Mon. Aug 15th, 2022

ဟိုတယ်ထဲကနေ အပြင်ထွက်မလည်ပတ်နိုင်အောင် ဆွဲဆောင်ထားမည့် ဟိုတယ် 15 ခု

အများအားဖြင့် ဟိုတယ်များသည် ကျွန်ုပ်တို့ အချိန်သိပ်မဖြုန်းဖြစ်သော နေရာများဖြစ်ပါတယ်။ ကျွန်ုပ်တို့သည် ထိုနေရာတွင် အိပ်ပြီး ခရီးဆောင်အိတ်များကို အခန်းထဲတွင် ထားခဲ့ကာ လည်ပတ်ရမည့် နေရာအားလုံးကို ပျော်ရွှင်စွာ ခံစား‌လေ့ရှိကြပါတယ်။ သို့သော်၊ အချို့ဟိုတယ်များသည် အလွန်လှပပြီး ၎င်းတို့အလှအပကို ခံစားစေရန်အတွက်သက်သက် ထိုနေရာသို့ သွားရန် စဉ်းစားမိနိုင်ပါတယ်။

သင် ထွက်ခွာမသွားချင်မည့် ဟိုတယ်အချို့ကို တွေ့ရှိထားပြီး သင့်အားလပ်ရက်တစ်ခုလုံးကို ဟိုတယ်အတွင်းတွင်သာ ကုန်ဆုံးလိုမည့် နေရာများ စုစည်းထပါတယ်။ ဆောင်းပါး၏အဆုံးတွင်၊ ရေပေါ်တွင် ပေါ်နေသော ဟိုတယ်တစ်ခု အကြောင်း bonus အနေနဲ့ပါရှိပါတယ်။

(1) Amangiri, Canyon Point, Utah, USA

ဤဟိုတယ်သည် သဘာဝ၏အစိတ်အပိုင်းတစ်ခုဖြစ်ပုံရပါတယ်။ ထို့ကြောင့် ဤနေရာတွင်နေရန် ဆုံးဖြတ်ပါက ဝန်းရံထားသည့် လှပသော သဲခုံများ၊ ကုန်းပြင်မြင့်များနှင့် တောင်တန်းများအကြောင်းကို ခံစားသိရှိရမည်ဖြစ်ပါတယ်။

(2) Sheraton Huzhou Hot Spring Resort, Huzhou, China

ဤသည်မှာ ဇိမ်ခံဟိုတယ်ဖြစ်ပြီး ၎င်း၏ပုံသဏ္ဍာန်ကြောင့် “Horseshoe Hotel” နှင့် “Doughnut Hotel” အပါအဝင် နာမည်ပြောင်များစွာရှိပါ‌တယ်။ 2013 ခုနှစ်တွင် ၎င်း၏ဒီဇိုင်းနှင့် ဝန်ဆောင်နိုင်စွမ်းများအတွက် Emporis Skyscraper Awards မှ တတိယဆုကိုပင် ချီးမြှင့်ခံခဲ့ရပါတယ်။

(3) Propeller Island City Lodge, Berlin, Germany

ဤဟိုတယ်တွင် အနုပညာလက်ရာ‌မြောက်ဖန်တီးမှုတစ်ခုလည်းဖြစ်ပါတယ်။ အခန်းများစွာ ရှိပြီး အခန်းတစ်ခန်းစီတွင် ထူးခြားသော ဒီဇိုင်း ရှိပါတယ်။ သို့သော် ယခုအခါ “ပြုပြင်ရန်နှင့်အမြင်သစ်များ” အတွက် ဟိုတယ်ကို ပိတ်ထားပါတယ်။

(4) Free Spirit Spheres, Vancouver Island, British Columbia, Canada

တွဲဆိုင်းများဖြင့်ချိတ်ထားသော သစ်လုံးအိမ်များဟာ သစ်ပင်ပေါ်အိမ်‌ဆောက်နေထိုင်လိုသည့် သင့်ငယ်ဘဝအိပ်မက်များကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါတယ်။ ဒါဟာ သဘာဝနှင့် ပြန်လည်ချိတ်ဆက်ရန် အံ့သြဖွယ်နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။

(5) Bivacco Gervasutti, Frebouze Glacier, Mont Blanc, Italy

Alpine တောင်တက်သမား Giusto Gervasutti ကို အစွဲပြု၍ အမည်ပေးထားသည့် ဤ capsule ဟိုတယ်သည် ချောက်ကမ်းပါးစွန်းတွင် တည်ရှိပါတယ်။ တောင်တက်ခြင်း နှင်းလျှောစီးခြင်းတို့အတွက် အလွန်ရေပန်းစားသော နေရာတစ်ခုဖြစ်ပြီး မြင်ကွင်းသည်လည်း အံ့မခန်းဖြစ်ပါတယိ

(6) Neemrana Fort Palace, Neemrana, India

Rajasthan ရှိ 15 ရာစု၏ အမွေအနှစ်ဟိုတယ်သည် Delhi ရှိ ရှေးအကျဆုံးအပန်းဖြေစခန်းများထဲမှ တစ်ခုဖြစ်သည်သာမက ချိတ်ဆွဲဥယျာဉ်များ၊ ရေကူးကန်များနှင့် zip-line များပါ ပါရှိသည့်အတွက် အံ့ဖွယ်ကောင်းလှပါသည်။

(7) Seven Hotel, Paris, France

ဤခေတ်မှီဟိုတယ်က သင့်ဘဝထဲသို့ မှော်ဆန်မှုအချို့ကို ယူဆောင်လာပေးနိုင်ပါတယ်။လေပေါ်ပျံနေသော အိပ်ရာကို ကြည့်လိုက်ပါ။ ထူးခြားတဲ့ အတွင်းပိုင်းဒီဇိုင်းက မင်းအိပ်မက် ဒါမှမဟုတ် ရုပ်ရှင်ထဲမှာ ရောက်ရှိနေသလို ခံစားရစေနိုင်ပါတယ်။

(😎 Sextantio Le Grotte della Civita, Matera, Italy


ဤဟိုတယ်ဟာ UNESCO စာရင်းဝင်လှိုဏ်ဂူများအတွင်း၌ တည်ရှိပါတယိ။ ၎င်းတို့ကို ပြုပြင်မွမ်းမံထားပြီး ထိုနေရာတွင်နေ၍ အီတလီနိုင်ငံအ‌ကြောင်း အနည်းငယ် ပိုကောင်းကောင်းသိအောင် လုပ်နိုင်ပါတယ်။

(9) Thorngrove Manor Hotel, Adelaide, Australia

ဤဟိုတယ်တွင် တည်းခိုခြင်းက သင့်အား ဒဏ္ဍာရီပုံပြင်ထဲရောက်နေသလို ခံစားရစေနိုင်ပါတယ် ။ ထို့ကြောင့် သင့်အတွက် အရေးပါသော အခြားသူများနှင့် သွားရန် နေရာရှာနေပါက၊ ၎င်းသည် အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်နိုင်ပါတယ်။

(10) Lloyd Hotel, Amsterdam, Netherlands


အခန်းအပြင်ထွက်စရာမလိုဘဲ ပျော်ရွှင်ချင်ပါသလား။ ဤဟိုတယ်တွင် လွှဲ‌နေနိုင်သောကြိုးပုခက်ကို တွေ့ရမည်ဖြစ်သဖြင့် သင်မပျင်းမှာ သေချာပါတယ်။

(11) Crane Hotel Faralda, Amsterdam, Netherlands

ဟိုတယ်တစ်ခုအတွက် ပုံမှန်မဟုတ်သော တည်နေရာဖြစ်သော်လည်း ၎င်းသည် အခြားသမရိုးကျဟိုတယ်များကဲ့သို့ပင် အဆင်ပြေပါတယ်။ ပိုမိုစိတ်‌ကျေနပ်စေသောအရာမှာ ကရိန်း၏ထိပ်မှ Bangee Jump ခုန်နိုင်ခြင်းဖြစ်ပါတယ်။

(12) Treehotel, Tällberg, Sweden

သိပ္ပံပညာ ဝါသနာရှင်များအတွက် ဤနေရာသည် နေရာကောင်း ဖြစ်ပါလိမ့်မယ်။ ၎င်းသည် သစ်ပင်အိမ်တွင် အချိန်ကုန်ဆုံးနိုင်မယ့် အခြား သော ဟိုတယ်တစ်ခုဖြစ်ပါတယ်။ သို့သော် ယခုတစ်ကြိမ်တွင်တော့ UFO ပုံသဏ္ဍာန်ဖြစ်ပါတယ်။

(13) Fantasyland Hotel, Edmonton, Canada

အာကာသသို့ ခရီးသွားလိုပါသလား သို့မဟုတ် အက်စကီးမိုး လူမျိုးတို့၏ သံခမောက်ပုံအိမ်ငယ်တွင် အိပ်လိုပါသလား။ ဤဟိုတယ်တွင် သင်တည်းခိုပါက ဒီဆန္ဒ‌တွေပြည့်စုံနိုင်ပါတယ် ။ အခြား အပြင်အဆင်အခန်းများစွာလည်းရှိသောကြောင့် လူတိုင်းအတွက် သင့်လျော်သည့်အရာတစ်ခုရှိမည်မှာ အသေချာပါပဲ။

(14) Cava & Hotel Mastinell, Vilafranca, Spain

ဝိုင်ကိုနှစ်သက်သူများအတွက် ဤနေရာအား အထူးအကြံပြုလိုပါတယ်။ ဟိုတယ်ကို စပျစ်ခြံများဖြင့် ဝန်းရံထားပြီး ဒေသန္တရစပျစ်ဥယျာဉ်ကို လည်ပတ်ကြည့်ရှုခြင်း၊ ဝိုင်သောက်ခြင်း၊ စပျစ်သီးများကို ခြေထောက်ဖြင့် ရိုက်ခွဲခြင်းနှင့် အခြားသော စိတ်လှုပ်ရှားစရာ လှုပ်ရှားမှုများစွာကို ပြုလုပ်နိုင်ပါတယ်။

(15) La Balade des Gnomes, Durbuy, Belgium


ဤသည်မှာ ဒဏ္ဍာရီပုံပြင်ထဲတွင် သင်ကိုယ်တိုင်နေထိုင်နေသည်ဟု စိတ်ကူးကြည့်နိုင်သည့် နောက်ထပ်ဟိုတယ်တစ်ခုဖြစ်ပါတယ်။ အခန်းများကို ကမ္ဘာတစ်ဝှမ်းမှ ဒဏ္ဍာရီများနှင့် ရိုးရာပုံပြင်များအလိုက် အလှဆင်ထားပါတယ်။

BONUS – ရေပေါ်ဟိုတယ်

The Ark ဟုခေါ်သော ဤဟိုတယ်ကို မတည်ဆောက်ရသေးသော်လည်း ကမ္ဘာကြီးပူနွေးလာပြီးနောက်ပိုင်းဘဝများအတွက် ဒီဇိုင်းထုတ်ထားပါတယ် ။ တစ်ဝက်သည် ရေအောက်တွင်ရှိပြီး ရေလွှမ်းမိုးမှုနှင့် ငလျင်ဒဏ်ကိုလည်း ခံနိုင်ရည်ရှိမှာပါ။

ဒီဟိုတယ်တွေထဲက ဘယ်ဟိုတယ်မှာ သင်နေချင်လဲ။ သင့်အတွေးအမြင်များကို မှတ်ချက်များတွင် သိလိုပါတယ်။

 

 

Source Brightside

Written One Daily Media

One Daily Media Copyright © 2021

ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

Leave a Reply

Your email address will not be published.