ဆွီဒင်သစ်တောတွင် တွေ့ရှိရသည့် အလွန်ရှားပါးသော အဖြူရောင်ဦးချိုပြားသမင်များ
မကြာသေးမီက နော်ဝေးနယ်စပ်အနီးရှိ ဆွီဒင်သစ်တောများတွင် အလွန်ရှားပါးသော အဖြူရောင် ဦးချိုပြားသမင်တစ်ကောင်ကို တွေ့ရှိခဲ့ရပါတယ် ။ သဘာဝတရားဟာ အလွန်အံ့သြဖွယ်ကောင်းပါတယ်။ အချို့သော တိရစ္ဆာန်များသည် လူသားများကို “ဝိုး” ဟု ရေရွတ်မိသည်အထိ ထူးဆန်းလက္ခဏာများဖြင့် မွေးဖွားလာကြပါတယ်။
တောရိုင်းတိရိစ္ဆာန်ဓာတ်ပုံဆရာ Roger Brendhagen သည် ဤအံ့သြဖွယ်ကောင်းသော ရိုက်ချက်များကို မတော်တဆ ရိုက်ကူးမိခဲ့တာပါ။ ဓာတ်ပုံဆရာတိုင်းအတွက် ဓာတ်ပုံတစ်ပုံရိုက်ကူးခြင်းဟာ “တစ်သက်မှာတစ်ကြိမ်” ထီပေါက်ခြင်းကဲ့သို့ ဖြစ်နိုင်ပါတယ်။ဓာတ်ပုံရိုက်ဖို့ သေချာစီစဉ်ထားပေမယ့် ကံကောင်းခြင်းတွေ က အမြဲတမ်းမရှိပါဘူး။ ရော်ဂျာကတော့ သူ့အခွင့်အရေးကို ချက်ချင်း ပင် အမိအရဆုပ်ကိုင်လိုက်ပါတယ်။
ဦးချိုပြားသမင်ဖြူဟာ ဓာတ်ပုံဆရာ၏ မှန်ဘီလူးထဲမှာ သိသိသာသာလှပနေပြီး တောထဲမှာ ကျင်လည်နေတာဖြစ်ပါတယ်။
လူတော်တော်များများက အဆိုပါသမင်ဖြူကကို albino လို့ ထင်ကြပါတယ်။ ဒါပေမယ့် မဟုတ်ပါဘူး။ ထိုလှပသောသတ္တဝါဟာ piebaldism ဟုခေါ်သော မျိုးရိုးဗီဇအခြေအနေတစ်ခုသာဖြစ်ပါတယ်။
မကြာသေးမီနှစ်များအတွင်း ဆွီဒင်နှင့် ကနေဒါသစ်တောများတွင် သမင်အဖြူများကို အကြိမ်ပေါင်းများစွာ တွေ့ခဲ့ရပါတယ်။ သားရဲကောင်များ လျော့နည်းလာခြင်းကြောင့် ၎င်းတို့ဦးရေ တိုးလာသည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းကြပါတယ်။
ဤအမိုက်စား ဓာတ်ပုံများဟာ သစ်တောကမ္ဘာကြီး မည်မျှခမ်းနားထည်ဝါသည်ကို ပြသ နေပါတယ်။ ထို့ကြောင့်လေးစားကာကွယ်ကြပါ။
ပြီးတော့ ဒီပို့စ်ထဲက သိသိသာသာလှပနေတဲ့ ဦးချိုအပြားသမင်ဖြူလေးကို မိသားစုတွေ၊ သူငယ်ချင်းတွေထံ မျှဝေဖို့ မမေ့ပါနဲ့။
Source aubt.biz
Written One Daily Media