Fri. Jan 21st, 2022

တောက်ပသော နက်ပြာရောင်အ‌မွှေး၊ အနက်ရောင်မျက်နှာဖုံး၊ မျက်လုံးနီများပါရှိ‌သည့် သဘာဝ၏ဆွဲဆောင်မှုဖြစ်သော Tanager ငှက်

မျက်နှာဖုံးစွပ်ထား‌ သော flowerpiercer ငှက်သည် တောက်ပသော နက်ပြာရောင် အမွေးအမှင်များဖြင့် ဝကစ်သော ငှက်တစ်ကောင်ဖြစ်ပါတယ်။ အမွှေးအတောင်များဟာ Thraupidae မျိုးစိတ်ရှိ အခြားငှက်များကဲ့သို့ ထင်ထင်ရှားရှားမရှိသော်လည်း ဤမျိုးစိတ်များကို တောက်ပနေစေရန် ကူညီပေးဆဲဖြစ်ပါတယ်။ ထို့အပြင် အနက်ရောင်မျက်နှာဖုံးသည် နီရဲတောက် မျက်လုံးများနှင့် ပေါင်းစပ်ကာ သဘာဝအတိုင်း ထင်ရှားပေါ်လွင်စေပါတယ်။

တကယ်တော့ ဒီငှက်တွေဟာ အနက်ရောင်တောင်ပံဖျားတွေ၊ အပြာရောင်အနားသတ်တွေနဲ့ အမြီးတွေရှိပါတယ်။ ဒီအသွင်အပြင်လေးကအရမ်းမိုက်တယ် မဟုတ်ပါလား ?

ရင်သပ်ရှုမောဖွယ်ကောင်းသော bluebird ဗီဒီယိုကို အောက်တွင် ကြည့်ရှုနိုင်ပါတယ်။

အထီးနဲ့အမသည် အနည်းငယ်တူ‌ သော်လည်း အမများကအနည်းငယ်အရောင်မှိန်ပါတယ်။ ငှက်ငယ်လေးများဟာ အရွယ်ရောက်ပြီးငှက်များထက်ပိုများသော မီးခိုးရောင်အောက်ခံများပါရှိပါတယ်။

ဤမျိုးစိတ်များ၏ မျိုးပွားရာသီသည် ဇွန်လမှ စက်တင်ဘာလအထိဖြစ်ပြီး ဗင်နီဇွဲလားနှင့် ကိုလံဘီယာတို့တွင် ထို့ထက် ပိုကြာနိုင်ပါ‌ သေးတယ်။ ဤဒေသများတွင် ဒီဇင်ဘာလ၊ မတ်လနှင့် ဧပြီလအထိ မျိုးပွားကြပါတယ်။

အဖော်ရှာပြီးနောက် အမသည် သူမ၏ ခွက်ပုံသဏ္ဍာန် အသိုက်ကို စတင်တည်ဆောက်ပါတယ်။ ဤအသိုက်ကို အမွေးအတောင်များဖြင့် စီတန်းကာ မြက် ၊ ရေညှိများဖြင့် ပြုလုပ်ထားကာ ချုံပုတ်တစ်ခုတွင် ထားရှိပါတယ်။ ထို့နောက် သူ့အသိုက်တွင် ဥများဥပြီး သူ့ဘာသာသူ ဝပ်ပါတယ် ။ ဥများပေါက်ပြီးသည်နှင့် မိဘနှစ်ပါးစလုံးက ၎င်းတို့၏ ကလေးများကို အကောင်ပေါက်သည်အထိ ကျွေးမွေးကြပါတယ်။

အဆိုပါ မျက်နှာဖုံးစွပ် ပန်းဖောက်ငှက်များသည် ကိုလံဘီယာ၊ ပီရူး၊ အီကွေဒေါ၊ ဘိုလီးဗီးယားနှင့် ဗင်နီဇွဲလားတို့တွင် တွေ့ရှိရပြီး တောင်အမေရိကတိုက် ဇာတိဖြစ်ပါတယိ။ နယ်စပ်တစ်လျှောက်နှင့် စိုစွတ်သော သစ်တောများတွင် နေထိုင်ခြင်းကို နှစ်သက်ကြပြီး တောင်ထူထပ်သော ဒေသများနှင့် သစ်တောထူထပ်သော နေရာများတွင်လည်း နေထိုင်ကြပါတယ်

ဤနေရာများတွင် နေထိုင်ကြသောအပြာရောင် tanagers ငှက် များသည် နုတ်သီးများဖြင့် သစ်ပင်ခေါင်ကိုင်းများကို ချိတ်ကာ အစာစားကြပါတယ် ။ ဝတ်ရည်နှင့် အသီးငယ်များကိုသာ အဓိကစားကြပြီး အနီးနားတွင် ရနိုင်ပါက မျိုးစေ့နှင့် အင်းဆက်များကို စမ်းသပ်စားကြည့်ကြပါတယ်။

Source Aubtu.biz

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

 

Leave a Reply

Your email address will not be published. Required fields are marked *