Fri. Jan 21st, 2022

လွန်ခဲ့သည့်တစ်နှစ်က အင်တာနက်ပေါ်မှလူအများကို အံ့အားသင့်စေခဲ့သည့် ထူးဆန်းသောအမွှာ

2017 ခုနှစ်တွင် လူများစွာအကြား Lara နှင့် Mara Bawar အမွှာများ၏ဓာတ်ပုံများပျံ့နှံ့သွားပြီး ရေပန်းစားခဲ့ပါတယ် ။ အံ့သြစရာမဟုတ်ပါဘူးယ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် စစ်မှန်သော အလှတရား၏ ကွဲပြားမှုကို ပြသပြီး ကျွန်ုပ်တို့၏ အထူးအင်္ဂါရပ်များကို ဘုရားပေးလက်ဆောင်တစ်ခုဖြစ်ကြောင်း သက်သေပြနိုင်သောကြောင့်ဖြစ်ပါတယ်။ ကောင်မလေးတွေက ဒီနေ့အထိ ဖက်ရှင်လောကထဲမှာ အချိန်အတော်ကြာအောင် နေနိုင်ခဲ့ပြီး မကြာသေးခင်ကမှ သူတို့ရဲ့ အံ့အားသင့်စေမယ့် ဓါတ်ပုံများစွာနဲ့ ပရိသတ်တွေရှေ့ပေါ်လာခဲ့ပါတယ်။

ကျွန်ုပ်တို့ကလည်း Lara၊ Mara နှင့် Sheila ၏ Instagram စာမျက်နှာကို စောင့်ကြည့်နေသည်မှာ ကြာပါပြီ။ သူတို့ရဲ့ ပုံအသစ်တွေကို ကြည့်လိုက်ပါ။

Lara နှင့် Mara တို့ကို နာမည်ကြီးစေသည့် ဓာတ်ပုံကတော့ “Rare Flowers” ဟုခေါ်ပါတယ်။ Albino အမြွှာများသည် အမှန်တကယ် အလွန်ရှားပါးပါတယ်။ စာရင်းဇယားများအရ၊ albino ကလေးမွေးဖွားနိုင်ခြေသည် 1:17,000 ဖြစ်ပြီး အမြွှာဖြစ်နိုင်ခြေဆိုလျှင် ပို၍ပင် နည်းပါးသွားပါလိမ့်မယ်။

ဤမိန်းကလေးများသည် သာမန်မိသားစုမှ မွေးဖွားလာခဲ့ကြပြီး Vinicius Terranova ၏ ကျေးဇူးကြောင့် တစ်ကမ္ဘာလုံးက ၎င်းတို့အကြောင်း သိရှိလာခဲ့ကြပါတယ်။

ယခု Lara၊ Mara နှင့် Sheila တို့သည် Nike၊ Moschino နှင့် Bazaar Kids တို့နှင့်အတူ အလုပ်လုပ်နေပါတယ်။ မကြာသေးမီက Malaville ကုမ္ပဏီသည် ၎င်းတို့ညီအစ်မများနှင့်တူသော အရုပ်များကို ထုတ်ပေးခဲ့ပြီး ဝယ်ယူသူ မိန်းကလေးများအတွက် Barbie သို့မဟုတ် Lara၊ Mara နှင့် Sheila တို့ကို ရွေးချယ်ခွင့်ရှိပါတယ်။

ယနေ့ခေတ်ကမ္ဘာတွင် Albino လူများသည် ခွဲခြားဆက်ဆံခံရဆဲဖြစ်ပြီး အဆိုးဆုံးအခြေအနေမှာ အာဖရိကနိုင်ငံများတွင် ဤမျိုးရိုးဗီဇရောဂါရှိသူများကို ကျိန်စာသင့်သည်ဟု ယုံကြည်ကြသည့် ဓလေ့ထုံးတမ်းများပဲဖြစ်ပါတယ်။

Lara နှင့် Mara တို့က albino ဖြစ်ခြင်းအတွက် ခွဲခြားခံရမှုကို လျော့နည်းလာအောင် ကြိုးစားခဲ့ပါတယ် ။ ဒါဟာ ၎င်းတို့၏ အရေးကြီးသော ရည်မှန်းချက်ပါပဲ။

Albinos များသည် အလင်းရောင်ကို မထိတွေ့နိုင်စွမ်းနှင့် အားနည်းသော မျက်လုံးများကို ရင်ဆိုင်ရလေ့ရှိပါတယ်။ ဒါကြောင့် ဖလက်ရှ်ပါတဲ့ ဓာတ်ပုံတစ်ပုံတောင်မှပဲ albino လူတွေအတွက် ကြီးမားတဲ့ကိစ္စပါ။ ပုံအများစုတွင် Lara နှင့် Mara ၏မျက်လုံးများကိုမှိတ်ထားခြင်းက ဒါကို ပို၍ထင်သာစေပါတယ်။

ငယ်ရွယ်သော်လည်း (၁၂ နှစ်အရွယ်) ၎င်းတို့သည် လူများစွာကို လှုံ့ဆော်ပေးနိုငိပါတယ်။ ထိုမိန်းကလေးများ၏ ဓာတ်ပုံအသစ်တိုင်းမှ မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းများက အထင်ကြီးလောက်စရာ နောက်ထပ်သက်သေတစ်ခုဖြစ်ပါတယ်။

“မတူကွဲပြားမှုတွေက အရမ်းလှတယ် လူတိုင်းက တူညီတဲ့ ကမ္ဘာတစ်ခုကို မျော်လင့်နေလို့ မရဘူး” လို့ အမွှာညီအစ်မတွေ Instagram စာမျက်နှာမှာ ရေးခဲ့တဲ့ ဒီပို့စ်က အရမ်းမှန်ပါတယ်။

ဒါက သူတို့ဇာတ်လမ်းရဲ့အစပဲဖြစ်ပြီး သူတို့ရဲ့အလှ၊ သတ္တိ၊ ဇွဲလုံ့လတွေကြောင့် ကမ္ဘာကိုအကြိမ်ကြိမ် အံ့အားသင့်သွား စေမယ်ဆိုတာ လုံးဝသေချာပါတယ်။

Lara၊ Mara နှင့် Sheila တို့သည် ချစ်စရာကလေးများသာမကဘဲ မိမိတို့ကိုယ်ကိုဖြစ်တည်မှုကို ကြောက်တတ်သော သန်းနှင့်ချီသော မိန်းကလေးများအတွက် စံနမူနာပြဖြစ်နေသောကြောင့် နောင်တွင် ထိုညီအစ်မများ ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာက အမှန်တကယ် စိတ်ဝင်စားစရာပါပဲ။


သူတို့ပုံတွေထဲက ဘယ်ပုံတွေကို သင်အကြိုက်ဆုံးလဲ။ အောက်ဖော်ပြပါ မှတ်ချက်ကဏ္ဍတွင် ကျွန်ုပ်တို့အား ပြောပြခဲ့ပေးပါဦး။

Source Brightside

Written One Daily Media

One Daily Media Copyright © 2021

ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *