Fri. Jan 21st, 2022

ဂျပန်မိခင်များက သားသမီးများကို တွန်းလှည်းများအစား ကိုယ်နှင့်မကွာ ချီရတာကို အဘယ်ကြောင့် နှစ်သက်ကြသလဲ

ဂျပန်တွင် မိခင်များက ၎င်းတို့၏ ကလေးငယ်များကို ကျောပေါ်တင်ဆောင်သည်ကို တွေ့ရသည်မှာ အတော်လေးရှားပါတယ်။ ဒါပေမယ့် အမှန်တကယ်တော့၊ အမျိုးသမီး ၅ ယောက်မှာ ၄ ယောက်က ကလေးငယ်တွေကို ကျောပေါ်မှာ ပွေ့ပိုက်ထားလေ့ရှိတာကို သင်တွေ့နိုင်ဖွယ်ရှိပါတယ်။

ကွန်တော်တို့ ယခုဖော်ပြပေးမှာကတော့ ဂျပန်မိခင်တွေရဲ့ တွန်းလှည်းကို သဘောမကျရတဲ့ အကြောင်းပြချက်တွေပဲ ဖြစ်ပါတယ်။

(၁) ကလေးငယ်များကို ရှေးဟောင်းရိုးရာနည်းဖြင့် ချီခြင်း

သမိုင်းကြောင်းအရပြောရလျှင် ကလေးငယ်များကို “နောက်သို့သယ်ဆောင်သည့်သိုင်းကြိုး” ဟု ခေါ်သည့် “Onbuhimos” ကို အသုံးပြု၍ သယ်ဆောင်လာခြင်းဖြစ်ပါတယ်။ ကလေးသယ်ပိုးကို ပျော့ပျောင်းသောအထည်ဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ကလေးများကို ကျောပေါ်တင်ကာ ပခုံးထက်တွင် ကြည့်ရှုလိုသည့်မိခင်များကို ရည်ရွယ်ပြီး ပြုလုပ်ထားတာ ဖြစ်ပါတယ်။ မိခင်များက ကလေးများကို စပါးစိုက်ခင်းများသို့ ခေါ်ဆောင်ခဲ့ရပြီး အလုပ်လုပ်နေချိန်တွင် သားသမီးများကို ကြည့်ရှုစောင့်ရှောက်ရန် အဆင်ပြေဆုံးနည်းလမ်းလည်း ဖြစ်ပါတယ်။

(၂) ကလေးနှင့် မိခင်ကြားက ဆက်ဆံရေးက အရေးကြီးပါတယ်

မိခင်နှင့်ကလေးဆက်ဆံရေးက နက်ရှိုင်းသော်လည်း ဂျပန်မိခင်များနှင့် ကလေးငယ်များကြားတွင် တွယ်တာမှုက အလွန်ခိုင်မာသည်ဟု ဆိုကြပါတယ်။ မိခင်တွေက ငယ်ရွယ်စဉ်ကတည်းက ၎င်းတို့၏ကလေးများနှင့် လှုပ်ရှားမှုများကို မျှဝေကြပြီး က‌ေလးငယ်များနှင့် နီးစပ်ဖို့ အခွင့်အရေးကို လက်လွတ်မခံခဲ့ကြပါ။

(၃) မိခင်၏ ကိုယ်ပေါ်တွင် ချီထားသည့် ကလေးငယ်များက ပို၍ သက်တောင့်သက်သာဖြစ်ပါတယ်

လေ့လာချက်တွေအရ ဂျပန်နိုင်ငံတွင် ကျန်းမာစေတဲ့ နည်းလမ်းများစွာရှိပါတယ်။ မိခင်၏ကိုယ်ပေါ်တွင် ချီခံထားရတဲ့ ကလေးငယ်တွေက ပိုပြီးတော့ သက်တောင့်သက်သာဖြစ်ပြီး ကျန်းမာရေးကောင်းမွန်စေတယ်လို့ ဆိုကြပါတယ်။ဒါ့အပြင် မိခင်နှင့်အတူ လမ်းလျှောက်ထွက်ရတဲ့ ကလေးငယ်တွေက ပို၍တောင် သံတောင်သက်သာဖြစ်စေပါတယ်။

(၄) ကလေးငယ်တွေကို ချီထားခြင်းက ပတ်ဝန်းကျင်နဲ့ ပိုသင့်လျော်ပါတယ်

ဂျပန်လူအုပ်ကြီးက အများသူငှာ သယ်ယူပို့ဆောင်ရေးကို အများအပြား အသုံးပြုသောကြောင့်၊ တိုကျိုမြို့တစ်ဝိုက် ဒါမှမဟုတ် အခြားမြို့များကို ဘတ်စ်ကား၊ မြေအောက်ရထား မီးရထားဖြင့် သွားလာလိုတဲ့ မိခင်များက အဆင်ပြေသည့်ဖြေရှင်းနည်းများကို ရှာဖွေကြပါတယ်။ တွန်းလှည်းအစား ကလေးများကို ကယ်ရီယာ ဒါမှမဟုတ် ထုပ်ပိုးဖြင့် သယ်ဆောင်လိုခဲ့ကြပါတယ်။ ဤနည်းအားဖြင့်၊ သယ်ယူပို့ဆောင်ရေးတွင် အတက်အဆင်းပြုလုပ်ခြင်းဖြင့် လမ်းများပိတ်မိမည်ကို စိုးရိမ်စရာလိုတော့မည် မဟုတ်ပေ။

(၅) japan နိုင်ငံတွင် ကလေးပစ္စည်းများအတွက် ရွေးချယ်စရာ အမြောက်အများရှိပါတယ်

Onbuhimo သည် ဂျပန်ရိုးရာကလေးကယ်ရီယာဖြစ်ခြင်းကြောင့် ဒီဇိုင်းများက ယခုအခါတွင် ပိုမိုထက်မြက်ပြီး အဆင့်မြင့်လာပါတယ်။ ပိုမိုပျော့ပျောင်းတဲ့ အထည်များနှင့် ပိုမိုဆန်းသစ်သော ကလေးသယ်ပိုးများကို ဂျပန်စျေးကွက်တွင် ရွေးချယ်နိုင်ပြီ ဖြစ်ပါတယ်။

နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်။

 

 

Source Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

 

Leave a Reply

Your email address will not be published. Required fields are marked *