ခန္ဓာကိုယ်မှာရှိတဲ့ အမွှေးအမျှင်တွေက ပြောပြနေတဲ့ အမျိုးသမီးတွေရဲ့ ကျန်းမာရေး
ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ကျွန်ုပ်တို့ခန္ဓာကိုယ်မှာ အမွှေးအမျှင်တွေ ရှိတယ်ဆိုတဲ့ အချက်ကို လက်မခံလို့ မရပါဘူး။ အမွှေးအမျှင်တွေ များတာ ပြဿနာ မဟုတ်ပေမဲ့ ၎င်း၏တည်နေရာနှင့် အသွင်အပြင် ပြောင်းလဲသွားပါက ကျန်းမာရေးပြဿနာတစ်ခု၏ အရိပ်အယောင်တစ်ခုဖြစ်နိုင်ပြီး ဤဆောင်းပါးတွင် ထိုအကြောင်းရင်းနဲ့ပတ်သက်ပြီး ပြောပြထားပါတယ်။
ခန္ဓာကိုယ်မှာရှိတဲ့ အမွှေးအမျှင် အမျိုးအစားများ
Vellus ဆိုတဲ့ အေမွးပါးလေးများက ခန္ဓာကိုယ်တစ်ခုလုံးကို အခြေခံအားဖြင့် ဖုံးအုပ်ထားတဲ့ သေးငယ်ပြီး အလွန်ပါးလွှာသောဆံပင်ဖြစ်ပြီး ကျွန်ုပ်တို့သတိမထားမိလောက်အောင် ပါးပါတယ်။
Terminal ဆိုတဲ့ အမွှေးကတော့ ပိုရှည်၊ ပိုသန်၊ ပိုထူပြီး ၊ ပုံမှန်အားဖြင့် vellus အေမွှးထက် များစွာ ပိုနက်ကာ အပျိုဖော်ဝင်စအချိန်တွင် စတင်တွေ့ရပါတယ်။ ကျွန်ုပ်တို့၏ခန္ဓာကိုယ်သည် ပြင်းထန်သောဟော်မုန်းအပြောင်းအလဲများကြုံတွေ့ရသောအခါတွင် စတင်ပေါက်ဖွားလာသောအေမွှးအမျိုးအစားဖြစ်ပါတယ်။
မျိုးရိုးဗီဇ
View this post on Instagram
အမျိုးသားများ၏ အေမွးအမျှင်များကဲ့သို့ ထူထဲနက်မှောင်သော ဆံပင်များ ရုတ်တရက် ကြီးထွားလာသည်ကို တွေ့ကြုံခံစားရပါက သင့်အဖွား၏ ဓာတ်ပုံများကို ကြည့်ရှုလိုက်ပါ။ ခေတ်မီနည်းပညာဖြင့် မည်သို့အောင်မြင်သည်ဖြစ်စေ မျိုးရိုးဗီဇကိုတော့ လှည့်စား၍မရနိုင်ပါ။
လူမျိုးစုနောက်ခံ
ဤလေ့လာမှုတွင် မတူညီသောလူမျိုးစုများသည် အမွှေး ပိုပေါက်နိုင်ခြေ အနည်းနှင့်အများ ပိုများကြောင်း ပြသထားပါတယ်။ မြေထဲပင်လယ်နှင့် အရှေ့အလယ်ပိုင်း ဒေသများမှ အမျိုးသမီးများသည် ထိုနေရာတွင် အမွှေးများဖွံ့ဖြိိုးရန် အလားအလာ ပိုများပါတယ်။ အခြားလူမျိုးစုများကြားတွင်တော့ ေနရာများ ကွဲပြားကြပါတယ် ။
ဟော်မုန်းမညီမျှချက်များ
အမျိုးသားဟော်မုန်း မညီမျှခြင်းကြောင့် ရုတ်တရက် အေမွှးထူထူ ပေါက်ခြင်း ဖြစ်နိုင် ပါတယ်။ အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးစလုံးတွင် ဤဟော်မုန်းများ ရှိကြပြီး အမျိုးသမီး များသည် များသောအားဖြင့် ၎င်းတို့၏ အမျိုးသမီး ဟော်မုန်းများနှင့် နှိုင်းယှဉ်ပါက အတော်လေး နိမ့်ကျနေပြီး အထူးအချိုးတွင် ရှိနေတတ်ပါတယ်။
သင့်တွင် Testosterone အဆင့် တိုးလာပါက သင့်ခန္ဓာကိုယ်တွင် အမျိုးသားဟော်မုန်းများ အလွန်များနေပြီး ၎င်း၏ အခြေအနေအရ ပြောင်းလဲမှုများ စတင်လာ ပါတယ်။ တူညီသောရလဒ်ကို ဖြစ်ပေါ်စေသည့် အခြားအခြေအနေတစ်ခုမှာ သွေးဆုံးခြင်း၏ရလဒ်ဖြစ်သည့် အီစထရိုဂျင်အဆင့်များ လျော့ကျသွားခြင်း ဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ အမျိုးသား/အမျိုးသမီး ဟော်မုန်းပရိုဖိုင်သည် ၎င်း၏ပုံမှန်ဟန်ချက်ထက် ကျော်လွန်သွားတတ်ပါတယ်။
Adrenal glands များသည် ကျောက်ကပ်အထက်တွင် တည်ရှိပြီး adrenal glands များသည် ၎င်းတို့လုပ်ဆောင်သင့်သည့်အတိုင်း အလုပ်မလုပ်ပါက၊ ဟော်မုန်းဟန်ချက်ပြောင်းလဲခြင်းနှင့် ခန္ဓာကိုယ်ရှိ အေမွှးများ အလွန်အကျွံကြီးထွားခြင်းဆိုသည့် အကြီးမားဆုံး လက္ခဏာများထဲမှ တစ်ခုဖြစ် လာတတ်ပါတယ်။
Adrenal ဂလင်းပြဿနာများ၏ အခြားလက္ခဏာများ-
-သွေးတိုးခြင်း။
-ခန္ဓာကိုယ်အပေါ်ပိုင်း၌ ကိုယ်အလေးချိန်တိုးခြင်း။
-သွေးတွင်းသကြားဓာတ်ပမာဏ အလွန် နိမ့် လွန်းခြင်း သို့မဟုတ် မြင့်မားလွန်းခြင်း။
-ခေါင်းကိုက်ခြင်း။
-ကြွက်သားအားနည်းခြင်း။
Polycystic သားအိမ်ရောဂါလက္ခဏာစု
Polycystic ovarian syndrome သည် hirsutism ၏နောက်ထပ်အဖြစ်များသော အကြောင်းရင်းဖြစ်ပြီး ရာသီမမှန်ခြင်းကိုလည်း ခံစားရပါက ၎င်းမှာ ဖြစ်နိုင်ချေရှိပါတယ် ။ ဤအခြေအနေသည် ဆေးကုသမှုခံယူရန် လိုအပ်သော follicles ဟုခေါ်သော အရည်အစုအဝေးငယ်များပါရှိသော သားဥအိမ်ကျယ်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ် ။ ဤအခြေအနေတွင် အခြားလက္ခဏာများလည်း တွေ့ရတတ်ပါတယ် ။
– စိတ်ဓာတ်အပြောင်းအလဲ
– ခေါင်းကိုက်ခြင်း။
-ပင်ပန်းနွမ်းနယ်ခြင်း။
– အိပ်စက်ခြင်းပြဿနာ။
ပုံမှန်မဟုတ်သောတစ်သျှူးကြီးထွားမှု
လအနည်းငယ်အတွင်း hirsutismဆိုတဲ့ ခန္ဓာကိုယ် ပေါ်တွင် မူမမှန်တဲ့ အမွှေးအမျှင်များ ရုတ်တရက်ပေါ်လာပါက၊ သင့်ဆရာဝန်ထံ သွားစစ်ဆေးသင့်ပါတယ် ။ ဤသိသိသာသာ အမွှေးအမျှင်ကြီးထွားမှုသည် အလွန်အမင်း တက်စတိုစတီရုန်းအဆင့် တိုးလာမှု၏ လက္ခဏာတစ်ရပ်ဖြစ်ပြီး အမျိုးသားဟော်မုန်းများ ထုတ်လွှတ်သည့် အကျိတ်အချို့သည် ပုံမှန်မဟုတ်သော တစ်သျှူးကြီးထွားမှု၏ ရလဒ်တစ်ခုဖြစ်နိုင်သည်။ ဒါဟာ သိပ်ကိုအဖြစ်များတာမဟုတ်ပေမယ့် အပြောင်းအလဲတွေ မြန်မြန်ဆန်ဆန်ဖြစ်တယ်ဆိုရင်တော့ စစ်ဆေးဖို့ လိုအပ်ပါတယ်။
နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်။
Source Brightside
Written One Daily Media