပါတယ်။ အိမ်ပြောင်းဖို့ ဆုံးဖြတ်တဲ့ အချိန်မှပဲ သူ ဒီအကြောင်းကို ပြန် မှတ်မိခဲ့ပါတယ်။ လက်ဝတ်ရတနာတွေကို ကျွမ်းကျင်သူတွေက အကဲဖြတ်တဲ့အခါမှာတော့ သက်တမ်းက နှစ်ပေါင်း ၆၅၀ လောက်ရှိတယ်လို့ ဆိုကြပါတယ် ။ Andreas က ၎င်းပစ္စည်းအားလုံးကို ဒေသခံပြတိုက်သို့ လက်ဆောင်အဖြစ် ပေးခဲ့ပါတယ်။

Source: cbsnews

၄။ Meteorites – ခြောက်ကြိမ်ဆက်တိုက်

ဒီလူက ဘာကိုမှ ရှာစရာတောင် မလိုပါဘူး။ သင့်အိမ်နောက်ဖေးထဲကို ဥက္ကာခဲကျရောက်နိုင်ခြေက အရမ်းနည်းတယ်ဆိုတာ သင်သဘောတူလား?? ထိုကိစ္စကို သင်္ချာနည်းဖြင့် ခန့်မှန်းမှုများရှိသော်လည်း ဘော့စနီးယားမှ Radivoje Lajic ၏ခြံကတော့ ၆ ကြိမ်ဆက် ပြုတ်ကျသည်အထိ ကံကောင်းခဲ့ပါတယ်။

Belgrade တက္ကသိုလ်မှ သိပ္ပံပညာရှင်များသည် ၎င်းတို့သည် အမှန်တကယ် ဥက္ကာခဲများဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ၎င်းတို့သည် လောဂျစ်၏ အိမ်တစ်ဝိုက်တွင် သံလိုက်စက်ကွင်းလှုပ်ရှားမှုကို စုံစမ်း စစ်ဆေးလျက် ရှိပါတယ်။ ပြီးတော့ Lajic ကိုယ်တိုင်ကလည်း မကြာသေးမီက သူ့အိမ်အမိုးကို စတီးတုံးတွေနဲ့ ခိုင်ခံ့ အောင်ပြုပြင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အရင်းအမြစ်များ: metro, weeklyworldnews

၅။ ကောင်းစွာထိန်းသိမ်းထားသော ဗုံးခိုကျင်း

Chris နှင့် Colleen Otcasek တို့သည် ကယ်လီဖိုးနီးယားတွင် ဝယ်ယူပြီးနောက် စစ်အေးကာလတွင် တည်ဆောက်ခဲ့သော အိမ်နောက်ဖေးဘက်မှ ဓာတ်ရောင်ခြည်ဆန့်ကျင် ဗုံးခိုကျင်းတစ်ခု တွေ့ရှိခဲ့ကြပါတယ်။ ယခင်က ထိုအိမ်တွင်နေထိုင်ခဲ့သော အင်ဂျင်နီယာတစ်ဦးသည် ၎င်းကို သူ့ဘာသာသူ ဆောက်လုပ်ခဲ့တာဖြစ်ပါတယ် ။

Chris နဲ့ Colleen တို့ဟာ အနှစ် 50 ကျော်ကြာတဲ့အခါ အမိုးအကာများ ဘာမှမကျန်တော့ဘူးလို့ ထင်ခဲ့ကြပေမယ့် စက္ကူသုတ်ပဝါတွေ၊ အိပ်ဆေးတွေ၊ ဗူးခွံတွေ၊ ကော်ဖီတွေ၊ စာအုပ်တွေ၊ နှင့် မဂ္ဂဇင်းများအားလုံး အစုံအလင်ရှိနေပါသေးတယ်။

ရင်းမြစ်များ- scpr, dailymail

၆။ Cheops ပိရမစ်ကြီးဆီသို့ ဥမင်လိုဏ်ခေါင်း

အီဂျစ်နိုင်ငံ၊ ဒဏ္ဍာရီလာ Giza ကုန်းပြင်မြင့်အနီးရှိ El Haraneya ရွာတွင် နေထိုင်သူ တစ်ဦးသည် ၎င်း၏ အိမ်နောက်ဖေးတွင် မြေတူးနေစဉ် လျှို့ဝှက်ဆန်းကြယ်သော ဥမင်လိုဏ်ခေါင်းကို ဝင်တိုက်မိခဲ့ပါတယ် ။ ဤသည်မှာ အကြီးဆုံးနှင့် ရှေးအကျဆုံး ဂီဇာပိရမစ် သုံးခုအနက် အကြီးဆုံးနှင့် ရှေးအကျဆုံး လျှို့ဝှက်လမ်းကြောင်းတစ်ခု ဖြစ်နိုင်ပါတယ်။

အဆိုပါဥမင်လိုဏ်ခေါင်းအား အီဂျစ်နိုင်ငံသို့သွားရောက်လည်ပတ်ခဲ့သည့် ရှေးဂရိသမိုင်းပညာရှင် Herodotus မှဖော်ပြခဲ့ပါတယ်။

အရင်းအမြစ်များ- ancient-origins, cairoscene

၇။ အိန္ဒိယလူမျိုး၏ နှစ်တစ်ထောင်သက်တမ်းရှိ အရိုးများ

Salt Lake City မှ အသက် 14 နှစ်အရွယ် Ali Erturk သည် 2014 ခုနှစ်တွင် ထိတ်လန့်ဖွယ် ရှာဖွေတွေ့ရှိမှုတစ်ခု ကြုံခဲ့ပါတယ်။ သူသည် ၎င်း၏ခြံဝင်းအတွင်းရှိ ရေကန်တစ်တွင်းကို တူးဖော်ရင်း မြေထဲတွင် လူ့အရိုးများကို တွေ့ရှိခဲ့တာပါ။။

 

ကောင်လေးရဲ့ဖခင်က ရဲကို ချက်ချင်းဖုန်းဆက်ပြီး မှုခင်းဆေးစစ်ချက်အရ သူတို့ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁,၀၀၀ လောက်က အဲဒီမှာနေထိုင်ခဲ့တဲ့ အမေရိကန်-အိန္ဒိယလူမျိုးရဲ့ ရုပ်ကြွင်းတွေဖြစ်ကြောင်း ပြသခဲ့ပါတယ်။ ရှေးဟောင်းသုတေသနပညာရှင်များသည် ခြံဝင်းအတွင်း ဆက်လက်တူးဖော်ကြပြီး ရှေးဟောင်းယဉ်ကျေးမှုများကို ပိုမိုနားလည်နိုင်စေမည့် ‌မြုပ်နှံမှုများကို ရှာဖွေတွေ့ရှိမည်ဟု ယူဆကြပါတယ်။

သင့်အိမ်ဟာ အိန္ဒိယသချိုင်းဟောင်းတစ်ခုပေါ်တွင် တည်ရှိနေမယ်လို့ ကျွန်ုပ်တို့လဲ မသိနိုင်ပါဘူး။

သတင်းအရင်းအမြစ်- nydailynews

၈။ ဒေါ်လာ ၁၇၅၀၀၀ တန် ဆေးခြောက်တစ်ထုပ်

2012 ခုနှစ် ဒီဇင်ဘာလတွင် Los Angeles မှ Mack Reed သည် သူ့အိမ်ခေါင်မိုးပေါ်တွင် ဆိုလာဘက်ထရီများ တပ်ဆင်ရန် ဆုံးဖြတ်ခဲ့ပြီး သူ့အခန်းအမိုးပြားများကို ဖွင့်ကြည့်လိုက်ချိန်မှာ‌ တော့ ဆေးခြောက်ထည့်ထားတဲ့ ပုလင်းတွေ၊ အထုပ်တွေနဲ့ စာအိတ်တွေ ပြည့်နေတာကို တွေ့ရှိခဲ့ပါတယ်။

Reed အိမ်မှာမရှိတဲ့အခါ တစ်စုံတစ်ယောက်က သူ့အိမ်နောက်ဖေးကို ကျူးကျော်ဝင်ရောက်ပြီး မူးယစ်ဆေးဝါးတွေကို ဝှက်ထားပုံရပါတယ်။ နောက်ပိုင်းတွင် အိတ်၏ ကုန်ကျစရိတ် ခန့်မှန်းခြေမှာ ဒေါ်လာ ၁၇၅၀၀၀ ရှိကြောင်း သိခဲ့ရပါတယ်။

Reed က အိတ်ပိုင်ရှင် တရားခံများပြန်လာရင်သိစေရန် “အိတ်ကိုတွေ့ပြီး ရဲကိုခေါ်ထားတယ်။ မူးယစ်ဆေးဝါးတွေ သိမ်းဆည်းပြီး ငါ့အိမ်ကို စောင့်ကြည့်နေတယ်။ တောင်းပန်ပါတယ်” လို့စာတစ်စောင်ရေးပေးထားခဲ့ပါတယ် ။

အရင်းအမြစ်များ: aol, huffingtonpost, laweekly

၉။ အမေရိကန်သမိုင်း၏ အကြီးမားဆုံး လျှို့ဝှက်ရတနာများထဲမှ တစ်ခု

2013 ခုနှစ်တွင် အိမ်ထောင်သည်စုံတွဲတစ်တွဲသည် ၎င်းတို့၏အိမ်နောက်ဖေးတွင် ခွေးဖြင့် လမ်းလျှောက်ထွက်ရင်း ဝှက်ထားသောရတနာကို တွေ့ရှိခဲ့ပါတယ်။ မြေပြင်မှ သံချေးတက်နေသော သေတ္တာတစ်လုံးကို တွေ့ခဲ့ကြပြီး အတွင်းတွင် ရွှေဒင်္ဂါးပြားများကို တွေ့ရှိခဲ့ပါတယ်။ 1847 မှ 1894 ခုနှစ်အတွင်း ဒင်္ဂါးပြားများအပြည့်ဖြင့် နောက်ထပ်သေတ္တာ ရှစ်လုံးကို တူးဖော်နိုင်ခဲ့ပြီး တန်ဖိုးမှာ $27,980 ဖြစ်ပါတယ်။

ဒင်္ဂါးပြားများကို စုံလင်စွာထိန်းသိမ်းထားပြီး အချို့သောဒင်္ဂါးများဟာ လုံးဝအသုံးမပြုရ‌ သေးပါဘူး။။ သူတို့စုံတွဲသည် လေလံပွဲတွင် အကြွေစေ့အများစုကို ရောင်းချခဲ့ပါ‌တယ်။

အဲဒီသေတ္တာတွေက သူတို့အိမ်နောက်ဖေးမှာ ဘယ်လိုရှိ‌နေမှန်း ဘယ်သူမှ မသိပါဘူး။ ရှာဖွေတွေ့ရှိမှုအား “Saddle Ridge Hoard” ဟုခေါ်တွင်ပြီး စုစုပေါင်းတန်ဖိုးမှာ ဒေါ်လာ ၁၀ သန်းခန့်ဖြစ်ပါတယ်။

အရင်းအမြစ်- Nationalgeographic

၁၀။ Dinosaur ရုပ်ကြွင်းများ

1997 ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၊ Ipswich မှ John Lambert သည် သူ့အိမ်ပတ်ဝန်းကျင်တွင် ခြံစည်းရိုးတစ်ခုဆောက်ရန် ဆုံးဖြတ်ခဲ့ပြီး မြေတူးနေစဉ်တွင် အရိုးကြီးကို ဂေါ်ပြားဖြင့်ရိုက်မိသော်လည်း သတိမပြုမိဘဲ ၎င်းကို စပါးကျီသို့ သွားထားကာ ၁၆ နှစ်ကြာ မေ့‌လျော့နေခဲ့ပါတယ်။ 2013 ခုနှစ်တွင် ကျွမ်းကျင်သူများထံ သူ၏ရှာဖွေတွေ့ရှိမှုကို ယူဆောင်ပြသခဲ့ပြီး ၎င်းသည် လွန်ခဲ့သောနှစ်ပေါင်း သန်း 60 မှ 250 သန်းအတွင်း ကမ္ဘာမြေပေါ်တွင် နေထိုင်ခဲ့သော ဧရာမပင်လယ်မြွေနဂါးကြီး pliosaurus ၏အရိုးဖြစ်နေခဲ့ပါတယ်။

အရင်းအမြစ်များ: bbc, dailymail

 

Source Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

 

Leave a Reply

Your email address will not be published. Required fields are marked *