ကမ္ဘာတစ်ဝှမ်းမှ မျိုးသုဉ်းလုနီးပါး မျိုးနွယ်စုများ၏ ထင်ရှားသော ဓာတ်ပုံများ
ဗြိတိန်ဓာတ်ပုံဆရာနဲ့ ခရီးသွားတစ်ဦးဖြစ်တဲ့ Jimmy Nelson ဟာ ကော်ဇောနီပေါ်မှာ နာမည်ကြီးတွေ၊ ဒေါက်မြင့်ဖိနပ်စီးထားတဲ့ မော်ဒယ်တွေ၊ မော်တော်ဆိုင်ကယ်စီးတဲ့ အမျိုးသားတွေရဲ့ ဓာတ်ပုံတွေကို များသောအားဖြင့် မရိုက်တတ်ပါဘူး။ ထိုအစား ရန်သူများကို ခြောက်လှန့်ရန် တိရိစ္ဆာန်ခြေကျင်းဝတ်များနှင့် မျက်နှာများကို ဆေးခြယ်ထားသူများ၏ ဓာတ်ပုံများကို ရိုက်ယူခဲ့ပါတယ်။
ယခုအခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျကနေ Jimmyရိုက်ကူးထားတဲ့ မျိုးတုန်းလုနီးပါး မျိုးနွယ်စုတွေရဲ့ ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။
(၁) ဂေါ်ရခါး(Papua New Guinea)
Goroka က အရှေ့ကုန်းမြင့်ပြည်နယ်၏ မြို့တော်ဖြစ်သည်။
တိုင်းရင်းသားလူမျိုးများက ယဉ်ကျေးသောမြို့များနှင့် နီးနီးကပ်ကပ်ရှိသောကြောင့် အထူးရင်းနှီးကြပါတယ်။ Goroka တွင်နေထိုင်သူများသည် ၀ိညာဉ်များကိုယုံကြည်ဆဲဖြစ်ပြီးသဘာဝ၏အံ့ဖွယ်များကိုအလွန်လေးစားကြပါတယ်။
(၂) Huli (Papua New Guinea)
Huli မျိုးနွယ်စုကြီးက အမဲလိုက်ခြင်းဖြင့် ရှင်သန်နေပြီး အမျိုးသားများသာ အဓိကလုပ်ဆောင်ကြပါတယ်။
အမျိုးသမီးများက များသောအားဖြင့် လယ်ယာလုပ်ငန်းနှင့် စုဆောင်းခြင်းတွင် ကောင်းမွန်ကြပါတယ်။ Huli မျိုးနွယ်စုက မကြာခဏဖြစ်ပွားလေ့ရှိတဲ့ လူမျိုးစုစစ်ပွဲများအတွင်း ရန်သူကို ခြောက်လှန့်စေရန် ၎င်းတို့၏မျက်နှာများကို အဝါရောင်၊ အနီရောင်နှင့် အဖြူရောင်ဆေးများ ခြယ်ထားကြပါတယ်။
(၃) Kalam (Papua New Guinea)
ဒေသခံတွေက သူတို့ရဲ့ ရိုးရာ ရွာကလေးတွေမှာ နေထိုင်ကြပါတယ်။ သူတို့ကလည်း ယောက်ျားသားတွေက အမဲလိုက်လေ့ရှိပြီး မိန်းမတွေက အိမ်မှာ ကလေးတွေနဲ့ မိသားစုကို စောင့်ရှောက်ကြပါတယ်။
ယောက်ျားသား ငယ်ငယ်လေးတွေကတော သူတို့ရဲ့ နှာခေါင်းပေါက်တွေကို အသက်နှင့်အမျှ ဖောက်ကြရပြီး မျက်နှာပေါ်မှာ ဆေးရောင်ခြယ်တွေ ဆိုးထားကြပါတယ်။
(၄) Asaro (Papua New Guinea)
Asaro ဆိုတဲ့ စကားလုံးကတော့ Asaroမြစ်နားက ရွှံ့တွေဖုံးထားတဲ့ လူတွေဆိုတာကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ထိုလူတွေက မျက်နှာဖုံးတွေ စွပ်ထားလေ့ရှိပြီး သူတို့ ကိုယ်ပေါ်မှာ ဖုန်မှုန့် ဒါမှမဟုတ် ရွှံ့တွေကို လူးထားလေ့ရှိပါတယ်။
(၅) Maori (New Zealand)
သူတို့ရဲ့ အထူးခြားဆုံ အချက်ကတော့ အကတော်ပြီး အမဲလိုက်ကျွမ်းကျင်သူတွေလည်း ဖြစ်ကြပါတယ်။
နောက်ပြီး သူတို့ခန္ဓာကိုယ်ပေါ်မှာ လက်နက်တစ်ခုခုရှိနေတတ်ပြီး မျက်နှာပေါ်တွေမှာ တက်တူးထိုးထားတာကလည်း ထူးခြားချက်တစ်ခု ဖြစ်ပါတယ်။
(၆) Chukchi (Russia)
Chukchiတွေက ယောက်ျားသားပီသစွာ အမဲလိုက်တော်ကြပြီး မိသားစုကိုလည်း ကောင်းကောင်းစောင့်ရှောက်နိုင်ကြပါတယ်။ မျိုးသမီးတွေကတော့ သိုးမွေးထိုးတာတွေ ချက်ပြုတ်တာတွေကို ကျွမ်းကျင်ကြပါတယ်။Chukchiတွေက ဖော်ရွေကြပြီး ဧည့်သည်တွေ လာလျှင်လည်း နေရာထိုင်ခင်းပေးတတ်ပါသေးသည်။
(၇) Himba (Namibia)
သူတို့ရဲ့ လူမျိုးစုတွေကတော့ ယောက်ျားရော မိန်းမပါ ဩဇာရှိကြပါတယ်။ သို့ပေမယ့် သူတို့ရဲ့ဘဝတွေကိုတော့ သူတို့ရဲ့ အကြီးဖြစ်သူတွေက စီမံခန့်ခွဲပေးကြပါတယ်။ သူတို့က အင်္ကျီ ဝတ်တာရှားလေ့ရှိပြီး မိတ်ကပ်တွေ လက်ဝတ်ရတနာတွေကိုတော့ ဝ်လေ့ရှိပါတယ်။ အမျိုးသမီးတွေကတော့ နေ့တိုင်း မိတ်ကပ်လိမ်းခြယ်လေ့ရှိပါတယ်။
(၈) Mustang (Nepal)
Lo ရဲ့ ရှေးဦးဘုရင်ေတွပဲ ဖြစ်ကြပါတယ်။ သူတို့လူမျိုးစုတွေက ကမ္ဘာကြီးက အပြားလိုက်ကြီး ဖြစ်ပြီး ရောဂါတွေဟာ နတ်ဆိုးတွေကြောင့် ဖြစ်တယ်လို့ ယုံကြည်နေကြဆဲပါ။
(၉) Rabari (India)
သူတို့မျိုးနွယ်စုမှာ လက္ခဏာရပ်တွေ အများကြီး ရှိပါတယ်။ အစောပိုင်းတုန်းက ထိုမျိုးနွယ်စုတွေဟာ အီရမ်အနွယ်ဝင်တွေ ဖြစ်ပြီး ယခုအခါမှာတော့ Rajasthanနှင့် Gujaratတို့မှာ တွေ့ရှိနိုင်ပါတယ်။ အမျိုးသမီး တွေဟာ အိမ်ထောင်မှု နိုင်နင်းကြပြီး အမျိုးသားတွေကတော့ အလှအပအဖြစ် တက်တူးတွေနဲ့ ဖုံးလွှမ်းထားပါတယ်။
နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်။
Source Brightside
Written One Daily Media