Daily News

ဗေဒင်ဆရာ ဟောကိန်းမှမဟုတ်ဘဲ ဆန်၊ ဆီ၊ ဆေးတွေ ဈေးကျမယ်လို့ ပြောဆိုလိုက်သည့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးလြစိုး

ဗေဒင်ဆရာ ဟောကိန်းမှမဟုတ်ဘဲ ဆန်၊ ဆီ၊ ဆေးတွေ ဈေးကျမယ်လို့ ပြောဆိုလိုက်သည့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးလွစိုး

ရန်ကုန်တိုင်း၌ အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများ ဈေးနှုန်းကျဆင်းရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်များနှင့် ဆန်စပါးအဖွဲ့ချုပ်၊ ဆန်ကုန်သည်ကြီးများအ သင်း၊ ဆီကုန်သည်အသင်း၊ စားဖိုဆောင်သီးနှံအသ င်း၊ သစ်သီးဝ လံအသင်း၊ သားငါးအသင်း၊ ကြက်ဥဒိုင်၊ ကုန်စည်ဒိုင်များနှင့် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်အ သင်းများ၏ တာဝန်ရှိသူများနှင့်

တွေ့ဆုံကာ ဆွေးနွေးခဲ့တယ်လို့ တိုင်းဝန်ကြီးချုပ်က ယနေ့ နံနက်၌ ၎င်း၏ လူမှု ကွန်ယက်မှာ အထက်ပါအတိုင်း ရေးသားခဲ့တာလည်းဖြစ်ပါတယ်။အဆိုပါဆွေးနွေးပွဲတွင် အများပြည်သူများပါ လက်ကားဆိုင်မှကုန်ပစ္စည်းများ လွယ်ကူစွာဝယ်ယူဖြန့်ဖြူးနိုင်ရန် အိမ်ဆိုင်များ၊ အခွန်လွတ်ဈေးထဲရှိ ဆန်ဆိုင်များ၊ အရောင်းကားများနှင့် ရန်ကုန်တိုင်းအတွင်း

မြို့ပြကျေးလက် အနှံ့ သက်သာသည့်ဈေးနှုန်းနှင့် ယ နေ့ သြဂုတ်လ ၁၆ ရက်နေ့မှစ၍ ရောင်းချပေးတော့မယ်လို့ ဆိုပါတယ်။ထို့အပြင် မြန်မာနိုင်ငံဆေးနှင့် ဆေးလုပ်ငန်းရှင်အသင်းမှ သြဂုတ်လ ၁၇ ရက်နေ့မှစပြီး စီးပြား/ကူးသန်း ဌာန ပိုင်အဆောက်အဦးများတွင် အိမ်သုံးဆေးဝါးများကို လက္လီ၊ လက်ကားဆိုင်များ ဖွင့်လှစ်ရောင်းချပေးသွား မည်ဖြစ်ပြီး

ဝင်ငွေရှာချင်သူများအနေဖြင့်လည်း Cash For Work အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့ ၎င်းက ရေးသားထားပါတယ်။အလားတူ အလုံမြို့နယ် ကမ်းနားလမ်းဆိုင်နှင့် ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်း၊ ဗိုလ်ဆွန်ပက်လမ်း ထောင့် တွင် အသင်းဝင်ကုမ္ပဏီများစုပေါင်းပြီး သက် သာသည့်ဈေးဖြင့် ရောင်းချပေးတော့မည်ဖြစ်ပြီး ရန်ကုန်တိုင်းအ တွင်း ဆန်၊ ဆီ၊ ဆေးကုန်ဈေးနှုန်းများကျအံ့၊

ဘယ်ဗေဒင်ဆရာ၊ ဗေဒင်ဟောကိန်းမှမဟုတ်ကြောင်း တိုင်းဝန် ကြီးချုပ် ဦးလွစိုးက ပြောဆိုထားပါတယ်။လက်ရှိအချိန်၌ ရန်ကုန်မြို့၌ အလုပ်လက်မဲ့ ပြဿနာများလာခြင်း၊ ကုန်ဈေးနှုန်းများမြင့်တက်လာခြင်းများ ရှိနေကြောင်း သိရပါတယ်။

Leave a Comment