Fri. Jan 21st, 2022

Pennsylvania၊ Carlisle တွင် တွေ့ရခဲသော နှင်းဇီးကွက်များ

နှင်းဇီးကွက်တွေဟာ အဖြူရောင်အမွှေးဖွာဖွာတွေကြားထဲမှာမှ အနက်ရောင်ရှိပ်ပြေးအမွှေးလေးတွေနဲ့ အရမ်းကို လှပပါတယ်။

ထိုငှက်ကြီးများကို အာတိတ်နှင့် ကနေဒါ၏ အစိတ်အပိုင်းများတွင် တွေ့ရများပါတယ်။ ပြီးတော့ သူတို့ကို ဆိုရှယ်မီဒီယာမှာလည်း တွေ့နိုင်ပါတယ်။

သို့သော်လည်း မကြာသေးမီက Pennsylvania၊ Carlisle အပြင်ဘက်မှာ ရှားပါးနှင်းဇီးကွက်တစ်ကောင်ကို တွေ့ရှိခဲ့ပါတယ်။ တော်တော် ရုတ်ရုတ်သဲသဲ ဖြစ်သွား ခဲ့ပါသေးတယ်။

ဒီအဖြစ်အပျက်ဟာ ငှက်ချစ်သူတွေနဲ့ ဓာတ်ပုံဆရာ တစ်ဒါဇင်လောက်ရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ထိုလူတစ်စုဟာ ရင်သပ်ရှုမောဖွယ်ကောင်းသော ငှက်ကိုကြည့်ရှုရန် ထိုနေရာသို့ လာခဲ့ကြပါတယ်။

အမှန်တော့၊ Seattle၊ Montreal နှင့် Ocracoke တို့တွင် နှင်းဇီးကွက်တစ်ကောင်တွေ့ဖူးကြောင်း သတင်းပို့ခဲ့ဖူးပါတယ်။


နှင်းဇီးကွက်တွေက အရမ်းကြီးပါတယ်။ ပြီးတော့ ၎င်းတို့သည် မြောက်အမေရိကရှိ အလေးဆုံး ဇီးကွက်မျိုးစိတ်များထဲတွင် ပါဝင်ပါတယ်။ အကြောင်းပြချက်က ရှင်းပြဖို့ တော်တော်လွယ်တယ်။ အေးတဲ့ အာတိတ် ရာသီဥတုကို ခံနိုင်ရည်ရှိဖို့ သူတို့မှာ ထူထဲတဲ့ အမွှေးရှိဖို့ လိုပါတယ်။

ဤငှက်မျိုးစိတ်တွင် အတောင်ပံ ၄-၅ ပေရှိပြီး အားကောင်းသောအတောင်များရှိ​​​ကြပါတယ်။ ထိုအတောင်များသည် ၎င်းတို့အား သားကောင်များကို တိတ်တဆိတ်လိုက်နိုင်စေဖို့ အကူအညီပေးပါတယ်။

ထိုဇီးကွက်များတွင် သားကောင်ကို ဆုပ်ကိုင်ရန်နှင့် အသားကို ကိုက်ဖြတ်ရန်အတွက် အသုံးပြုသည့် ချိတ်​ကောက်နေသော နှုတ်သီးလည်း ရှိပါတယ်။ နှုတ်သီးပေါ်ရှိ အမွေးအမှင်များသည် အနီးနားရှိ အရာဝတ္တုများကို သိရှိနိုင်ရန် ကူညီပေးပါတယ်။

ဒီငှက်​ဖြူကြီးတွေရဲ့ ခြေချောင်းတွေဟာ ​လည်း မှတ်သားထိုက်ပါတယ်။ ၎င်းတို့ကို အမွေးများဖြင့် ဖုံးအုပ်ထားပြီး အာတိတ် အပူချိန်တွင်တောင်မှ ရှင်သန်နိုင်ပါတယ်။

နှင်းဇီးကွက်များဟာ အသက်ကြီးလာသည်နှင့်အမျှ ၎င်းတို့၏ အမွေးများ ပိုဖြူလာလေဖြစ်ပါတယ်။ ဒါကို အထီးတွေမှာ တွေ့ရလေ့ရှိပါတယ်။အမတွေထက် အထီးတွေက အမွှေးပိုဖြူကြပါတယ်။ အထီးတွေဟာ တစ်ကိုယ်လုံး အဖြူရောင်အမွှေးတွေအဖြစ်ပြောင်းသွားနိုင်ပေမဲ့ အမတွေကတော့ မပြောင်းနိုင်ပါဘူး။

နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်။

Source Aubtu.biz

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

 

Leave a Reply

Your email address will not be published. Required fields are marked *