Fri. Jan 21st, 2022

ယောဂကျင့်ခြင်းအပေါ် ဝါသနာတူသည့်သားအမိနှစ်ဦးကြားမှ သံယောဇဉ်နှောင်ကြိုး

ယောဂဟာ လူတို့၏ စိတ်နှင့် ခန္ဓာကိုယ်ကို ချိတ်ဆက်ပေးရာတွင် လူသိများသော စည်းကမ်းတစ်ခုဖြစ်ပါတယ်။ ဤ‌ ဆောင်းပါးမှာတော့ နက်နဲသော ယောဂလမ်းစဥ်များဖြင့် မိခင်နှင့်သမီးကို ချိတ်ဆက် ပေးသောပုံများဖြစ်ပါတယ်။ ယောဂကျင့်စဉ်ကို ချစ်နှစ်သက်ခြင်းနှင့်အတူ လော်ရာနှင့် သူမ၏ သမီးဟာ အခက်ခဲဆုံး ကိုယ်ဟန်အနေအထားများကို ကျွမ်းကျင်ရုံသာမက ၎င်းတို့ကြားက နှောင်ကြိုးကိုပင် ခိုင်မာလာစေပါတယ်။

ကျွန်ုပ်တို့က ယောဂဟာ ထိုသားအမိတို့၏ ဆက်ဆံရေးကို အဘယ်ကြောင့် စိတ်အားထက်သန်စေသနည်းဟူသည့် အထောက်အထားများကို စုဆောင်းထားပါတယ်။

— စတင်ဖြစ်ခဲ့ပုံ

Laura Kasperzak သည် ယောဂနည်းပြဆရာမ၊ ကြံ့ခိုင်ရေးလေ့ကျင့်ရေးဆရာမ၊ အကသမားဖြစ်ပြီး Instagram တွင်သူမ၏ကိုယ်‌ရေးဒိုင်ယာရီကို 2012 တွင် စတင်ခဲ့ကာ သူမ၏ အရေးကြီးဆုံးအလုပ်မှာ ယောဂအဖြစ် ရပ်တည်ခဲ့သော မိခင်တစ်ဦးဖြစ်ပါတယ် ။ထို့နောက် သူမသည် Instagram ပေါ်ရှိ ထောင်နှင့်ချီသောလူများသာမက သူမ၏ငမီးဖြစ်သူ Jayden ဆီကနေပါ အထူး အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။သူ့အမေလေ့ကျင့်မှုကို စတင်မြင်တွေ့ပြီးသည်နှင့် စိတ်ဝင်စားလာပြီး သူမ၏နေ့စဉ်လုပ်ရိုးလုပ်စဉ်များ၏ အစိတ်အပိုင်းတစ်ခုဖြစ်ချင်လာပါတော့တယ်။

— မိခင်ဖြစ်သူ၏ ကိုယ်နေဟန်ပန်များကို တုပပြကာ အံ့အားသင့်စေခဲ့သူ

စူးစမ်းချင်စိတ်ကြောင့် အသက် 4 နှစ်တွင်၊ Jayden သည် သူ့အမေလုပ်သည်များကို စမ်းသပ်ကြည့်ရင်း နှစ်သက်လာကြောင်း တွေ့ရှိခဲ့ရပါတယ်။ လော်ရာသည် သူ့သမီး၏ အရည်အချင်းကို သတိပြုမိပြီး ယောဂသည် တစ်ကိုယ်တော် လှုပ်ရှားနိုင်သော်လည်း သူ့သမီးနှင့် အတူ ပျော်ရွှင်နိုင်သည်ကိုလည်း သူမ သဘောပေါက်ခဲ့ပါတယ်။ ထို့ကြောင့် ယောဂကျင့်စဉ်နှင့်အတူ ထူးခြားသော ဓာတ်ပုံများဖြင့် သူမတို့သားအမိ၏ နှောင်ကြိုးများကို ကမ္ဘာအား မျှဝေရန် ဆုံးဖြတ်လိုက်ပုံရပါတယ်။

— ယခင်နှင့်ယခု

၎င်းတို့၏ လိုက်လျောညီထွေရှိလှသည့် ဓာတ်ပုံများ ပြသခြင်းမတိုင်မီနှင့် ပြသအပြီးတွင် ၎င်းတို့၏ပရိတမသတ်များကို အလွန်အံ့အားသင့်စေခဲ့ပါတယ် ။ ထိုချစ်စရာကောင်းသော ပုံရိပ်များဟာ နှိုင်းယှဥ်ရုံသက်သက်ထက် ၎င်းတို့ဘဝဇာတ်လမ်းအတွက် ပို၍အဓိပ္ပာယ်ရှိပါတယ်။

“အခု အကောင်းဆုံးကတော့ ကျွန်မ သမီးလေးရဲ့ တိုးတက်မှုကို မြင်တွေ့လာရတာပါပဲ။ ဒီပုံ တွေကို ၂ နှစ်ခြားပြီး ရိုက်ထားတာပါ။ @minilaurasykora ကများစွာ တိုးတက်ဖွံ့ဖြိုးလာပါပြီ” ဟုသူမကဆိုပါတယ်။

— ယောဂဆိုတာ ဘာကို ဆိုလိုတာလဲ

Classic handstand မှသည် the flying bow အထိ သူမတို့ နှစ်ယောက် မစမ်းကြည့်ရသေးသော အနေအထားတစ်ခုမျှ မရှိပါဘူး။ ယောဂသည် အခြားသောအရာများကဲ့သို့ပင် ကတိကဝတ်နှင့် ဇွဲလုံ့လ လိုအပ်ပါတယ်။ လော်ရာနှင့် သူ့သမီး၏ ဓာတ်ပုံများတွင် သူတို့မျက်နှာများကို မြင်သူတိုင်းအတွက် စိတ်အားထက်သန်လာစေပြီး လွယ်ကူပုံပေါက်စေပါတယ်။

— ဓာတ်ပုံများထဲမှ သားအမိနှောင်ကြိုး

ဤဆောင်းပါးတွင် ကျွန်ုပ်တို့ပြောနေသည့် အထူးနှောင်ကြိုးကို အခြားလေးနက်သော စကားလုံးများဖြင့် ဖော်ပြရန်စကားလုံးရှာမတွေ့ပါဘူး။ ဒါကြောင့် သူတို့ရဲ့ကိုယ်ပိုင်ဇာတ်လမ်းတွေကို ပြောပြ နေတဲ့ ဓာတ်ပုံအချို့ကိုပဲ သင့်အား ပြသလိုက်ပါတယ်။

— အရာအားလုံးက ပျော်ဖို့ပါပဲ

သူတို့ စတင်လေ့ကျင့်သောအခါတွင် အတူတကွ အချိန်ဖြုန်းရခြင်းဟူသော ရည်ရွယ်ချက်အတွက် ၎င်းကို အမြဲတမ်းပြုလုပ်ခဲ့ပါတယ် ။ သင့်ကလေးများပါဝင်လာစေရန် လျှို့ဝှက်ချက်မှာ ရိုးရှင်းမှုကို လော်ရာကအခြားမိခင်များအား မျှဝေထားပါတယ် ။ အစမှစတင်အားထုတ်ပြီး သငမလုပ်ဆောင်နေသည့်အရာများကို မျှဝေပါ။ သူတို့စိတ်ဝင်စားသာ့်အရာမှလွဲပြီး ဘာကိုမှ မမျှော်လင့်ပါနဲ့ ၊ မတိုက်တွန်းပါနဲ့၊ ပျော်ရွှင်လိုက်ပါ။

— လုပ်ငန်းစဉ်ကို ယုံကြည်ခြင်း

— အမေအား သင်ကြားရခြင်းကို နှစ်သက်သည့်သမီးငယ်

Jayden က ဆရာနှင့် ကျောင်းသားအခန်းကဏ္ဍအဖြစ် သူ့အမေကို စိန်ခေါ်ရခြင်းများကို နှစ်သက်ပါတယ်။ ယောဂလေ့ကျင့်ရေးဆရာဖြစ်လာရန် အသက်အရွယ်ဟာ အရေးမကြီးကြောင်းသက်သေပြပြီး ဟန်ချက်ညီသော အနေအထားများကို ခံနိုင်ရည်ရှိအောင် ကြိုးစားနိုင်တဲ့ သမီးငယ်၏ စိန်ခေါ်မှုအချို့ကြောင့် လော်ရာဟာ အခက်အခဲတချို့ပင် တွေ့ရပါတယ်။ ဒါပေမယ့် ရလဒ်တွေက စမ်းကြည့်ရကျိုးနပ်ပါတယ်။

— အခက်ခဲဆုံး ကိုယ်နေဟန်ထားများကို ကျွမ်းကျင်ခြင်း

 

— အမြင်ထက် ပိုမိုလွယ်ကူအောင် ပြုလုပ်ပါ။

— သူတို့က အချင်းချင်း အတုယူကာ နှိုးဆော်တိုက်တွန်းကြပါတယ်

— ဝါသနာတစ်ခုအနေဖြင့် စတင်ခဲ့ရာ ယခုအခါ အချိန်ပြည့်စ်ိတ်အားထက်သန်နေကြပါပြီ

 

Bonus: အကနည်းပြမေမေ

 

ယောဂလေ့ကျင့်ခြင်းမှ အကအထိ Jayden အား အကပြိုင်ပွဲအမျိုးမျိုးအတွက် ပါဝင်လေ့ကျင့်ပေးခြင်းဖြင့် ၎င်း၏မိခင်က အမြဲတမ်း ပံ့ပိုးကူညီနေပါတယ်။ #DanceMom ဟူသော hashtags ဖြင့် သူမက ပရိသတ်များအား မိခင်တစ်ဦးဖြစ်ခြင်း၏ စွန့်စားခန်းများအကြောင်း ပြောပြထားပါတယ်။

— သံယောဇဉ်နှောင်ကြိုးများ နေ့တိုင်းတည်ဆောက်‌ နေသည့် သားအမိနှစ်ဦး

သင့်သမီး သို့မဟုတ် သားနှင့် ပိုမိုရင်းနှီးလာစေရန် အထူးလုပ်ဆောင်မှုတစ်ခုခု ရှိပါသလား။ အဲဒီလှုပ်ရှားမှုတွေက ဘာတွေလဲ။ သင့်ဇာတ်လမ်း ကြောင်းကိုလည်းကျွန်ုပ်တို့သိလိုပါတယ်။

သင့်ရဲ့ အမိုက်စား ဓာတ်ပုံများ သို့မဟုတ် ဇာတ်လမ်းအချို့ကို ဖော်ပြလိုပါသလား။ ဖော်ပြလိုသည်များကို ကျွန်ုပ်တို့ထံ ပို့လိုက်လို့ရပါတယ်။

 

SourceBrightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *