Fri. Jan 21st, 2022

အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး၊ Kodaikanal သစ်တောမြို့က ရင်သပ်ရှုမောဖွယ် ရောင်စုံ ရှဥ့်ကြီးများ

ရှဥ့်များက ကျွန်‌ေတာ်တို့အတွက် မထူးဆန်းတော့ပါ။ ဒီလို ချစ်စရာ အမွေးအတောင်လေးတွေရှိတဲ့ အကောင်လေးတွေရဲ့ ဓာတ်ပုံ ထောင်ပေါင်းများစွာကို အင်တာနက်မှာ တွေ့နိုင်ပါတယ်။ အကယ်၍ သင်က ပန်းခြံများနှင့် အခြားနေရာများသို့ သွားရောက်လည်ပတ်ပါက ၎င်းတို့နှင့် နီးကပ်စွာတွေ့ဆုံနိုင်မည်ဖြစ်ပါတယ်။ထိုအကောင်လေးတွေကိုတော့ အိမ်မွေးတိရစ္ဆာန်အဖြစ်ပင် မွေးမြူထားကြပါတယ်။

ယခုအခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျကနေ သာမာန်တွေ့နေကြ အကောင်တွေလို မဟုတ်ဘဲ ထူးခြားပြီး လှပတဲ့ အကောင်လေးတွေအကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်

Malabar ဧရာမရှဥ့်တွေက သူတို့ရဲ့ “ကြီးမားသော” တဲ့ ပုံသဏ္ဍာန်ကြောင့်လည်း နာမည်ကြီးပါတယ်။ ဦးခေါင်းကနေ အပြာရောင်ချုံပုတ်အမြီးအထိ 3 ပေအထိ ရှည်နိုင်ကြပါတယ်။

ထိုရှဥ့်‌ေတွက လူ‌ေတွရဲ့ နေရာများတွင် မကြာခဏ ပေါ်လာတတ်ပါတယ် ။ အချိန်အများစုကို သစ်ပင်တစ်ပင်မှ တစ်ပင်သို့ ခုန်တက်ကြပါတယ်။ ပန်းများ၊ အခေါက်များ၊ အစေ့များနှင့် အင်းဆက်များကို စားသောက်ကြပါတယ်။ လွယ်လွယ်ကူကူ ရနိုင်တဲ့ ငှက်ဥတွေတောင် စားကြပါတယ်။ သူတို့ရဲ့ အမြီးကြီးတွေက အစာရှာရာမှာ အများကြီး အထောက်အကူ ပြုပါတယ်။

ထိုလှပတဲ့ Malabar ဧရာမရှဥ့်တွေက မျိုးတုံးပျောက်ကွယ်လုနီးပါး စာရင်းမသွင်းထားသော်လည်း တကယ့်အန္တရာယ်များနှင့် ရင်ဆိုင်နေရပါတယ်။ သားမွေးမုဆိုးများနှင့် နေထိုင်ရာထိုင်ခင်း အန္တာရယ်များကို ကြောက်ရွံ့နေရပါတယ်။

ထိုရောင်စုံရှဉ့်များ၏ ပြန်လည်ရှင်သန်မှုကို အထောက်အကူဖြစ်စေတဲ့ နောက်ထပ်အချက်တစ်ခုကတော့ Pune ရှိ Rajiv Gandhi တိရစ္ဆာန်ဥယျာဉ်၏ အလုပ်ဖြစ်ပါတယ်။ “သူတို့ကို မျိုးရိုးဗီဇအရ လေ့လာချင်တယ်” ဟု တိရစ္ဆာန်ရုံ ဒါရိုက်တာ Rajkumar Jadhav က The Hindu သို့ ပြောကြားခဲ့ပါတယ်။ “ကျားနဲ့ပတ်သက်တဲ့ လေ့လာမှုတွေ အများကြီးရှိပေမယ့် ဒီလိုအကောင်သေးသေးလေးတွေအကြောင်းတော့ မသိရသေးပါဘူး။”ဟုလည်း ဆိုပါတယ်။

နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်။

Source aubtu.biz

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

 

Leave a Reply

Your email address will not be published. Required fields are marked *