တစ်စုံတစ်ဦး၏ အချစ်ကိုခံယူလိုသူ လိမ်ယှက်ထားသောမျက်နှာပိုင်ရှင် ကြောင်ပေါက်လေး
Pinocchio ဟုဆိုလျှင် Florence ၏အီတလီစာရေးဆရာ Carlo Collodi ရေးသားသော ကလေးဝတ္ထု The Adventures of Pinocchio မှ အဓိကဇာတ်ကောင်ဖြစ်သော ဝဝကစ်ကစ်မျက်နှာဝိုင်းဝိုင်း နှာတံရှည် ချစ်စရာကလေးငယ်ကို ကျွန်ုပ်တို့စဉ်းစားမိပါလိမ့်မယ်။ သို့သော် ဤဆောင်းပါးတွင် Pinocchio သည် စိတ်ကူးယဉ်ဇာတ်ကောင်မဟုတ်ပဲ ထူးခြားသည့်မျက်နှာရှိသော ကြောင်လေး၏အမည်ဖြစ်ပါတယ်။
ဦးခေါင်းခွံပိုင်းဆိုင်ရာ မူမမှန်မှုဖြင့် မွေးလာတဲ့ ကြောင်ကလေး Pinocchio ကို ကြည့်လိုက်ပါ။ ပိန်လှီသော ထိုကြောင်ကလေးတွင် အပြာရောင်မျက်လုံးလေးများနှင့် သွားပေါက်ငယ်လေးများရှိပါတယ် ။ ထူးခြားသောအသွင်အပြင်ကို ပိုင်ဆိုင်ထားသော်လည်း ကြောင်ကလေးသည် သူ့ကိုယ်သူ လုံးဝသတိမထားမိပုံရပါတယ်။
Friends for Life Rescue Network ရဲ့ ပိုင်ရှင် Jacqueline Santiago ရဲ့ အဆိုအရ ကြောင်ငယ်လေးရဲ့ ဓာတ်ပုံကို သူမ ပထမဆုံး မြင်လိုက်ရချိန်မှာတော့ ထူးခြားအသွင်အပြင်နဲ့ မတူတဲ့ အရာတစ်ခု ရှိနေတာကို သူမ သတိထားမိခဲ့ပါတယ်။ သို့သော် သူနှင့် ကိုယ်တိုင်မတွေ့မချင်း သူမည်မျှထူးခြားသည်ကို သူမ မသိခဲ့ပါဘူး။
သူရောက်လာတဲ့အချိန်အထိ သူ့မျက်နှာမှာ ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော် နားမလည်နိုင်ခဲ့ပါဘူး” ဟု ဆန်တီယာဂိုက The Dodo သို့ ပြောကြားခဲ့ပါတယ်။ “ပထမအကြိမ်တွေ့ဆုံမှုမှာ ပငိ သူက အရမ်းချောတာသတိထားမိတယ်” ဟု ဆန်တီယာဂိုက ပြောကြားခဲ့ပြီး “[သူ] က သဘောကျစွာမြည်တမ်းနေတယ်” လို့ ဆက်ပြောပြပါတယ်။
Pinocchio သည် ဖော်ရွေတတ်တာကြောင့် သူတွေ့သမျှလူတိုင်း တိရစ္ဆာန်တိုင်းနှင့် အလျင်အမြန် မိတ်ဖွဲ့တတ်ပါတယ်။”Pinocchio က ရှက်တတ်တဲ့ အမျိုးအစားမဟုတ်ပါဘူး” ဟု ဆန်တီယာဂိုက ပြောကြားခဲ့ပါတယ်။ “သူဟာ အလွန်ယုံကြည်မှုရှိပြီး လူတိုင်းကို ချက်ချင်းနီးပါး နှုတ်ဆက်လေ့ရှိပါတယ်” ဟုဆိုပါတယ်။
“အခန်းထဲကို ဝင်လာသူတိုင်းကို ပြေးပြီး ပုခုံးပေါ်တက်ပါတယ်” ဟု သူမက ဆက်ပြောပြပါတယ်။ “သူက မင်းကို ပွတ်သပ်ကစားရတာ ကြိုက်တယ်။ သူသည် အခြားလူများ အခြားကြောင်များ ၊ခွေးများ အားလုံးကချစ်မြတ်နိုးသော ပျော်ရွှင်စရာကောင်းသော ကောင်လေးဖြစ်ပါတယ်”
သူဟာ မေးရိုးမညီမှုကြောင့် စိုစွတ်သောအစာကိုသာ စားနိုင်ပါတယ် ။ မွေးစားအိမ်တွင်နေထိုင်စဉ်တွင်၊ ဆေးဘက်ဆိုင်ရာပြဿနာအချို့ရှိခဲ့ပြီး အူကျွံခြင်းနှင့် ရင်ညွှန့်ပြုပြင်ခွဲစိတ်မှုများပြုလုပ်ခဲ့ရပါတယ်။
Pinocchio ၏ကျန်းမာရေးဟာ ယခုအခါ ပြန်လည်ကောင်းမွန်နေပြီဖြစ်သော်လည်း အခြားကျန်းမာရေးပြဿနာအချို့ကြောင့် အရွယ်ရောက်ရန် နီးကပ်လာချိန်အထိ မွေးစားရန် ရှင်းရှင်းလင်းလင်း ကျန်းမာခြင်းဖြစ်နိုင်ဖွယ်မရှိပါဘူး။
” ကျွန်ုပ်တို့က သူ၏နောက်ပိုင်းတွင် လိုအပ်မည့်အရာများကို အပြည့်အ၀မသိသေးသောကြောင့် ကုသမှုခံယူနေစဉ်အတွင်း စုံစမ်းမေးမြန်းမှုများကိုမှ လက်မခံပါ” ဟု ဆန်တီယာဂိုက ပြောကြားခဲ့ပါတယ်။ “သူ့ရဲ့လိုအပ်ချက်တွေကို အခုကျွန်တော်တို့သိပါတယ်၊ ဒါပေမယ့် သူကြီးပြင်းလာပြီး ပြောင်းလဲလာတာနဲ့အမျှ အဲဒါတွေလည်း ပြောင်းလဲလာနိုင်ပါတယ်” ဟုဆိုပါတယ်။
Pinocchio သည် ထာဝရ နေစရာအိမ် ရရန် အဆင်သင့်ဖြစ်သောအခါတွင်၊ သူ့အား ချစ်မြတ်နိုးပြီး သူ၏အထူးလိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် အထူးမိသားစုတစ်ခု လိုအပ်မည်ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Pinocchio ရဲ့မျက်နှာက သူ့ကို အမြဲလိုလို ပြုံးရယ်နေပါလိမ့်မယ်။
ဒီကြောင်လေးကို ချစ်လား? အောက်ပါမှတ်ချက်များတွင် သင့်ထင်မြင်ယူဆချက်များကို ပြောပြပါ။ သင့်သူငယ်ချင်းများနှင့် မိသားစုဝင်များနှင့် လည်း ဤဆောင်းပါးကို မျှ ဝေပေးလိုက်ပါ။
Source aubtu.biz
Written One Daily Media