အင်တာနက်ပေါ်မှာ.ရေပန်းစားမှုကို သိမ်းပိုက်ခဲ့သည့် ဖင်လန်ကမ်းခြေမှ ရှားပါးသော သဘာဝဖြစ်စဥ်ဓာတ်ပုံများ
“ငါအရာရာကိုမြင်ဖူးတယ်” လို့ မိမိကိုယ်ကို ယုံကြည်ချက်ရှိသူများအား ဖင်လန်ကမ်းခြေတွင် လဲလျောင်းနေသော ရေခဲဥဓာတ်ပုံများက အမြင်ပြောင်းစေနိုင်မယ်လို့ ကျွန်ုပ်တို့ ယုံကြည်ပါတယ် ။ ဤရာသီဥတုဖြစ်စဥ်ဟာ အလွန်ထူးခြားပါတယ်၊၊ ဒါဟာ ဧရာမကော်ဖီအေးတစ်ခွက် မတော်တဆမှောက်ပြီးပြန်လည် ရှင်းလင်းရန်မေ့သွားပြီး ကျန်ခဲ့သော ရေခဲများအလားထင်ရပါတယ်။
ကျွန်ုပ်တို့သည် ဤထူးဆန်းမှော်ဆန်သည့်ဖြစ်ရပ်ကို မြင်တွေ့ခဲ့ရသည့် ကံကောင်းသူများထံမှ ဓာတ်ပုံများကိုမျှဝေရန် ရှာဖွေရန် အင်တာနက်ကို မွှေနှောက်ခဲ့ပါတယ်။ ခံစားကြည့်လိုက်ပါ။
– ဒီလိုပုံစံမျိုးတစ်ခါမှ မမြင်ဖူးဘူး ဟုပြောကြပါတယ်
ဘောလုံးများနှင့်တူသော အရွယ်အစားအမျိုးမျိုး၏ လျှို့ဝှက်ဆန်းကြယ်သောပုံစံများကို ဖင်လန်နိုင်ငံတွင် တွေ့ခဲ့ရပါတယ်။ မျက်မြင်တစ်ဦးဖြစ်သည့် Risto Mattila က ပင်လယ်အနီးတွင် နေထိုင်ခဲ့သည့် ၂၅ နှစ်တာကာလအတွင်း ဤကဲ့သို့ တစ်ခါမှ မတွေ့ဖူးကြောင်း ပြောကြားခဲ့ပါတယ်။
– ဂြိုလ်သားများ နှင့် ဘာမှမဆိုင်ပါဘူး
ဤမြင်ကွင်းဟာ “ကမ္ဘာအပြင်ဘက်မှ” ဟုထင်ရသော်လည်း ၎င်းသည် မှော်ပညာ သို့မဟုတ် ဂြိုလ်သားများကြောင့်မဟုတ်ကြောင်း ကျွမ်းကျင်သူများက အာမခံပါတယ်။ သို့သော်လည်း ထူးခြားအခြေအနေအချို့ လိုအပ်ပါတယ်။
ရေအပူချိန်ဟာ ရေခဲမှတ်အနီးတွင်ရှိရမည်ဖြစ်ပြီး လေအပူချိန်သည် သုညအောက် အနည်းငယ်သာရှိရမည်ဖြစ်ပါတယ်။ လှိုင်းကလေးများ ဖြစ်ပေါ်လာပြီး ကမ်းခြေသည် သဲထူထပ်ကာ တိမ်ရပါမယ်။
ဘောလုံးများသည် တစ်စုံတစ်ခု၏ ပတ်လည်တွင် ဖွဲ့စည်းထားလေ့ရှိပါတယ် ။ ရွှံနွံ၊ အမှိုက်စ၊ သဲကျောက်ငယ်၊ ကျောက်စရစ်ခဲ သို့မဟုတ် နှင်းပုံဆောင်ခဲ စသော အရာများပတ်ပတ်လည်တွင် ရေများ အေးခဲနေချိန်တွင် လေက ၎င်းတို့ကို လှည့်ပတ်စေပြီး နောက်ဆုံးတွင် စက်လုံးပုံသဏ္ဍာန် အလုံးအထည်များ ဖန်တီးပါတယ် ။ လှိုင်းတံပိုးများက ကမ်းပေါ်သို့ တွန်းပို့ပြီး ကြီးထွားလာကြပါတယ်။
လေအလွန်အကျွံတိုက်ခြင်းက ဘောလုံးများဖြစ်ပေါ်ခြင်းကို ဟန့်တားနိုင်သောကြောင့် မှန်ကန်သောအခြေအနေများဖြစ်ရန် အရေးကြီးပါတယ် ။ လေမရှိလျှင် ကမ်းစပ်တွင် ရေခဲများ အေးခဲသွားမည်ဖြစ်ပါတယ်။
သဘာဝတရားက ကျွန်ုပ်တို့ကို အံ့အားသင့် စရာများ ပေးစွမ်းခြင်း ဘယ်သောအခါမှ မရပ်တန့်ပါဘုး
မိခင်သဘာဝက ဖန်တီးထားသည့် ထူးခြားသည့်အရာများကို သင်မြင်ဖူးပါသလား။ ကျွန်ုပ်တို့အံ့အားသင့်စေရန် မျှဝေပေးခဲ့နိုင်ပါတယ်။
Source Brightside
Written One Daily Media
Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ
ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။