စိတ်မပျော်မရွှင် ဖြစ်သည့်အခါတွင် ကလေးငယ်များ လုပ်လေ့ရှိတဲ့ အလေ့အကျင့်များ
လူကြီးတွေလိုပဲ ကလေးတွေမှာလည်း အတက်အကျဆိုတာ ရှိကြပါတယ်။ သင်ယူမှုပြဿနာများ ဒါမှမဟုတ် ၎င်းတို့၏ မိသားစုပတ်ဝန်းကျင်ကြောင့် အလွန်အကဲဆတ်နိုင်ပြီး စိုးရိမ်ပူပန်မှုခံစားရနိုင်ပါတယ်။အစတွင် ဤအပြုအမူများကို အသိအမှတ်ပြုပြီး ပြုပြင်နိုင်ဖို့က အရေးကြီးပါတယ်။
ယခုအခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျကနေ မိမိတို့ရဲ့ သားသားမီးမီး လေးတွေ ဘယ်လိုခံစားနေရလဲဆိုတာ သိရအောင် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
(၁) ကလေးတွေ ရန်လိုလာတဲ့အခါမှာ သင့်ကို ကိုက်ပါလိမ့်မယ်
ကလေးငယ်တွေမှာ ရန်လိုမှုေတွကို ၎င်းတို့၏ ဦးနှောက်ဖွံ့ဖြိုးမှုဖြင့် အလွယ်တကူ ရှင်းပြနိုင်ပါတယ်။ ကလေးရဲ့ ဦးနှောက်က တည်ဆောက်ေနဆဲဖြစ်ပါတယ်။ ဆင်ခြင်တုံတရားနှင့် ယုတ္တိတွေးခေါ်မှုစွမ်းရည်များကို တည်ဆောက်နေကြပါတယ်။
ကိုက်ခြင်းနှင့် ရန်လိုခြင်းက သင့်မိဘအုပ်ထိန်းမှုပုံစံအပေါ် အပျက်သဘောဆောင်တဲ့ ရောင်ပြန်ဟပ်မှုမဟုတ်ပါဘူး။ ကလေးငယ်ေတွက မိမိကိုယ်ကို ထိန်းချုပ်နိုင်ရန်အတွက် လုံလောက်တဲ့ ဦးနှောက်စွမ်းရည် မရှိေသးပါဘူး။
အကောင်းဆုံးနည်းလမ်းကေတာ့ –
သင့်ကလေးအတွက် သင့်လျော်တဲ့ အပြုအမူကို စံနမူနာယူနိုင်ပြီး တုံ့ပြန်မှုမှန်ကန်သည်အထိ ကလေးတွေကို ထပ်မံပြုလုပ်ဖို့ လေ့ကျင့်ပေးပါ ။
(၂) စိတ်အပြောင်းအလဲမြန်ပြီး ဒေါသထွက်တတ်ပါတယ်
မျက်ရည်များနှင့် အော်ဟစ်နေသည့် ဒရာမာဇာတ်ဝင်ခန်းတစ်ခုကဲ့သို့ ထင်ရသော်လည်း အမှန်တကယ်မှာေတာ့ ထိုအရာက ကလေးတွေဘဝပါ။ အပြာရောင်အစား ပန်းရောင်ခွက်တစ်လုံး ပေးလိုက်ရုံပါပဲ။သင့်ကလေး၏ စိတ်ခံစားမှုေတွက ပိုမိုရှုပ်ထွေးလာသော်လည်း ရင်ဆိုင်နိုင်စွမ်း မရှိသေးပါဘူး။
အကောင်းဆုံးနည်းလမ်းကေတာ့ –
စိတ်အေးလက်အေးဖြင့် ၎င်းတို့၏ စိတ်ပျက်မှုများကို ဖော်ပြခွင့်ပြုပါ၊ သို့သော် တစ်ချိန်တည်းတွင် ၎င်းတို့ကို အဆင်မပြေကြောင်း ပြသပါ ။ ၎င်းတို့၏ခံစားချက်များကို စွန့်ထုတ်ရန် အပြုသဘောဆောင်သည့်နည်းလမ်းအချို့ကို ပြသပြီး သူတို့၏ဖိနပ် ဒါမှမဟုတ် အစားအစာများကို ပစ်ပေါက်ခြင်းက အကောင်းဆုံးတုံ့ပြန်မှုမဟုတ်ကြောင်း အသိပေးပါ။
(၃) တစ်ခုခုလုပ်ဖို့ကို ငြင်းဆန်နေခြင်း
သင့်ကလေးက သူ့ရဲ့ဖိနပ်ေတွကို ပစ်ချခြင်း၊ ဝတ်ရန် ငြင်းဆန်ခြင်း ဒါမှမဟုတ် ကျောပိုးအိတ်ေတွကို ထုပ်ပိုးခြင်းမပြုခြင်းတို့ကို ပြသနေပြီဆိုလျှင် ပင်ပန်းနွမ်းနယ်နေပြီး အနားယူရန် အချိန်အနည်းငယ် လိုေနသည်ဟု ဆိုလိုခြင်းဖြစ်နိုင်ပါတယ်။
အကောင်းဆုံးနည်းလမ်းကေတာ့ –
သင့်ကလေးကို နေရာတိုင်းသို့ ဆွဲယူရန် မလိုအပ်ပါဘူး ။ အမျိုးမျိုးသော အတန်းများတက်ခိုင်းစေခြင်းမှာ ၎င်းတို့ကို အလုပ်ပိုလုပ်စေနိုင်သောကြောင့် ဖြစ်ပါတယ်။
(၄) အကယ်၍ သင့်ကလေးက ပတ်ပြေးနေပြီး ဂျစ်ကန်ကန် လုပ်နေမယ်ဆိုရင်
သင့်ကလေးက ရန်ဖြစ်ရန် ကြိုးစားခြင်း ဒါမှ မဟုတ် သင့်ပတ်ဝန်းကျင်တွင် တစ်ချိန်လုံး ပြေးလွှားနေသည့်အခါတွေမှာဆိုရင် သူတို့မှာ လုံလောက်တဲ့ လှုပ်ရှားမှုမရှိဘူးလို့ ဆိုလိုပါတယ်။ အပြင်ထွက်ကစားရန်၊ ခုန်ပေါက်ရန် ဒါမှမဟုတ် အခြားကလေးများနှင့် ဆက်သွယ်လိုကြောင်း ပြောပြရန် ကြိုးစားနေတဲ့ သဘောမျိုးဖြစ်ပါတယ်။
အကောင်းဆုံးနည်းလမ်းကေတာ့-
သင့်ကလေးအချိန်ဇယားကို စစ်ဆေးပါ ။ အားလပ်ချိန်အများကြီး ရှိမယ်ဆိုရင် အခြားကလေးများနှင့် ကစားမည့်အချိန်များကို စီမံခန့်ခွဲနိုင်ရန် ကြိုးစားေပးလိုက်ပါ။
(၅) အရုပ်တွေ ချိုးပစ်မယ်ဆိုရင်
သင့်ကလေးက အရုပ်ေတွကို ချိုးဖျက်ကာ ပြင်းပြင်းထန်ထန် ကစားနိုင်မယ် ဒါမှမဟုတ် အရုပ်ကိုပင် လျစ်လျူရှုေနမယ်ဆိုရင် ဒါက အိမ်မှာနေရတာ ငြီးငွေ့နေပြီဆိုတာ အချက်ပြတာ ဖြစ်ပါပါတယ်။ လမ်းလျှောက်သွားခြင်း ဒါမှမဟုတ် အခြားသော လှုပ်ရှားမှုများ ပြုလုပ်ချင်နေတာ ဖြစ်ပါလိမ့်မယ်။
အကောင်းဆုံးနည်းလမ်းကတော့ –
မတူညီတဲ့ လုပ်ဆောင်ချက်များကို အကြံပြုရန် ကြိုးစားပါ၊ ဒါပေမယ့် ဇွတ်အတင်း မတိုက်တွန်းပါနဲ့။ ဥပမာ၊ သင်ကိုယ်တိုင် ကိစ္စတစ်ခုခုကို စတင်ဦးဆောင်လိုက်ပြီး သင့်ကလေး အမှန်တကယ် ပါဝင်လာချင်အောင် လုပ်ဆောင်ပါ။
(၆) အရာရာတိုင်းကို ငြင်းဆန်နေမယ်ဆိုရင်
ကလေးတွေက အစာမစားခြင်း၊ သွားတိုက်ခြင်း ဒါမှမဟုတ် အိပ်စက်ဖို့ကို ငြင်းဆိုေနနိုင်ပါတယ်။ ထိုကဲ့သို့ အပြုအမူအမျိုးအစားက သင့်ကလေးကို အခြေအနေတစ်ခုအပေါ် မှာ အမှန်တကယ် ထိန်းချုပ်ဖို့လိုအပိေနသည့် လက္ခဏာမျိုးဖြစ်ပါတယ်။
အကောင်းဆုံးနည်းလမ်းကေတာ့-
ထိုအရာကို ငြင်းဆန်နေမယ်ဆိုရင် သင့်ကလေးအား ရွေးချယ်မှု 2 ခု ပေးတတ်ပါေစ။ ဥပမာအားဖြင့်၊ သူတို့ရဲ့အခန်းကို ယခုပင် သန့်ရှင်းရေးလုပ်မလား ဒါမှမဟုတ် လမ်းလျှောက်ပြီးနောက် လုပ်မလားဆိုပြီး ရွေးချယ်ခိုင်းသင့်ပါတယ်။
(၇) သင့်ကလေးက သင့်ကို လိမ်နေမယ်ဆိုရင်
ကလေးတွေက အချို့အရာများကို လိမ်လည်ခြင်း ဒါမှမဟုတ် ချဲ့ကားပြောဆိုနိုင်သော်လည်း ထိုသို့ မကြာခဏဖြစ်ခဲ့လျှင် လျစ်လျူရှုမေနသင့်ေတာ့ပါဘူး။
အကောင်းဆုံးနည်းလမ်းကတော့ –
မဆူမငေါက်ပါနဲ့။လိမ်ညာမှု၏ အရင်းမြစ်ကို ရှာဖွေနိုင်ေအာင် ကြိုးစားပါ။ နောက်ပြီး ထိုကဲ့သို့ မပြောသင့်ကြောင်း ရှင်းပြပေးပါ။
(၈) အကယ်၍ သင့်ကလေးက အခြားသူတစ်ဦးဦးကို ရိုက်နှက်နေမယ်ဆိုရင်
ကလေးတွေကဘ ပြင်းထန်တဲ့ စိတ်ခံစားချက်များကို ကိုင်တွယ်ဖြေရှင်းနည်းကို သင်ယူနိုင်ကြပါတယ်။ ကလေးတွေရဲ့ ပြောဆိုဆက်ဆံရေးနှင့် ကိုင်တွယ်ဖြေရှင်းနိုင်မှုစွမ်းရည်တွေက အသက် 5 နှစ်မတိုင်မီမှာ ဖွံ့ဖြိုးလာနိုင်စွမ်း လျော့နည်းပါတယ်။ ထို့အပြင် သင်၏မိဘအုပ်ထိန်းမှုပုံစံကလည်း ထိုကဲ့သို့တုံ့ပြန်မှုများကို အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။
အကောင်းဆုံးနည်းလမ်းကေတာ့ –
နီးစပ်သူတစ်ဦးဦးနှင့် သင့်ကလေးေတွနှင့် ပတ်သက်ပြီး ပြဿနာရှိခဲ့ဖူးပါသလား။ ငယ်စဉ်ကလေးဘဝတုန်းက အကျင့်မှားသွားရတဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ။ ဒါတွေကို တိတိကျကျ သိရအောင်လုပ်ပါ။
နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်။
Source Brightside
Written One Daily Media
zawgyi
စိတ္မေပ်ာ္မ႐ႊင္ ျဖစ္သည့္အခါတြင္ ကေလးငယ္မ်ား လုပ္ေလ့ရွိတဲ့ အေလ့အက်င့္မ်ား
လူႀကီးေတြလိုပဲ ကေလးေတြမွာလည္း အတက္အက်ဆိုတာ ရွိၾကပါတယ္။ သင္ယူမႈျပႆနာမ်ား ဒါမွမဟုတ္ ၎တို႔၏ မိသားစုပတ္ဝန္းက်င္ေၾကာင့္ အလြန္အကဲဆတ္ႏိုင္ၿပီး စိုးရိမ္ပူပန္မႈခံစားရႏိုင္ပါတယ္။အစတြင္ ဤအျပဳအမူမ်ားကို အသိအမွတ္ျပဳၿပီး ျပဳျပင္ႏိုင္ဖို႔က အေရးႀကီးပါတယ္။
ယခုအခါမွာေတာ့ ကြၽန္ေတာ္တို႔ေပ့ခ္်ကေန မိမိတို႔ရဲ႕ သားသားမီးမီး ေလးေတြ ဘယ္လိုခံစားေနရလဲဆိုတာ သိရေအာင္ ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။
(၁) ကေလးေတြ ရန္လိုလာတဲ့အခါမွာ သင့္ကို ကိုက္ပါလိမ့္မယ္
ကေလးငယ္ေတြမွာ ရန္လိုမႈေတြကို ၎တို႔၏ ဦးေႏွာက္ဖြံ႕ၿဖိဳးမႈျဖင့္ အလြယ္တကူ ရွင္းျပႏိုင္ပါတယ္။ ကေလးရဲ႕ ဦးေႏွာက္က တည္ေဆာက္ေနဆဲျဖစ္ပါတယ္။ ဆင္ျခင္တုံတရားႏွင့္ ယုတၱိေတြးေခၚမႈစြမ္းရည္မ်ားကို တည္ေဆာက္ေနၾကပါတယ္။
ကိုက္ျခင္းႏွင့္ ရန္လိုျခင္းက သင့္မိဘအုပ္ထိန္းမႈပုံစံအေပၚ အပ်က္သေဘာေဆာင္တဲ့ ေရာင္ျပန္ဟပ္မႈမဟုတ္ပါဘူး။ ကေလးငယ္ေတြက မိမိကိုယ္ကို ထိန္းခ်ဳပ္ႏိုင္ရန္အတြက္ လုံေလာက္တဲ့ ဦးေႏွာက္စြမ္းရည္ မရွိေသးပါဘူး။
အေကာင္းဆုံးနည္းလမ္းကေတာ့ –
သင့္ကေလးအတြက္ သင့္ေလ်ာ္တဲ့ အျပဳအမူကို စံနမူနာယူႏိုင္ၿပီး တုံ႔ျပန္မႈမွန္ကန္သည္အထိ ကေလးေတြကို ထပ္မံျပဳလုပ္ဖို႔ ေလ့က်င့္ေပးပါ ။
(၂) စိတ္အေျပာင္းအလဲျမန္ၿပီး ေဒါသထြက္တတ္ပါတယ္
မ်က္ရည္မ်ားႏွင့္ ေအာ္ဟစ္ေနသည့္ ဒရာမာဇာတ္ဝင္ခန္းတစ္ခုကဲ့သို႔ ထင္ရေသာ္လည္း အမွန္တကယ္မွာေတာ့ ထိုအရာက ကေလးေတြဘဝပါ။ အျပာေရာင္အစား ပန္းေရာင္ခြက္တစ္လုံး ေပးလိုက္႐ုံပါပဲ။သင့္ကေလး၏ စိတ္ခံစားမႈေတြက ပိုမိုရႈပ္ေထြးလာေသာ္လည္း ရင္ဆိုင္ႏိုင္စြမ္း မရွိေသးပါဘူး။
အေကာင္းဆုံးနည္းလမ္းကေတာ့ –
စိတ္ေအးလက္ေအးျဖင့္ ၎တို႔၏ စိတ္ပ်က္မႈမ်ားကို ေဖာ္ျပခြင့္ျပဳပါ၊ သို႔ေသာ္ တစ္ခ်ိန္တည္းတြင္ ၎တို႔ကို အဆင္မေျပေၾကာင္း ျပသပါ ။ ၎တို႔၏ခံစားခ်က္မ်ားကို စြန႔္ထုတ္ရန္ အျပဳသေဘာေဆာင္သည့္နည္းလမ္းအခ်ိဳ႕ကို ျပသၿပီး သူတို႔၏ဖိနပ္ ဒါမွမဟုတ္ အစားအစာမ်ားကို ပစ္ေပါက္ျခင္းက အေကာင္းဆုံးတုံ႔ျပန္မႈမဟုတ္ေၾကာင္း အသိေပးပါ။
(၃) တစ္ခုခုလုပ္ဖို႔ကို ျငင္းဆန္ေနျခင္း
သင့္ကေလးက သူ႔ရဲ႕ဖိနပ္ေတြကို ပစ္ခ်ျခင္း၊ ဝတ္ရန္ ျငင္းဆန္ျခင္း ဒါမွမဟုတ္ ေက်ာပိုးအိတ္ေတြကို ထုပ္ပိုးျခင္းမျပဳျခင္းတို႔ကို ျပသေနၿပီဆိုလွ်င္ ပင္ပန္းႏြမ္းနယ္ေနၿပီး အနားယူရန္ အခ်ိန္အနည္းငယ္ လိုေနသည္ဟု ဆိုလိုျခင္းျဖစ္ႏိုင္ပါတယ္။
အေကာင္းဆုံးနည္းလမ္းကေတာ့ –
သင့္ကေလးကို ေနရာတိုင္းသို႔ ဆြဲယူရန္ မလိုအပ္ပါဘူး ။ အမ်ိဳးမ်ိဳးေသာ အတန္းမ်ားတက္ခိုင္းေစျခင္းမွာ ၎တို႔ကို အလုပ္ပိုလုပ္ေစႏိုင္ေသာေၾကာင့္ ျဖစ္ပါတယ္။
(၄) အကယ္၍ သင့္ကေလးက ပတ္ေျပးေနၿပီး ဂ်စ္ကန္ကန္ လုပ္ေနမယ္ဆိုရင္
သင့္ကေလးက ရန္ျဖစ္ရန္ ႀကိဳးစားျခင္း ဒါမွ မဟုတ္ သင့္ပတ္ဝန္းက်င္တြင္ တစ္ခ်ိန္လုံး ေျပးလႊားေနသည့္အခါေတြမွာဆိုရင္ သူတို႔မွာ လုံေလာက္တဲ့ လႈပ္ရွားမႈမရွိဘူးလို႔ ဆိုလိုပါတယ္။ အျပင္ထြက္ကစားရန္၊ ခုန္ေပါက္ရန္ ဒါမွမဟုတ္ အျခားကေလးမ်ားႏွင့္ ဆက္သြယ္လိုေၾကာင္း ေျပာျပရန္ ႀကိဳးစားေနတဲ့ သေဘာမ်ိဳးျဖစ္ပါတယ္။
အေကာင္းဆုံးနည္းလမ္းကေတာ့-
သင့္ကေလးအခ်ိန္ဇယားကို စစ္ေဆးပါ ။ အားလပ္ခ်ိန္အမ်ားႀကီး ရွိမယ္ဆိုရင္ အျခားကေလးမ်ားႏွင့္ ကစားမည့္အခ်ိန္မ်ားကို စီမံခန႔္ခြဲႏိုင္ရန္ ႀကိဳးစားေပးလိုက္ပါ။
(၅) အ႐ုပ္ေတြ ခ်ိဳးပစ္မယ္ဆိုရင္
သင့္ကေလးက အ႐ုပ္ေတြကို ခ်ိဳးဖ်က္ကာ ျပင္းျပင္းထန္ထန္ ကစားႏိုင္မယ္ ဒါမွမဟုတ္ အ႐ုပ္ကိုပင္ လ်စ္လ်ဴရႈေနမယ္ဆိုရင္ ဒါက အိမ္မွာေနရတာ ၿငီးေငြ႕ေနၿပီဆိုတာ အခ်က္ျပတာ ျဖစ္ပါပါတယ္။ လမ္းေလွ်ာက္သြားျခင္း ဒါမွမဟုတ္ အျခားေသာ လႈပ္ရွားမႈမ်ား ျပဳလုပ္ခ်င္ေနတာ ျဖစ္ပါလိမ့္မယ္။
အေကာင္းဆုံးနည္းလမ္းကေတာ့ –
မတူညီတဲ့ လုပ္ေဆာင္ခ်က္မ်ားကို အႀကံျပဳရန္ ႀကိဳးစားပါ၊ ဒါေပမယ့္ ဇြတ္အတင္း မတိုက္တြန္းပါနဲ႔။ ဥပမာ၊ သင္ကိုယ္တိုင္ ကိစၥတစ္ခုခုကို စတင္ဦးေဆာင္လိုက္ၿပီး သင့္ကေလး အမွန္တကယ္ ပါဝင္လာခ်င္ေအာင္ လုပ္ေဆာင္ပါ။
(၆) အရာရာတိုင္းကို ျငင္းဆန္ေနမယ္ဆိုရင္
ကေလးေတြက အစာမစားျခင္း၊ သြားတိုက္ျခင္း ဒါမွမဟုတ္ အိပ္စက္ဖို႔ကို ျငင္းဆိုေနႏိုင္ပါတယ္။ ထိုကဲ့သို႔ အျပဳအမူအမ်ိဳးအစားက သင့္ကေလးကို အေျခအေနတစ္ခုအေပၚ မွာ အမွန္တကယ္ ထိန္းခ်ဳပ္ဖို႔လိုအပိေနသည့္ လကၡဏာမ်ိဳးျဖစ္ပါတယ္။
အေကာင္းဆုံးနည္းလမ္းကေတာ့-
ထိုအရာကို ျငင္းဆန္ေနမယ္ဆိုရင္ သင့္ကေလးအား ေ႐ြးခ်ယ္မႈ 2 ခု ေပးတတ္ပါေစ။ ဥပမာအားျဖင့္၊ သူတို႔ရဲ႕အခန္းကို ယခုပင္ သန႔္ရွင္းေရးလုပ္မလား ဒါမွမဟုတ္ လမ္းေလွ်ာက္ၿပီးေနာက္ လုပ္မလားဆိုၿပီး ေ႐ြးခ်ယ္ခိုင္းသင့္ပါတယ္။
(၇) သင့္ကေလးက သင့္ကို လိမ္ေနမယ္ဆိုရင္
ကေလးေတြက အခ်ိဳ႕အရာမ်ားကို လိမ္လည္ျခင္း ဒါမွမဟုတ္ ခ်ဲ႕ကားေျပာဆိုႏိုင္ေသာ္လည္း ထိုသို႔ မၾကာခဏျဖစ္ခဲ့လွ်င္ လ်စ္လ်ဴရႈမေနသင့္ေတာ့ပါဘူး။
အေကာင္းဆုံးနည္းလမ္းကေတာ့ –
မဆူမေငါက္ပါနဲ႔။လိမ္ညာမႈ၏ အရင္းျမစ္ကို ရွာေဖြႏိုင္ေအာင္ ႀကိဳးစားပါ။ ေနာက္ၿပီး ထိုကဲ့သို႔ မေျပာသင့္ေၾကာင္း ရွင္းျပေပးပါ။
(၈) အကယ္၍ သင့္ကေလးက အျခားသူတစ္ဦးဦးကို ႐ိုက္ႏွက္ေနမယ္ဆိုရင္
ကေလးေတြကဘ ျပင္းထန္တဲ့ စိတ္ခံစားခ်က္မ်ားကို ကိုင္တြယ္ေျဖရွင္းနည္းကို သင္ယူႏိုင္ၾကပါတယ္။ ကေလးေတြရဲ႕ ေျပာဆိုဆက္ဆံေရးႏွင့္ ကိုင္တြယ္ေျဖရွင္းႏိုင္မႈစြမ္းရည္ေတြက အသက္ 5 ႏွစ္မတိုင္မီမွာ ဖြံ႕ၿဖိဳးလာႏိုင္စြမ္း ေလ်ာ့နည္းပါတယ္။ ထို႔အျပင္ သင္၏မိဘအုပ္ထိန္းမႈပုံစံကလည္း ထိုကဲ့သို႔တုံ႔ျပန္မႈမ်ားကို အက်ိဳးသက္ေရာက္မႈ ရွိႏိုင္ပါတယ္။
အေကာင္းဆုံးနည္းလမ္းကေတာ့ –
နီးစပ္သူတစ္ဦးဦးႏွင့္ သင့္ကေလးေတြႏွင့္ ပတ္သက္ၿပီး ျပႆနာရွိခဲ့ဖူးပါသလား။ ငယ္စဥ္ကေလးဘဝတုန္းက အက်င့္မွားသြားရတဲ့ အေၾကာင္းအရင္းေတြက ဘာေတြလဲ။ ဒါေတြကို တိတိက်က် သိရေအာင္လုပ္ပါ။
ေနာင္လည္း ကြၽန္ေတာ္တို႔ One Daily Pageမွ အေၾကာင္းအရာမ်ိဳးစုံကို စိတ္ဝင္စားဖြယ္တင္ဆက္ေပးသြားမွာျဖစ္လို႔ Like and Followေလးျပဳလုပ္ထားသင့္ပါတယ္ေနာ္။