Mon. Aug 15th, 2022

ကမ္ဘာ့နှုတ်ခမ်းအကြီးဆုံး အမျိုးသမီး

Bulgaria မြို့တော် Sofiaတွင် နေထိုင်တဲ့ အသက် (၂၄)နှစ်အရွယ် အမျိုးသမီးတစ်ဦး Andrea Ivannovaဟာ ခေတ်ပေါ် Bratzရုပ်များနဲ့ တူလိုတာကြောင့် injectionများစွာကို ပြုလုပ်ခဲ့သူဖြစ်ပါတယ်။

 

 

Andreaဟာ အခု ကမ္ဘာ့နှုတ်ခမ်းအကြီးဆုံးအမျိုးသမီးအဖြစ် သတ်မှတ်ခြင်း ခံထားရပြီး သူမဟာ Lip fillersကို (၂၆)ကြိမ် ထိုးထားပြီးပါပြီ။

လတ်တလောကလည်း သူမဟာ သူမရဲ့ ပါးနဲ့ မေးရိုးအတွက် ယူရို500ခန့်ကုန်ကျခံခဲ့ပါသေးတယ်။

 

Andreaဟာ “ဒီလိုနှုတ်ခမ်းကြီးကြီးလေးပိုင်ဆိုင်ရတာဟာ သူမကိုယ်သူမ ယုံကြည်မှုရှိစေတယ်”လို့ ပြောကြားထားပါတယ်။

သူမဟာ “ကမ္ဘာတစ်ဝှမ်းက ယောက်ျားလေးတွေဟာ သူမရဲ့Social Mideaမှတဆင့် သူမနဲ့တွေ့ဆုံနိုင်ရန် ခရီးစရိတ်အတွက် အကုန်ကျခံပေးမယ်လို့ စာတွေပေးပို့နေကြတယ်”လို့ ဖွင့်ဟပြောဆိုထားပါသေးတယ်။သူမရဲ့ Instagram accountမှာ Followပြုလုပ်သူ ယခုလက်ရှိ 9400ခန့်ရှိပါတယ်။

 

Source Dailymail

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

 

Leave a Reply

Your email address will not be published.