Fri. Jan 21st, 2022

အသုံးများတဲ့ အလှကုန်များနင့် သတ်ိမမူမိသော အမှား(၆)မျိုး

Hello! အမျိုးသမီးလေးတို့ရေ နာမည်ကြီးအလှကုန်တွေ ၊ဈေးကြီးတဲ့အလှကုန်တွေ သုံးစွဲနေတာတောင် ထင်ထားသ‌လောက် အကျိုးသက်ရောက်မှု မရှိတာမျိုး ကြုံဖူးကြမယ်ထင်ပါတယ်။ဒါဟာ များသောအားဖြင့် မှားယွင်းစွာသုံးစွဲနေမိတဲ့ အမူအကျင့်သေးသေးလေးတွေကြောင့်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒါကြောင့် ONE Daily Mediaမှ သတိမထားမိတဲ့ အမှားတချို့ကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

(၁)လက်သည်းနီဘူးကို လှုပ်ခါ၍ အသုံးပြုခြင်း

လက်သည်းနီဘူးကို လှုပ်ပြီး အသုံးပြုတဲ့အခါ အရောင်ပိုလှမယ်၊ကြာရှည်ခံနိုင်တယ်လို့ သင်ထင်ကောင်းထင်ပါလိမ့်မယ်။အမှန်တကယ်တော့ လက်သည်းနီဘူးကို လှုပ်လိုက်တဲ့အခါ လေအနည်းငယ်ခိုတာမျိုး ဖြစ်နိုင်ပြီး အသုံးပြုတဲ့အခါမှာလည်း ပူဖောင်းသေးသေးလေးတွေ ထစေနိုင်ပါတယ်။

(၂) powderကို မျက်နှာပြင်အနှံ့ သုံးစွဲခြင်း

မိတ်ကပ်လိမ်းခြယ်တဲ့အခါမှာ powderမှုန့်ကို မျက်နှာပြင်အနှံသုံးစွဲခြင်းဟာလည်း သင်သတိမပြုမိတဲ့ အမှားတစ်ခုဖြစ်နိုင်ပါတယ်။ powderကို မျက်လုံးအောက်တဝိုက်၊ နှဖူး၊နှာခေါင်း နှင့် မေးစေ့တွင် လိမ်းခြယ်သင့်ပြီး ပါးပြင်ပေါ်တွင် အသုံးပြုခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။

(၃)ဆံပင်အမြစ်မှ စ၍ ခေါင်းဖြီးခြင်း

ဒီအချက်ကတော့ တစ်ဦးနှင့်တစ်ဦး ကွာခြားမှာရှိနိုင်ပါတယ်။အကယ်၍ သင်ရဲ့ဆံပင်ဟာ ရှုပ်ထွေးလွယ်၊ ကျိုးပျက်လွယ်လျှင် အပိုင်းများခွဲကာ အောက်ခြေမှ စ၍ အမြစ်ဆီသို့ ဖြေးညင်းစွာ ဖြီးကြည့်သင့်ပါတယ်။

(၄)ရေမွှေးကို အရေပြားနှင့် ဆံသာ‌းပေါ်တွင် ဆွတ်ဖြန်းခြင်း

အချို့က ရေမွှေး‌ကို လက်ကောက်ဝတ်၊ နားအောက်နှင့် ဆံသားပေါ်တွင် ဆွတ်ဖြန်းလေ့ရှိကြပါတယ်။ ရေမွှေးအများစုဟာ Alcohol-base formulaကို အသုံးပြုထားသည့်အတွက် အသားရေပေါ်တွင် သုံးစွဲပါက အနံ့ကြာရှည်စွာ မစွဲမြဲနိုင်ပါဘူး။ ဒါကြောင့် သင့်ရဲ့အဝတ်အစားပေါ်တွင် ဆွတ်ဖြန်းသင့်ပါတယ်။

(၅) ခေါင်းရေစိုစိုချင်း ခေါင်းလျှော်ရည်အသုံးပြုခြင်း

ခေါင်းလျှော်ရာတွင် ခေါင်းကို ရေလောင်းပြီးပြီးချင်း ခေါင်းလျှော်ရည်၊ပေါင်းဆေးများကို အသုံးမပြုသင့်ပါဘူး။ ‌ခဏအကြာမှ အသုံးပြုခြင်းဖြင့် ခေါင်းလျှော်ရည်ရဲ့ အကျိုးအာနိသင်ကို ပိုမိုရရှိစေနိုင်ပါတယ်။

(၆) နှုတ်ခမ်းနီကို ထောင့်မှ အတွင်းသို့ ဆိုးခြင်း

နှုတ်ခမ်းနီဆိုးရာတွင်လည်း အတွင်းမှ ထောင့်သို့ ဖြည်းဖြည်းချင်းဆိုးသင့်ပါတယ်။ဒီလိုပြုလုပ်ခြင်းဖြင့် နှုတ်ခမ်းသားပိုမို

နှုတ်ခမ်းနီဆိုးရာတွင်လည်း အတွင်းမှ ထောင့်သို့ ဖြည်းဖြည်းချင်းဆိုးသင့်ပါတယ်။ဒီလိုပြုလုပ်ခြင်းဖြင့် နှုတ်ခမ်းသားပိုမိုသပ်ရပ်သလို ပိုမိုလည်း ဆွဲဆောင်မှုရှိယောင်ပေါ်စေပါတယ်။

ဖော်ပြပေးခဲ့တဲ့ အကြောင်းအရာ‌ထဲမှ ဘယ်အချက်ဟာ သင့်အတွက် ပို၍ အသုံးဝင်ပါသလဲဆိုတာကို ဖော်ပြပေးသွားပါအုန်းနော်။

နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်။

 

Source Brightside

Written One Daily Media

One Daily Media Copyright © 2021

ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယသင့်ဟာ ဒီစာသားတွေ့ပြီးဆိုရင် လုံးဝခိုးယူမကူးချပါနဲ့တော့နော်

 

Leave a Reply

Your email address will not be published. Required fields are marked *